Thursday, September 6, 2012

KIA က မိုးညှင်းမြို့နယ်အတွင်းရှိ ကိုင်းမွေးပင်စိုက်ပျိုးသူများထံမှ ဆက်ကြေးကောက်

From- KDN
KIA မှ မိုးညှင်းမြို့နယ် အတွင်းရှိ ကိုင်းမွှေးပင်(စပါးလင်နှင့်ဆင်တူပြီးအဆီထုတ်၍ အကြော နှင့်ပတ်သက် သည့် ဆေးများထုတ်လုပ်နိုင်) စိုက်ပျိုးသည့် မိုးဒါးစုရပ်ကွက်ရှိ တောင်သူ(၆)၊ ရွာသစ်ကုန်းရပ်ကွက် မှ တောင်သူ(၂)ဦး နှင့် အခြားတောင်သူ (၃)ဦး စုစုပေါင်း (၁၁)ဦးထံမှ တစ်ဦးလျှင် တစ်နှစ်စာ ကျပ်(၁)သိန်းစီ ဆက်ကြေး ကောက်ခံ သွားကြောင်း သိရှိရပါတယ်။ အဆိုပါတောင်သူ(၁၁)ဦးအပြင် မိုးညှင်းမြို့နယ်အတွင်းရှိ အခြားသော တောင်သူများထံမှလည်း ၄င်းတို့ KIA တပ်ရင်းတွင် လိုအပ်သည့် ရိက္ခာနှင့် ပစ္စည်းများအား အမြဲတမ်းလာရောက်တောင်းခံနေတယ်လို့ မိုးညှင်း မြို့နယ် မိုးဒါးစုရပ်ကွက်ရှိ ဒေသခံတစ်ဦးမှ ပြောဆိုခဲ့ပါတယ်။


No comments:

Post a Comment