Friday, October 26, 2012

ဘင်္ဂါလီ နှင့် ခိုးသွင်းသူအား အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့က စုံစမ်း

ကလေးဒေသတွင် တစ်ဖက်နိုင်ငံမှခိုးဝင်လာသည့်ဘင်္ဂါလီများ ယခုလပိုင်း
ရက်ဆက်ဖမ်းဆီး ရမိလျက်ရှိရာ ဦးရေ(၃၀)ကျော် နေပြီဖြစ်ပြီး    ဒေသခံ
တို့၏ ပြောစ ကားအရ ကလေးဒေသအတွင်း သွားလာနေသော ဘင်္ဂါလီ
အရေအတွက်မှာ ရာဂဏန်း၊ထောင်ဂဏန်းအထိပင်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် ဖမ်းဆီးရမိသော ဘင်္ဂါလီများမှာ ဒေသခံတို့မှ ၀ိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံသူများဖြစ်ကြောင်း သိရသည်။
 

““ဘုန်းကြီးတို့က ဒေသအာဏာပိုင်အဖွဲ့အစည်းတွေကိုကူညီပြီး တစ်ဖက်က ခိုးဝင်လာသူ တွေကို ဖမ်းဆီး၊ သတင်းပေးဆိုတာမျိုးလုပ်ပေးနေတာပါ။ အခု ဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်လာသူအား လုံးဒေသခံတွေ တာဝန်သိစွာဖမ်း ဆီးပြီး သက်ဆိုင်ရာကို အပ်နှံခဲ့ တာဖြစ်ပါတယ်။ သက်ဆိုင်ရာ တွေအနေနဲ့လည်း နယ်စပ်ဖြတ် ကျော်မှု၊ တရားမ၀င်၊ ၀င်ရောက်လာမှုကို ဟန့်တားဖမ်းဆီးနိုင်ဖို့ အစီအမံတွေဆောင်ရွက်သင့်ပါတယ်။ အခုဆိုရင် နယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကလေး မြို့ပေါ် ဈေးထဲအထိရောက်လာပါပြီ။ အချိန်မီဆောင်ရွက် မှုအားနည်းရင် ပြည်သူလူထုကြားမှာ မလိုလားအပ်တဲ့ကိစ္စတွေဖြစ် ပေါ်လာ နိုင်ပါတယ်။ ဘုန်းကြီးတို့ကတော့ ကလေး၊ တမူး၊ ချင်း တောင်ဒေသမှာ တာဝန်ယူပြီး ပို့ လွှတ်နေတဲ့ပွဲစားရှိနေနိုင်တယ်လို့ ယူဆတယ်။ နောက်တစ်ခု က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ကြည့်လိုက်ရင် အ၀တ်တစ်ထည်ကိုယ် တစ်ခုနှင့်လာတာ၊ လမ်းစရိတ်၊ ခရီးစရိတ်၊ ဘာမှမပါဘူး။ လမ်းမှာ သူ့အဆက်နှင့်သူ ထုတ်ယူပြီး ခရီးဆက်မယ်လို့ ဘုန်းကြီးတို့ကယူဆတယ်။ အဲဒီအဆက်တွေ၊ လူပွဲစားတွေကို ဘုန်းကြီးတို့က ဖော်ထုတ်ပြီး ဥပဒေ အကြောင်းအရ အရေးယူနိုင်အောင် ဆောင်ရွက်နေတာပါ””ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနာယက ဆရာတော် ဦးဓမ်္မိကက မိန့်ကြားပါသည်။

ကလေးမြို့တွင် အောက်တိုဘာလ (၁၄)ရက်က သာယာကုန်း ရွာအနီး ဘင်္ဂါလီ (၁၆)ယောက် ဖမ်းဆီးရရှိပြီးသည့်နောက် ယခု အောက်တိုဘာလ (၂၀)ရက် ညနေပိုင်းတွင် ကလေးမြို့၊ မြို့မဈေးအရှေ့ဖက်ဗလီကျောင်းရှေ့တွင်
ခိုးဝင်လာသော ဘင်္ဂါလီ(၁)ယောက် ကို ဒေသခံတို့က ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို အပ်နှံနိုင်ခဲ့ ကြောင်းသိရသည်။ ယခုဖမ်းဆီး ရရှိခဲ့သော ဘင်္ဂါလီမှာ ဘင်္ဂါလီအမျိုးသမီးဖြစ်သည်။ သက်ဆိုင်ရာမှ တရားဝင်ထုတ်
ပြန်သော သတင်းများအရကလေးဒေသတွင်(၂၀၁၂)ခုနှစ်အတွင်း ဖမ်းဆီး အရေးယူခဲ့ရသော ဘင်္ဂါလီဦးရေ (၃၇)ယောက်နှင့်လမ်းပြ(၆)ဦး ရှိကြောင်း သိရသည်။

The Hot News

No comments:

Post a Comment