Thursday, October 11, 2012

မုံရွာမြို့ပေါ်ရှိ အနှိပ်ခန်းနှင့်ကေတီဗွီများတွင် အမျိုးသမီးငယ်များဝင်ရောက်လုပ်ကိုင်လျက်ရှိ

ရောင်စုံမီးသီးများ ထွန်းညှိ၍ မော်ဒန်မြင့်ကားသစ်များ တန်းစီထိုးထားရာ မုံရွာမြို့ပေါ်ရှိ ကေတီဗွီများနှင့် အနှိပ်ခန်းများတွင် မြန်မာအမျိုးသမီးငယ်များ ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း အနှိပ်ခန်းတွင်ကိုယ်တိုင် သွား ရောက် အနား ယူခဲ့သူတစ်ဦးက ပြောပြသည်။
“အသက်နဲ့အယှက်ကို ချိန်ညိပြီး ၀မ်းစာရေးအတွက်လုပ်ကိုင်နေရတာပါလို့ သာစည်လမ်း အနှိပ်ခန်းထဲမှာ မြန်မာအမျိုးသမီငယ်တစ်ဦးက ပြောတယ်”ဟု သွားရောက်အနားယူခဲ့သူက ဆက်လက်၍ပြောသည်။ အဆိုပါ အနှိပ်ခန်းများနှင့် ကေတီဗွီများသည် အမှတ်(၁)စက်မှုဇုန်ရပ်ကွက်၊ သလ္လာရပ်ကွက် မဟာဗန္ဓုလ လမ်း၊ အိုးဘိုတောင်မြို့သစ်ရပ်ကွက် ၊ဗိုလ်ချုပ်လမ်း၊နှင့် ရတနာပုံရပ်ကွက် သာစည်လမ်းတို့တွင်ဖွင့်လစ် လုပ်ကို င်ေ န ခြင်းဖြစ်ကြောင်း၊ မုံရွာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များနှင့်ပညာရေးကောလိပ်များနှင့် အနီးဆုံးနေရာ များ တွင် တည်ရှိနေခြင်းဖြစ်ကြောင်း၊ ညစဉ်အချိန်ညဉ့်နက်စွာအထိ ကားများနှင့်ဝင်ထွက်သွားလာလျက်ရှိကြောင်း၊ အချို့အနှိပ်များနှင့်ကေတီဗွီများတွင်မြန်မာအမျိုးသမီးငယ်လေးများ ၀င်ထွက်သွားလာ၍ အလုပ်လုပ် ကိုင်နေသည် ကို ပတ်ဝန်းကျင်မှမြင်တွေ့သိရှိနိုင်ပါကြောင်း၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့် တက္ကသိုလ်ကျောင်းသူများ မှာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်မလျော်ကန်သည့်အတွက်ကြောင့် များစွာစိတ် အနှောက်အယှက်ဖြစ်မိရပါ ကြောင်း အိုးဘိုတောင်မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကွန်ပျူတာတက္ကသိုလ်အနီးရှိ တက္ကသိုလ်ကျောင်းသား မိဘတစ်ဦးကပြောကြားသည်။
“အရွယ်ရောက်ပြီဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူလေးတွေအဖို့ အဲ့ဒီလမ်းတွေကဖြတ်လျောက်သွားဖို့ဆိုရင် အလွန်ဝန်လေးနေကြရပါတယ်”ဟု ပညာကောလိပ်ကျောင်းသူမိဘတစ်ဦးက သို့ပြောပြ သည်။
၎င်း အနှိပ်ခန်းများနှင့် ကေတီဗွီလုပ်ငန်းများသည် ဖျော်ဖြေရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်ကြသော်လည်း စားသောက်ဖွယ်ရာအမျိုးစုံလင်စွာ အအေးခန်းများအတွင်းသို့မှာယူ စားသုံးနိုင် ကြောင်း၊နာရီအပိုင်းအခြားအလိုက် ၀န်ဆောင်မှုနှုန်းထားများပေးဆောင်ရသည့်အပြင် လေဒီကြေး ဟုဆိုကာ အခန်းတွင်းသို့ လာရောက်အဖော်ပြု့ပေးသောအမျိုးသမီးငယ်များအတွက်ပါ ၀န်ဆောင်ခ များပေးဆောင်ရကြောင်း ၊အပန်းဖြေအနားယူရာမှပြန်လာသူတစ်ဦးက ၎င်း၏ကိုယ်တိုင်အတွေ့ အကြုံတစ်ရပ် အား ပြောပြသဖြင့် သိရှိရ သည်။
“အနှိပ်ခန်းကထွက်လာတာမြင်လိုက်ရလို့ သားကြီးသမီးကြီးတွေရှိနေတဲ့ မိသားစုအချို့လည်း အိမ်ထော င်ရေးပြ ဿနာတွေဖြစ်ပြီး မိသားစုပြိုကွဲရတာတွေရှိတယ်”ဟု အောင်မင်္ဂလာရပ်ကွက်နေ စီးပွားရေးလုပ်ငန်ရှင် တစ်ဦးက ၎င်း၏အိမ်နီးနာချင်းအခြေအနေတစ်ရပ်ကို ဆက်စပ်၍ဖွင့်ဆိုပြောပြသည်။
လွန်ခဲ့သော လအနည်းခန့်က မုံရွာမြို့ပေါ်ရှိ ကေတီဗွီနှင့် အနှိပ်ခန်းများတွင်လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားသဖြင့် သားရှင်မိဘများက စိုးရိမ်မှုများရှိခဲ့ရကြောင်း၊ အဆိုပါ အနှိပ်ခန်းများတွင် ကားကြီး ကားငယ်များဖြင့် ညအချိန်မ တော်သည့်တိုင်အောင် ၀င်ထွက်သွားလာသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း ၎င်းမြို့ခံတစ်ဦး ၏ ပြောပြ ချက်များအရသိရှိရသည်။
 
From- ThanLarWaddy Times

No comments:

Post a Comment