Thursday, October 11, 2012

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား စွပ်စွဲပြစ်တင်မည့်ကိစ္စ ရွှေ့ဆိုင်း

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးအစိုးရသို့ စွပ်စွဲပြစ်တင်မည့် ကိစ္စ ယခုလ ၁၉ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေး အစီအစဉ်များသို့ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုလ ၁၀ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး အစီအစဉ်များတွင် စွပ်စွဲပြစ်တင်မည့် ကိစ္စရပ်အား ထည့်သွင်းထားသော်လည်း အဆိုတစ်ခု ဆွေးနွေးမှု ပြီးပြတ်ခြင်းမရှိသဖြင့် ညနေ ၆ နာရီတွင် အစည်းအဝေးကို ရပ်ဆိုင်းပြီး ကျန်ရှိအစီအစဉ်များကို အောက်တိုဘာ ၁၉ ရက်တွင် ပြန်လည်ကျင်းပမည့် စတုတ္ထ ပုံမှန်အစည်း အဝေးသို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ စတုတ္ထ ပုံမှန်အစည်းအဝေးကို ယခုလ ၈ ရက်မှ စတင်ပြုလုပ် ခဲ့ပြီး အောက်တိုဘာ ၁၀ ရက် အစည်းအဝေး အစီအစဉ်များ အပြီးတွင် လွှတ်တော် ခေတ္တရပ်နားကာ ယခုလ ၁၉ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
 
From- 7Day News Journal

No comments:

Post a Comment