From- Hot News
စစ်ကိုင်းတိုင်းဒေသကြီး၊
က သာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြို့နယ် သစ်တောဦးစီးဌာနမှ ဒေ
သခံပြည်သူများအတွက် ဒေသ လိုအပ် ချက်ဖြစ်သော သစ်၊ တိုင်၊ မျှောအစရှိသည့်
အခြေခံလိုအပ် ချက်များသိရှိခံစားနားလည်သဘော ပေါက်စေရန် ရည်ရွယ်၍ လစဉ်
တရားမ၀င် သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့်သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးလုပ် ငန်းများကို ဒေသခံများ သိရှိ အောင်စည်း ရုံးပညာပေးဟော
ပြော ဆွေးနွေးမှုကြောင့် ဆင်ကန် ကျေးရွာနှင့် ထိန်ဆုံကျေးရွာတို့ရှိ
ဒေသခံများမှ ကျေးရွာပိုင် ပျဉ်းက တိုးစိုက်ခင်း တစ်ဧကစီ တည် ထောင်
စိုက်ပျိုးလျက်ရှိကြောင်း ဦးစီးအရာရှိ ဦးနေမျိုးအောင်က
ရှင်းလင်းပြောကြားသည်။ယခုအခါ သစ်တောဦးစီး ဌာနမှ သဘာဝတ်ဝန်းကျင်ထိန်း သိမ်းရေး အစုအဖွဲ့ပိုင် သစ်တော ထည်ထောင်ခြင်း၊ ဆိုင်ရာများနှင့် ကျေးရွာပိုင် ထင်းစိုက်ခင်းတည် ထောင်ခြင်းများကို လစဉ်ကွင်း ဆင်းပညာပေးဟောပြောပွဲများ၊ ဆောင်ရွက်ကြသလို ပြည်သူလူ ထုပါဝင်မှုဖြင့် ဆက်သွယ်ရေး လမ်းဘေး ၀ဲ၊ ယာ ဗန်းမောက်- မန်စီကားလမ်းအား ကျွန်းပင် (၇၀၀၀)၊ စာသင်ကျောင်း(၂) ကျောင်းနှင့်မြို့ဝင်မြို့ထွက် တို့တွင် ကျွန်းနှင့်အခြားအပင်စုစုပေါင်း (၁၈၂၀၀) ဆင်ကန်၊ ခမိုး၊ စက်တော၊ မန်စီ ကြီး၊ မံအင်-မင်းကုန်း၊ ပန်းတော၊ ညောင်ခြေ ထောက်၊ ကန်တော်၊ ဒရူးစသည့် ကျေးရွာ(၉)အုပ်စုတွင် တစ်အိမ် ထောင်ကျွန်း(၃)ပင် စိုက်ပျိုးပြီးစီး ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment