Tuesday, October 2, 2012

အာဆီယံမှာ မြန်မာတွေ ဘီယာသောက်တာ အနည်းဆုံး

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဘီယာသောက်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးပါဘဲတဲ့။ ၂၀၀၁ ခုနှစ်က ဘီယာလီတာပေါင်း ၂.၆ ဘီလျံတောင် ရှိခဲ့ပါတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲ ဘီယာ သောက်မှု အမြင့်ဆုံး ရောက်ခဲ့တာပါ။ 

သူနောက်ကတော့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က လိုက်ပါတယ်တဲ့။ Euromonitor International က ဖော်ပြ ချက်အရ မြန်မာနိုင်ငံက ဘီယာ လီတာပေါင်း ၃၀.၄ သန်း နဲ့ စာရင်းရဲ့ အောက်ဆုံးနားမှာဘဲ ရှိပါ တယ်တဲ့။ မြန်မာတွေ ဘီယာသောက်အား အာဆီယံမှာ အနည်းဆုံးပါတဲ့။ မြန်မာ၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီယား၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေက ဘီယာ သောက်သုံးမှု ပမာဏက က ဖိလစ်ပိုင်က ဘီယာသောက်တဲ့ လီတာပေါင်း ၁.၆ ဘီလျံရဲ့ တ၀က်လောက်ပဲ ရှိတာတွေ့ရပါတယ်တဲ့။

 Euromonitor International က ၂၀၁၀ ခုနှစ်တုန်းက ဗီယက်နမ် ဘီယာ ဈေးကွက်ဟာ ခပ်မြန်မြန်ပဲ   မြင့်တက်လာ တယ်တဲ့။ ၂၀၀၉ ခုနှစ်က ဘီယာသောက်သုံးတဲ့ လီတာပေါင်း ၁.၆ ဘီလျံရှိခဲ့ပြီး ဒါကလည်း ၂၀၀၄ ခုနှစ်ကထက် ၅၆ ရာခိုင်နှုန်း တက်လာတာပါ။ ဒီနှစ် အစောပိုင်း ဂျပန် ဘီယာ ကုမ္ပဏီ Kirin Holding က သတင်းတခုအဆိုအရ ဗီယက်နမ်တွေဟာ ကမ္ဘာ့တ၀န်း ဘီယာ သောက်တဲ့ ထိပ်တန်း ၂၅ နိုင်ငံ စာရင်းဝင်ပါသတဲ့။ 
From-ဧရာဝတီ

No comments:

Post a Comment