Monday, October 8, 2012

မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည်မှ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို ငြင်းဆန်၍မရကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများသည် မြောက်အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် မြန်မာတို့မှ အာဏာရှင်အစိုးရများကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့် ပွင့်လင်းမှုတို့ ကို ဖော်ဆောင် ရန် တွန်းအားပေးနေကြောင်း ပြောကြားလိုက်သည်။
ဆိုးလ်မြို့တော်တွင် ကိုရီးယားစစ်မှုထမ်းဟောင်းများ အသင်း၌ နေ့လယ်စာစားပွဲ ကျင်းပရာတွင် သမ္မတ လီမြောင်ဘတ် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်
။ ၎င်းက “အပြောင်းအလဲလေထုကို ခုခံနိုင်ဖွယ် မရှိပါဘူး။ ဆီးရီးယားနဲ့ မြန်မာမှာ ဖြစ်ပြီးနောက် ဒီမှာလည်း အပြောင်း အလဲ ရောက်လုနီးပါးပါပဲ”ဟု ပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစနစ် မှ ခြွင်းချက်မဖြစ်နိုင်ကြောင်း ရည်ညွှန်းပြောဆိုသည်။ သမ္မတလီသည် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် သမ္မတဦးသိန်းစိန်အား ပြင်ပကမ္ဘာသို့ နိုင်ငံ၏တံခါးများ ဖွင့်ပေးခြင်း အကျိုးကျေးဇူး များကို မြောက်ကိုရီးယားအား အကြံဉာဏ်ပေး နားချရန် တိုက်တွန်းခဲ့ကြောင်း၊ မြောက်ကိုရီးယား ကို မြန်မာနိုင်ငံကဲ့သို့ လုပ်ဆောင်ရန် ဖျောင်းဖျပေးရန် ပြောကြားခဲ့ကြောင်း ဆိုသည်။

သမ္မတလီသည် “မြန်မာဟာ မကြာသေးမီကပဲ ပွင့်လင်းလာခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံ အတွက် သာမကဘူး။ အခြားနိုင်ငံတွေ အများကြီးအတွက်လည်း ဖြစ်ပါတယ်။ ဂျပန်၊ တရုတ်၊ အမေရိကန် အပါအ၀င်ပေါ့။ အားလုံးဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ”ဟု မြန်မာနိုင်ငံကို ဥပမာပေး၍ မြောက်ကိုရီးယားလည်း ပွင့်လင်းပါက အကျိုးရှိနိုင်ကြောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ဆိုးလ်မြို့တော်သို့ ယခုအခါ သုံးရက်ကြာခရီး အလည်အပတ် ရောက် ရှိနေပြီး အောက်တိုဘာ ၉ ရက် အင်္ဂါနေ့တွင် လီမြောင်ဘတ်နှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။
 
From- 7Day News Journal

No comments:

Post a Comment