Thursday, October 11, 2012

ပုဂ္ဂလိက ဓါတ်ဆီဆိုင်များ သုံးလီတာပန့်များ စံနှုန်းသတ်မှတ်ထုတ်ပြန်

တစ်ဂါလံလျှင် ၄ ဒသမ ၅၄၆ လီတာ ထွက်ရှိရန် ပုဂ္ဂလိက အရောင်းဆိုင် များ၏ လီတာပန့်များအား ချိန်ညှိစံကိုက်ရန် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းမှ ညွှန်ကြားလိုက်ပြီဖြစ်ကြောင်းသိရသည်။
ပုဂ္ဂလိကအရောင်းဆိုင် များ၏ လီတာပန့်များသည် တစ်ဂါလံလျှင် ၄ ဒသမ ၅ လီတာ နှင့်ချိန် ညှိရောင်း ချနေခြင်းကို ၄ ဒသမ ၅၄၆ လီတာဖြင့် ချိန်ညှိကာ တစ်ပြေးညီ သတ်မှတ်ရောင်းချရန် ညွှန်ကြားခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နီလာရိုးမ စက်သုံးဆီ အရောင်းမန်နေဂျာက “နဂိုထဲက တစ်ဂါလံကို ၄ ဒသမ ၅ လီတာ နဲ့ တရားဝင်ပြောပြီး ရောင်းခဲ့ တာပဲ၊ လိမ်ရောင်းခဲ့တာမှ မဟုတ်တာ၊ လူတိုင်းက ၄ ဒသမ ၅ လီတာနဲ့ပဲ သတ်မှတ်လက်ခံနေခဲ့တာကို စစ်ဆေးရေးက ဒါကိုလက်မခံပဲ သူတို့စံနဲ့ဆိုပြီးလုပ်တာ” ဟု ပြောသည်။
လီတာမှ ဂါလံသို့ ပြောင်းလဲ ချိန်ညှိရခြင်းကြောင့် ထိုကဲ့သို့ ပြဿနာ များ ပေါ်ပေါက်နေခြင်း ဖြစ်ပြီး အရောင်းဆိုင် များ အနေဖြင့် နောက်ပိုင်းတွင် လီတာနှင့်သာ ရောင်းချရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။
လီတာနှင့်ရောင်းချမည် ဆိုပါက တစ်ဂါလံဈေးနှုန်းအား လီတာနှင့် ပြန်ဖွဲ့၍ တစ်လီတာ ဈေးသတ် မှတ် ရောင်းချ မည်ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
 
From- Popular Myanmar News Journal

No comments:

Post a Comment