ဆန်စပါးကနေ
အ၀တ်အထည်တွေ အထိ ပြီးတော့ ကျောက်မျက်ရတနာတွေ။ ဒါတွေက မြန်မာပြည်ရဲ့
အဓိကတင်ပို့ ကုန်တွေပါပဲ။အဲဒါတွေကို ပြီးခဲ့တဲ့နှစ်တွေ က
အပိတ်ခံထားခဲ့ရတယ်။တရုတ်၊အိန်္ဒိယ တို့လို အိမ်နီးချင်းနိုင်ငံတွေက
ဝယ်ယူနေ တာကလွဲရင်ပေါ့။အခုတော့ အဲဒီ အိမ်နီး ချင်းနိုင်ငံတွေက
မြန်မာပြည်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကိုပါ လိုချင်နေပြီ။
မြန်မာပြည်က နိုင်ငံခြားပို့ကုန်တွေ အပေါ်မှာ အမေရိကန်အပါအ၀င် အနောက်အုပ်စုတွေက ပိတ်ဆို့ထားခဲ့ တယ်။ဒါပေမဲ့ အမေရိကန်နဲ့အနောက် အုပ်စုတွေက သူတို့နိုင်ငံက စားသုံးသူ တွေအတွက် မြန်မာပြည်မှာ ၀ယ်စရာ တွေအများကြီးရှိတယ်ဆိုတာကို သိနေ ကြတယ်။သူတို့မျက်စေ့ထဲက မြန်မာ့ပို့ ကုန်တွေကို အိမ်နီးချင်းနိုင်ငံကြီး ၂နိုင်ငံ က သယ်ယူနေတာကိုလည်း မချင့်မရဲ ဖြစ်နေကြတယ်။
မြန်မာ့ပဲဆိုတာ အိန်္ဒိယနိုင်ငံအကြိုက် ပို့ကုန်ပါပဲ။အဲ့ဒီအချိန်မှာ တရုတ်က မြန်မာနိုင်ငံမှာ ကျွန်းသစ်နဲ့ကျောက်မျက် ရတနာတွေကို ကြိုက်ဈေးပေးဝယ်နေ တယ်လေ။တိုင်းပြည်ရဲ့အ၀တ်အထည် ဈေးကွက်အတွက် ဂျပန်က မြန်မာပြည် မှာ တူးဖော်နေတယ်။မြန်မာပြည်ရဲ့ပို့ကုန် တွေကို ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင် သဘာဝဓာတ်ငွေ့က ၅၇ရာခိုင်နှုန်း၊ပဲက ၁၈ရာခိုင်နှုန်း၊ကျွန်းနဲ့သစ်မာက ၁၀ရာခိုင် နှုန်း၊အထည်အလိပ်က ၆ရာခိုင်နှုန်း၊ဆန် က ၅ရာခိုင်နှုန်းနဲ့ ငါးနဲ့ပင်လယ်စာက ၄ ရာခိုင်နှုန်း တို့ဖြစ်ကြပါတယ်။
ဒါဆိုရင် အမေရိကန်က မြန်မာ ပြည်မှာ ဘာဝယ်ရမှာလဲ။ဆန်အကြောင်း တွေးကြည့်မယ်။တချိန်တုန်းကတော့ ကမ္ဘာ့နံပါတ်(၁) ဆန်တင်ပို့တဲ့ နိုင်ငံအနေ အထားကနေ အခုအချိန်မှာ အောက် အဆင့်တော်တော်များများကို ကျဆင်း ခဲ့ရပါပြီ။ထိုင်းနဲ့ဗီယက်နမ်နောက်ကို အတင်းလိုက်နေရတယ်။အဲ့ဒီအခြေအနေ ကို ပြောင်းပြန်လှန်ပစ်ဖို့ရာက သိပ်မလွယ် ကူလှဘူး။ထုတ်လုပ်မယ်။စုဆောင်းမယ်။ ကမ္ဘာဈေးကွက်လမ်းကြောင်းထဲကို သွင်း ရမယ်။အရင်လို နံပါတ် (၁) နေရာကို ပြန်ရဖို့က ထင်ထားသလောက်မရနိုင်ဘူး။
အမေရိကန်ကလည်း သူ့နိုင်ငံက စားသောက်ဆိုင်တွေမှာ ညစာစားဖို့ ဆန် လုံးဖြူဖြူတွေကို မျှော်လင့်နေတယ်။ဒါ ဆိုရင် အမေရိကန်က မြန်မာပြည်မှာ ဆန်လာဝယ်မှာလား။သိပ်မကြာမဲ့ကာလ မှာတော့ အမေရိကန်တွေရဲ့ညစာက ဆန်တွေဖြစ်လာကောင်းပါရဲ့။
ကျောက်စိမ်းလို အဖိုးတန်ကျောက် မျက်ရတာတွေကရော။ပြီးခဲ့တဲ့နှစ်တွေက ကျောက်စိမ်းအစားကြီးတဲ့ တရုတ်နိုင်ငံ ရှိနေတာတောင်မှ မြန်မာ့ကျောက်မျက် ဈေးကွက်ပျက်ခဲ့ရတယ်။ကျောက်စိမ်းကို တော့ တရုတ်က သန်းနဲ့ချီအမြောက် အများပေးဝယ်နိုင်ပေမဲ့၊ပတ္တမြားလိုအခြား ကျောက်မျက်တွေကိုတော့ ကမ်္ဘာဈေး ကွက်ကစောင့်နေတယ်။ အဲဒီဈေးကွက် ပေါ်မှာ အမေရိကန်က ဘယ်လောက် ဈေးမြှင့်ပြီးပေးနိုင်မှာလဲ။ဒါဆိုရင် မြန်မာ့ ကျောက်မျက်တွေပေါ်မှာ အမေရိကန် ရဲ့စိတ်ဝင်စားမှု ဘယ်လောက်ရှိနိုင်မလဲ ဆိုတာကို စဉ်းစားစရာဖြစ်လာပါပြီ။
ဒါဆိုရင် ရေနံနဲ့သဘာဝဓာတ်ငွေ့ တွေဘက်ကို အချက်လှည့်ကြည့်ကြရ အောင်။မြန်မာပြည်ရဲ့သဘာဝဓာတ်ငွေ့ တွေက အခုဆိုရင် အရှေ့မြောက် တရုတ် နိုင်ငံနဲ့အရှေ့တောင် ထိုင်းနိုင်ငံဘက်ကို ပိုက်ကြီးပိုက်ငယ်အသွယ်သွယ်နဲ့သွားကြ ရတော့မှာပါ။နောက်နှစ်ဆိုရင် အက်ဒမန် ပင်လယ်ထဲက သဘာဝဓာတ်ငွေ့တွေက ယူနန်ပြည်နယ်က ကားတွေမှာ မီးဖို ချောင်တွေမှာ အလုပ်လုပ်ကြတော့မယ်။ ဒါဆိုရင် အမေရိကန်က မြန်မာ့ရေနံလုပ် ကွက်တွေမှာ ၀င်လုပ်ကိုင်ဖို့အတွက် အတင်းထိုးဖောက်ရတော့မယ်။သူတို့ရဲ့ ဈေးကွက်တွေဆီကိုရောက်ဖို့ဆိုရင်တော့ ကမ္ဘာ တစ်ဝက်လောက်ခရီးစရိတ်ကုန်ကျ နေလိမ့်မယ်။ အရင်းကာမိဖို့ဆိုရင်တော့ မလွယ်လောက်ဘူး။
ဒီတော့ အခြားတင်ပို့ကုန်တွေဖြစ် တဲ့ အသီးအရွက်တွေ၊လောင်စာတွေနဲ့ သစ်မာတွေဘက်ကို လှည့်ကြည့်ကြရတော့ မှာပဲ။အဲ့ဒါတွေက အာရှရဲ့အပြင်ဘက်ကို ထွက်ကြည့်ဖို့ဆိုရင် ကန့်သတ်ခံထားရမှာ သေချာနေတယ်။ဒါတွေ ဘယ်လိုထွက်ရ မလဲ။ဘယ်ကိုထွက်ရမလဲဆိုတာက အခက် အခဲပါ။ကမ္ဘာပေါ်မှာပင်လယ်စာဈေးကွက် က ကြီးသထက်ကြီးလာနေတယ်။အဲ့ဒီ ဈေးကွက်ကို ထိုင်းနဲ့ဗီယက်နမ်က ချုပ် ထိန်းနိုင်ဖို့ကြိုးစားနေတယ်။ပင်လယ်စာ တွေထုတ်ဖို့အတွက် ကြီးမားတဲ့ရပ်ဝန်း တွေကို တည်ဆောက်ထားကြတယ်။ဒါ ပေမဲ့ အဲဒီရပ်ဝန်းတွေကပဲ မြန်မာပြည်ကို ပင်လယ်စာနဲ့ပတ်သက်တဲ့ လှုံ့ခေတ်မူ တွေ ပေးနေကြမယ်လို့ မျှော်လင့်ထားရ တယ်။
