မကြာသေးမီက
မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ဆန္ဒပြခဲ့
သော မိုးထိ၊ မိုးမိတောင်မှ ရွှေ လုပ်သားများအား အမျိုးသားကြီး
ပွားတိုးတက်ရေး ကုမ်္ပဏီက နစ်နာကြေးအဖြစ် သိန်း (၂၇၄၁) ပြန်လျော်
ပေးပြီးပြီဖြစ်ကြောင်း သိရှိရသည်။ မိုးထိ၊ မိုးမိ ရွှေလုပ် သားတစ်ဦးဖြစ်သူ
ကိုမျိုးမင်း သိန်းက အဆိုပါကဲ့သို့ ဆန္ဒပြ ခြင်းနှင့်ပတ်သက်ပြီး ပြောကြား
ရာတွင် ““ကျွန်တော်တို့ ဒီလို အင်း တွေကို လုပ်တော့ တစ်အင်းကို
(၁၅)ယောက်နှုန်းလောက် သုံး တယ်။ နှစ်ဆိုင်းခွဲပြီးတော့ပေါ့။ အခုဆို
ကျွန်တော်တို့လုပ်လာတာမိုးထိ၊ မိုးမိတောင်မှ အဆို ပါကဲ့သို့နစ်နာခဲ့သော ရွှေလုပ် သားများအတွက် လုပ်ငန်းအ လိုက် အနည်းဆုံး ငါးသိန်းမှ အများဆုံး သိန်းသုံးရာအထိပေး လျော်ခဲ့ကြောင်း အမျိုးသားကြီး ပွားတိုးတက်ရေးကုမ်္ပဏီမှ အထွေ ထွေမန်နေဂျာ ဦးထွန်းအောင်က ပြောကြားသည်။ ““၂၀၁၁ခုနှစ် (၉)လပိုင်းမှာ ဒီကုမ္ပဏီက လေလံ စ,အောင်တာဖြစ်ပါတယ်။ ငါးနှစ် ကို ၅.၅၇နဲ့ လေလံအောင်တယ်။ အစ်ကိုတို့ လေလံအောင်ပြီးတာ နဲ့ ၂၀၁၁ ခုနှစ် (၁၀)လပိုင်းမှာ ဒီစီမံကိန်းကြီးကို အကောင်အ ထည်ဖော်တယ်။ သတ္တုတွင်း ၀န် ကြီးဌာနနဲ့ အကျိုးတူ ခွဲဝေခံစား တဲ့စနစ်နဲ့ပါ။ အစ်ကိုတို့ကို သတ္တု
တွင်းဝန်ကြီးဌာနကလည်း
အကြီး စားထုတ်လုပ်ခွင့်ပေးထားတဲ့ စီမံ ကိန်းဖြစ်ပါတယ်။ စမ်းသပ်ရွှေ
ထုတ်လုပ်မှုအနေနဲ့ (၆)လ စမ်း လုပ်ပါတယ်။ အဲလို စမ်းသပ် ထုတ်လုပ်ပြီးတာနဲ့
အစ်ကိုတို့ အကြီးစားကို ပြောင်းမယ်ဆိုပြီး လုပ်တယ်။အဲဒီလိုလုပ်တဲ့အခါမှာ
လည်းအစ်ကိုတို့သတ္တုတွင်းဝန်ကြီး ဌာနကို စာတင်ပါတယ်။ (၆)လ ပြည့် တဲ့ ၂၀၁၂
ခုနှစ် မတ်လ(၃) ရက်နေ့မှာ အစ်ကိုတော့ အသေး စားကနေ အကြီးစားကိုပြောင်း မယ်။
ဒါက အကြီးစားထုတ်လုပ် ခွင့်ပေးထားတဲ့ မိုင်းကြီးဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်
အန္တရာယ် ကင်းရှင်းရေး၊ မိုင်းအန္တရာယ် ကင်းရှင်းရေး၊ဒါတွေကြောင့်လည်း
ဖြစ်တယ်။ ဒီမှာရှိနေတဲ့ အင်းလုပ် သားတွေနဲ့ အရင်ကတွဲပြီး တိုက်
ရိုက်လုပ်ခဲ့တာတွေမရှိဘူး။ အစ်ကို တို့ ကုမ္ပဏီကိုဝင်တဲ့အခါမှာ
ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင် အငယ်လေးတွေ ၂၃ခုတို့က ပူးပေါင်းပြီး
လုပ်မယ်ဆိုပြီး ရှယ်ယာဝင်တယ်။ အဲဒီမှာ အစ် ကိုတို့ကုမ္ပဏီကိုလည်း အမျိုးသား
တိုးတက်ရေးရွှေထုတ်လုပ်မှု အုပ် စု လီမိတက်ဆိုပြီး နာမည်ပြောင်း လိုက်တယ်။
အဲဒီအတိုင်းပဲ မှတ်ပုံ တင်ပါတယ်။ ဒါကို လုပ်ပါတယ်။ အဲဒီတော့
