Tuesday, November 6, 2012

(၉) ကြိမ် မြောက် အာရှ - ဥရောပ တွေ့ဆုံ ဆွေးနွေးပွဲ (ASEM) ညီလာခံ

http://www.myawady.net.mm/images/2012/11.2012/06.11.2012/9th%20asem.jpeg

လာအိုနိုင်ငံ ဗီယင်ကျန်း မြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၉)ကြိမ် မြောက် အာရှ - ဥရောပ တွေ့ ဆုံ ဆွေးနွေးပွဲ (ASEM) ညီလာခံတွင် ဘင်္ဂလားဒေ့ရှ်၊ ဆွစ်ဇာလန်နှင့် နော်ဝေ နိုင်ငံ တို့အား အဖွဲ့ဝင်နိုင်ငံများ အဖြစ် ဝင်ခွင့် ပြု လိုက်ကြောင်း သိရှိရ ပါသည်။
(ASEM) အဖွဲ့အစည်းတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံ တိုးချဲ့ ပါဝင်လာပြီ ဖြစ်ကြောင်း သိရှိရ ပါသည်။ (ASEM) အဖွဲ့အစည်းသည် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ချိန်မှစ၍ အဖွဲ့ဝင် နိုင်ငံ ၂၆ နိုင်ငံမှ ၅၁ နိုင်ငံသို့ (၄) ကြိမ်မြောက် တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ 
အဖွဲ့ဝင် နိုင်ငံများတွင် ဥရောပ နိုင်ငံများဘက်မှ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံ၊ ဥရောပ ကော်မရှင်၊ ရုရှားနှင့် အသစ် ဝင်ရောက်လာသည့် နော်ဝေ၊ ဆွစ်ဇာလန် နိုင်ငံတို့ ဖြစ်ပြီး အာရှနိုင်ငံများ ဘက်မှ အာရှ - ပစိဖိတ်နိုင်ငံ များအပြင် အာဆီယံ ဒေသနိုင်ငံ ၂ဝ တို့ ပါဝင်ကြောင်း သိရှိရ ပါသည်။
 (ASEM) ညီလာခံအား ၁၉၉၆ ခုနှစ်မှ စ၍ အာရှနှင့် ဥရောပ နိုင်ငံများတွင် ၂ နှစ် တစ်ကြိမ် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
မ၀တီ

No comments:

Post a Comment