Thursday, September 6, 2012

အင်းလေးနှင့် အခြားဒေသဖွံ့ဖြိုးရေး အီးယူကန်ဒေါ်လာ ၃ သန်း ကူမည်ဟုဆို

 From- Popular Myanmar News Journal
အင်းလေးနှင့် အခြားဒေသ များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အီးယူမှ အမေရိကန်ဒေါ်လာ ၃ သန်းကူညီရန် ရှိသည်ဟု အီးယူ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာမင်းထွဋ်ရင်မှ ဆွေးနွေး ခဲ့ပြောကြားခဲ့ကြောင်း အင်းစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးမှ ဦးတက်ထွန်းက ပြောသည်။ ယင်းကဲ့သို့ ဆွေးနွေးရာတွင် အီးယူအနေနှင့် အင်းလေးဒေသ တွင်သာမက အခြားဒေသများ၏ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုး တက်စေရန် ထောက်ပံ့ငွေပေးဖို့ သေချာသလောက် ရှိနေပြီဖြစ် ကြောင်း ဦးတက်ထွန်းမှ ပြော သည်။၎င်းတို့အင်းစာပေ၊ ယဉ်ကျေး မှုနှင့် ဒေသ ဖွံ့ဖြိုးရေးအဖွဲ့အနေ နှင့် လက်ရှိတွင် လက်ရှိတွင် နော်ဝေ၏ ထောက် ပံ့မှုဖြင့် ညောင်ရွှေရှိ အဆောက်အဦး၊ eco tourism, water collection စ သည်များကိုဆောင်ရွက်နေကြောင်း သိရသည်။ ၄င်းစီမံကိန်းတွင်
နော်ဝေမှ အမေရိကန်ဒေါ်လာ ၂ သန်း၊ UN မှ အမေရိကန်ဒေါ်လာ ၆ သိန်းဖြင့် စုစုပေါင်းအမေရိကန် ဒေါ်လာ ၂ ဒသမ ၆ အကူအညီ ရရှိထားကြောင်း သိရသည်။အင်းလေးကန်သည် မြေ တိုင်းမြေပုံအရ ၁၉၃၄ ခုနှစ်တွင် ၁ဝ၄ စတုရန်းမိုင်၊ ၂ဝဝ၅ ခုနှစ် တွင် ၈၇ ဒသမ ၅၄ စတုရန်းမိုင်၊ ၂ဝဝ၇ ခုနှစ်တွင် ၆၃ စတုရန်းမိုင် သာရှိတော့ကြောင်း ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။

မိုးငယ်

No comments:

Post a Comment