တောင်းဆိုမှုအားကောင်းတဲ့ နောက် ထပ်နယ်ပယ်တစ်ခုကတော့ ဂျပန်က မြန်မာပြည်ကို လက်ဦးထားနှင့်သော အ၀တ်အထည်ကိစ္စပင်ဖြစ်သည်။တရုတ် နိုင်ငံမှာ လုပ်သားခကြီးမြှင့်လာမှုကြောင့် တရုတ်အထည်လုပ်ငန်းများသည် လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ်နှင့်မြန်မာပြည် ဘက်ဆီသို့ ဦးတည်လာနေသည်။ Made in Myanmar ဆိုသည့် စကားလုံးကို ဂျပန်နှင့်တရုတ်တို့က လက်ဦးအောင်ယူ ထားကြသည်။ရေရှည်မှာ မြန်မာပြည်က အာရှဈေးကွက်မှာ ကြိုးတန်းသဖွယ် ၀င် ရောက်လာမှာပါ။ပြီးတော့ စားသုံးသူ အကြိုက်ကုန်စည်တွေကို ထုတ်လုပ်နိုင် တော့မှာပါ။ထိုင်းနဲ့မလေးရှားတို့လိုပေါ့ ဗျာ။ဂျပန်စောင့်ကြည့်ရေးသမားတွေက လည်း လက်မနှေးလောက်ပါဘူး။ အခု တောင် ထားဝယ်ကို ၀င်လုံးဖို့အတွက် ဘီလီယံပေါင်းများစွာ သုံးဦးမှာတဲ့။
နောက်ဆုံးတော့ ဒါတွေက စိန်ခေါ် မှု တစ်ရပ်အဖြစ် သက်သေဖြစ်လာမှာပါ။ လျှပ်စစ်စွမ်းအားနဲ့အခြေခံအဆောက်အအုံ ပြဿနာတွေဖြစ်နေတယ်။အဲဒါက တကယ့် ပြဿနာအစစ်ပါ။ဒုတိယအချက်က လုပ် သားတွေက တကယ်မကျွမ်းကျင်တာပါ။ ကမ္ဘာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က စံနှုန်းနဲ့နှိုင်းယှဉ်ကြည့်ရင် ကျွမ်းကျင်မှု မပြည့်ဝသေးတာကို တွေးနေရတယ်။ လေဆိပ်တွေ၊လမ်းတွေ၊မီးရထားလမ်းတွေ၊ ဆိပ်ကမ်းတွေနဲ့အခြေခံအဆောက်အအုံ တွေက မပြည့်စုံသေးတာတွေရှိနေသေး တယ်။ ဒါဆိုရင် အမေရိကန်က မြန်မာ ပြည်မှာ ဘာတွေဝယ်ယူရမယ်ဆိုတာ နည်းလမ်းရှာဖို့လိုလာပါပြီ။အမေရိကန်က မြန်မာပြည်ကို ပို့ကုန်တွေ တင်သွင်းခွင့် ပြုလိုက်ပြီလို့ကြားနေရတယ်။မြန်မာပြည် ကကော အမေရိကန်ကို ဘာတွေရောင်း မှာလဲ။ကမ္ဘာ့ဒီမိုကရေစီ ဘိုးအေ နိုင်ငံ ကြီးကို ဒီမိုကရေစီ (၁)နှစ်၊(၂)နှစ်၊သား ကလေးက ဘာတွေရောင်းချပေးနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒီမို ကရေစီအလေ့အထ သက်တမ်းရင့်နိုင်ငံ ရဲ့ ဥပဒေစည်းမျဉ်းတွေကို ကျော်ဖြတ်ပြီး အမေရိကန်နိုင်ငံထဲအရောက် မြန်မာ့ကုန်ပစ္စည်းတွေ ဘယ်လိုပို့မယ်ဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။
အမှန်တကယ်တော့ အမေရိကန် က မြန်မာနိုင်ငံမှာ သူတကယ်ဝယ်ချင်တဲ့ ပစ္စည်းတွေရှိပါတယ်။အဲဒါကတော့ ဒီမို ကရေစီကုန်တွေပဲဖြစ်မှာကတော့ မလွဲ ဧကန်ပါပဲ။
မောင်ယဿ
From-HotNewsJournal
No comments:
Post a Comment