Friday, October 26, 2012

ရမ်းဗြဲမြို့နယ်တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း မီးရှို့မှုဖြစ်ပွား


http://arakantimes.net/burmese/images/Ran%20Brayburn.jpg

ရမ်းဗြဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးများနှင့် မြို့အဝင်လမ်းများကိုပိတ်ထားပြီး ရဲများစောင့်ကြည့်ထားသော်လည်း မီးရှို့မှုဖြစ်ပွားရကြောင်း သတင်းရရှိ သည်။

ယနေ့နေလည်(၁) နာရီခန့်တွင် ရမ်းဗြဲမြို့ပေါ် ဗလီအနီးရှိ ကျောင်းဆရာမ တစ်ယောက် မွေးမြူထားသော ကြက်ခြံကို ဘင်္ဂလီများ မီးရှို့လိုက်သဖြင့် မီးလောင်မှုဖြစ်ပွားနေကြောင်း သိရှိရသည်။ယနေ့(၉)နာရီကျော်ခန့် အောင်စည်ကုန်းရွာမှ ရမ်းဗြဲမြို့ပေါ်သို့ လာသော မောင်နေလင်းထွန်း၊ အသက်(၂၈)နှစ်အား လုံခြုံရေးမှ မြို့ပေါ်သို့ မ၀င်ရောက်ရန်တားဆီးရာတွင် ရိုက်နှက်မှုများအထိ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
 
http://arakantimes.net/burmese/images/Ran%20Brayburn.jpg 

ရမ်းဗြဲမြို့ပေါ်မှ အမျိုးသားတစ်ဦးက " ဒီနေ့ (၉)နာရီကျော်လောက်မှာ အောင်စည်ကုန်းရွာေ န မောင်နေလင်းထွန်း က မြို့ကို လာပါတယ်။ သူက မြို့ပေါ်ကို မဝင်ရဘူးလို့ ပြောထားတာကို မသိဘူးထင်ပါတယ်။ အဲဒါကို ဂွမြို့နယ် ခမရ(၅၆၂)က သုံးပွင့်နဲ့ စစ်ဗိုလ်ကတားတာ အချေအတင် စကားပြောရာကနေ ရိုက်နှက်မှုတွေ ဖြစ်သွားပါတယ်။ မျက်နှာမှာ ယောင်ရမ်းပြီး ရင်ညွန့်မှာလည်း စစ်ဖိနပ်နဲ့ ကန်ကျောက်လိုက်တာ ယောင်ရမ်းသွားတယ်လို့ သိရပါတယ်။ အခု ရမ်းဗြဲဆေးရုံမှာ ဆေးကုသနေပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ " ဟု ပြောပြသည်။

ရမ်းဗြဲမြို့ပေါ်တွင် ဘင်္ဂလီအကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် မြို့ပေါ်သို့ လာသည့် လမ်းများဖြစ်သည့် အောင်စည်ကုန်း၊ ကျောက်ဖြူ-ရမ်းဗြဲကားလမ်း ၊ ရမ်းသစ်ချေ-ရမ်းသစ်ကြီးကားလမ်းများကို ပိတ်ထားပြီး လုံခြုံရေးများ ချထားသော်လည်း ယခုကဲ့သို့ မီးရှို့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အပြည့်အစုံကို ဆက်လက် တင်ပြပါမည်။

Arakantimes.net မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment