Thursday, October 25, 2012

မြန်မာမူဆလင်အသင်းအဖွဲ့ (၄)ဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သော ဘာရ်ကာဒီး အစ်ဒ်နေ့တွင် ကုရ်ဘာနီမပြုလုပ်ကြရန် အကြောင်းကြားစာ




မြန်မာမူဆလင်အသင်းအဖွဲ့ (၄)ဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သော ဘာရ်ကာဒီး အစ်ဒ်နေ့ တွင် ကုရ်ဘာနီမပြု လုပ်ကြရန် အကြောင်းကြားစာကို နယ်မြို့အသီးသီးရှိ ဗလီများသို့ ၂၃ ရက်နေ့အရောက် ပေးပို့နိုင်ခဲ့သော် လည်း ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏
လုံခြုံရေးအစည်းအဝေးတွင် အစ္စလာမ်လူမျိုးများ ကုရ်ဘာနီပြုလုပ်ပါက လုံခြုံရေးယူပေးရန် သဘော တူညီမှုကြောင့် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များက အစ်ဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ကြမည်ဖြစ်သည်။

သို့သော်အဆိုပါအစ္စလာမ်အသင်းများအနေဖြင့်ကုရ်ဘာနီပြန်လည်ပြုလုပ်ရန်အကြောင်းကြားစာများကို ပြန်လည် အကြောင်းကြားခြင်းမပြုလုပ်သေးကြောင်း နှင့် နယ်မြို့များရှိ အစ္စလာမ်ဘာသာဝင်များအကြားတွင် သို့လော သို့လော တွေးထင်မှုများရှိနေကြောင်းသိရှိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီများအသင်းချုပ်က ကုရ်ဘာနီ မပြုလုပ်ခြင်းကို ကန့်ကွက်ပြီး သတင်းထုတ်ပြန်စာတွင် လက်မှတ်ရေးမထိုးထားသည်ကို တွေ့ရှိရသည်။ နယ်မြို့များရှိ အစ္စလာမ်ဘာသာဝင်များက ကုရ်ဘာနီမပြုလုပ်ရခြင်းအတွက် မကျေနပ်မှုများရှိနေပြီး အဆိုပါ ကိစ္စအတွက် အခြေအနေတင်းမာမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ တင်းမာမှုများမဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အစ္စလာမ် အသင်းအဖွဲ့များက စီမံဆောင်ရွက်သင့်ကြောင်းကို ငြိမ်းချမ်းရေးလိုလားသူများက ထောက်ပြ သုံးသပ်ကြ သည်။ 


By: People Development for Knowledge
==============================================================
ဆက်စပ်သတင်း(ရန်ကုန်)
 
ဆူးလေဘုရားတွင် ဆန္ဒထုတ်ဖော်
 
တိုင်းရင်းသားငြိမ်းချမ်းရေးကွန်ယက်မှ သံဃာတော်အပါး ၁၆၀ကျော် လူပုဂ္ဂိုလ်၅၀ဦးခန့်သည် ဆူးလေဘု ရားရှေ့တွင် ဆန္ဒထုတ်ဖော်နေပြီး လွှတ်တော်တွင်းမှ တရားမ၀င်ဘင်္ဂါလီအမတ်များ ချက်ခြင်းဖယ်ရှားပေး ရန် တောင်းဆိုမှုများ ပြုလုပ်နေကြာင်းသိရသည်။ —

Photo From :Eleven Media Group

No comments:

Post a Comment