Thursday, October 11, 2012

ယုဇန ဆီအုန်း စက်ရုံကို တရားစွဲမည့် အစီစဉ် ပျက်ပြယ်

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာ ရပ်ကွက်ရှိ ယုဇန ကုမ္ပဏီပိုင် ဆီအုန်း စက်ရုံကို ရပ်ကွက်သူ ရပ်ကွက်သားများက တရားစွဲဆိုမည့် အစီအစဉ်မှာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက တာဝန်ယူ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့် အတွက် ပျက်ပြယ်သွားရကြောင်း ဒေသခံများက ပြောကြားသည်။

"သူတို့က(မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူး) တာဝန်ယူပြီး မစွဲပေးဘူးလို့ ပြောတယ်။" ဟု သာကေတမြို့ နယ် ၆ ရပ်ကွက်မှ ဦးစန်းလှိုင်က The Voice Weekly သို့ ပြောကြားသည်။ ယုဇန ကုမ္ပဏီပိုင် ဆီအုန်း စက်ရုံ၏ လည်ပတ် လုပ်ကိုင်နေမှုများသည် အများပြည်သူ ကျန်းမာရေးကို အလွန် အမင်း ထိခိုက်စေသည့် အပြင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေ သည့် ပြုလုပ် မှု ဖြစ်သောေ ကြာင့် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆၉နှင့် ၂၇ဝ တို့ကို ဖောက်ဖျက်မှု ဖြင့် တရားစွဲဆိုရန် ရပ်ကွက်နေ ပြည်သူ များက မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ထံ တိုင်ကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်များ နှင့်ပတ်သတ်၍ The Voice Weekly က သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးတင့်နိုင် ကို ဆက်သွယ် မေးမြန်းခဲ့ရာ ရပ်ကွက်နေ ပြည်သူများက တရားဝင် အမှုဖွင့် တိုင်ကြားခြင်း မဟုတ်သည့် အတွက် ၄င်းအနေဖြင့် အရေးယူ ဆောင်ရွက်ရန် မဖြစ်နိုင် ကြောင်း၊ ယုဇန ကုမ္ပဏီ တာဝန်ရှိသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ အကြား ညှိနှိုင်း ဆောင်ရွက် လျှက် ရှိကြောင်း " ၄င်းက ပြန်လည် ဖြေကြားခဲ့သည်။

လူနေ ရပ်ကွက်များအတွင်း ဆောက်လုပ်ထားသည့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများသည် ဥဒေအရ သတ်မှတ် ထားသည့် စည်းကမ်းချက် များကို မလိုက်နာဘဲ စက်ရုံဆောက်လုပ်မှုကြောင်း ပတ်ဝန်းကျင်လူထုအတွက် ကျန်းမာရေး ထိခိုက်နစ်နာမှု၊ အများပြည်သူစိတ်အနှောင့် အယှက်ဖြစ်စေမှု စသည်တို့ကိုပြုလုပ်သည်ဆိုပါက ၄င်းစက်ရုံကို ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးကဖြစ်စေ၊ ရဲတပ်ဖွဲ့မှူးကဖြစ်စေ အများပြည် သူ အနှောင့် အယှက် ပေးမှု ရာဇဝတ် ဥပဒေ ကြောင်းအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၆၈)မှ (၂၉၄) အထိ တရားစွဲ ဆို နိုင်သည့်အပြင် တရားမ ဥပဒေ ကြောင်းအရ ထာဝရ တားဝရမ်း ထုတ်ပေးစေလိုမှုဖြင့် လည်ပတ်ခြင်းမပြုရန် တားမြစ်သည့် အမိန့် ဒီကရီ ရလိုသည်ဟု တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။
 
From- News of Myanmar

No comments:

Post a Comment