နဂိုကအစ်ကိုတို့နဲ့ သူတို့နဲ့ဘယ်လိုလုပ်လဲဆိုတော့ ဒီမှာရှိတဲ့ ဧက(၆၁၀၅)ကို
မန်ဘာ တွေကို တတ်နိုင်သမျှ ထုတ်လုပ် ခွင့် ပေးပါတယ်။ အချိုးကတော့
(၅၀)ရာခိုင်နှုန်းပါ။ ကျွန်တော်တို့ ဒီ (၆၁၀၅)ဧကမှာ ဇုန်ကတော့
(၁၃)ဇုန်ရှိပါတယ်။ ဒါ့အပြင် သူတို့ကလည်း အရင်က သူတို့နဲ့ တွဲလုပ်ခဲ့တဲ့
အင်းသားတွေရှိပါ တယ်။ အစ်ကိုတို့နဲ့ အင်းသား တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထား
တာမရှိဘူး။ မန်ဘာတွေနဲ့ပဲ တွဲ ပြီးလုပ်တယ်။ ဒီမန်ဘာ (၂၃)ဦး ကနေပြီးတော့
အစ်ကိုတို့ကိုပြော တယ်။ သူတို့ဆီမှာ အရင်ကလုပ် ခဲ့တဲ့အင်းသားတွေရှိပါတယ်။
သူ တို့ အာမခံပါတယ်။ တွဲလုပ်ခွင့် ပေးပါဆိုပြီး အစ်ကိုတို့ကိုပြော တယ်။
အဲဒီတော့ အစ်ကိုတို့ တွဲ လုပ်ခွင့်ပေးခဲ့တယ်။ အစ်ကိုတို့က ဒီအင်းလုပ်သား
ငယ်လေးတွေနဲ့ တိုက်ရိုက်စာချုပ် ချုပ်ထားတာ မရှိဘူး။ သဘောတူထားတာမရှိ ဘူး။
အစ်ကိုတို့က နဂိုစီမံချက် အတိုင်းပဲ ပြောင်းဖို့ လုပ်တဲ့အခါ မှာ
မန်ဘာတွေကနေပြီးတော့ အစ်ကိုတို့ကို တစ်လ ဆက်လုပ် ခွင့်တောင်းတယ်။
အစ်ကိုတို့က ခွင့်ပေးခဲ့တယ်။ အစ်ကိုတို့ (၅)လ ပိုင်းလည်းကျရောမန်ဘာတွေနဲ့
တွဲပြီးလုပ်တဲ့ အင်းသားတွေက အသေးစားလုပ်ငန်းတွေကို ဆက်
လုပ်ခွင့်ပေးပါဆိုပြီး ဆန္ဒပြကြ တယ်””ဟု အထက်ပါပုဂ်္ဂိုလ်မှ
ဆက်လက်ပြောကြားသည်။အဲဒီလိုဖြစ်လာတဲ့အခါမှာ လည်း ပထမ နှစ်လသုံးလကနေ ပြီးတော့ ဆက်လုပ်ခွင့် တောင်း ရာကနေပြီး နောက်ပိုင်းတော့ နစ်နာကြေးတွေပေးဖို့ စက်ကြိတ် ဆုံတွေပေးဖို့အထိ တောင်းဆို လာကြတယ်။ သတ္တုတွင်း ၀န်ကြီး ဌာနတွေရယ်၊ အစ်ကိုတို့ကုမ္ပဏီ တွေရယ်၊ ပြီးတော့ အင်းသားတွေ ရယ်တွေ့တယ်။ သူတို့က အချက် (၆)ချက်တောင်းဆိုတယ်။ အစ်ကို တို့အနေနဲ့ အခုဆို (၆)ချက်လုံးကို အကုန် ဖြည့်ဆည်းပေးတယ်။ တကယ်တမ်း နစ်နာခဲ့တဲ့ အင်း သားတွေကိုလည်း လျော်ကြေး အနေနဲ့ အနည်းဆုံး ငါးသိန်း ကနေပြီး အများဆုံး သိန်းသုံးရာ အထိ ရှယ်ယာကုမ္ပဏီတွေမှတစ် ဆင့် စုစုပေါင်း သိန်း(၂၇၄၁) အထိ ပေးလျော်ပေးပြီ””ဟု အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီ မှ အထွေထွေမန်နေဂျာ ဦးထွန်း အောင်က ပြောကြားခဲ့သည်။
၎င်းကဲ့သို့ မိုးထိ၊ မိုးမိ ရွှေ လုပ်သားများ ဆန္ဒပြခြင်း အဓိက အကြောင်းအရင်းမှာလည်း အဓိ က အကြောင်းအရင်းအဖြစ် နိုင်ငံရေးလုပ်သူများက အကျိုး အမြတ်ထုတ်၍ လုပ်စားကြသဖြင့် ဟုသိရပြီး ယခုအခါ ဆန္ဒပြမှုများ ပြေလည်သွားပြီဖြစ်ကြောင်း ၎င်း ပုဂ်္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။
ဖြိုးအောင်
From-HotNewsJournal
No comments:
Post a Comment