Tuesday, November 6, 2012

ရခိုင်ဒုက္ခသည်များကိုအမေရိကန်ပြည်ထောင်စုရောက် ရခိုင်မိသားစုများက မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့် လှူဒါန်း


ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးရာတွင်  မိမိမြို့ ရွာမှာနေ    မိမိရပ်ကွက်မှာ စားမိမိတို့ မိသားစုနှင့် အေးအတူ ပူအမျှ  နေထိုင်ကြသော  ရခိုင်လူမျိုး တို့ မှာတိုင်းတပါးမှ ခိုးဝင်လာသူဘင်္ဂလီကုလား များကြောင့် နေအိမ်များ မီးရို့ ခံရခြင်း ၊ သတ်ဖြတ်ခံ ရခြင်း ၊ အိုးမဲ့ အိမ်မဲ့  လယ်မဲ ယာမဲ့ ဖြစ်ရခြင်း
တို့ ကြောင့် ဒုက္ခသည်များအဖြစ် ကျရောက်သွားရသည် ။ မိမိတို့ မိဖညီအကို ဆွေမျိုးသားချင်းတို့ ၏ ဒုက္ခသည်များဘ၀မှ နဂိုရ်မူလအခြေအနေထိရောက်အောင် အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးမိသားစုများက ၀ိုင်းဝန်း ကူညီထောက်ပံ့ရေး အစီအစဉ်များ ပြုလုပ်တိုင်ပင်ညှိနိုင်းကြကာရံပုံငွေအလှူငွေများကို စုဆောင်းေ ကာက် ခံကြပြီးဖြစ် သည် ။

 အမေရိကပြည်ထောင်စု  အိုင်အိုဝါးပြည်နယ်မှ ရခိုင်အမျိုးသားရေးအသင်း တွင် ပူးပေါင်းထည့်ဝင်သည့်  မြောက် ကာ ရိုလိုင်းနားပြည်နယ် ၊ ဖလော်ရီဒါပြည်နယ် ၊မီရှီဂန်ပြည်နယ်တို့ မှ ရံပုံငွေအလှူငွေများကို လွန်ခဲ့ သည့်နေ့ က ( ဒေါ်လာ-၁ရ၀၀၀ ) ကို ပေးအပ်ခဲ့ ကြပြီး ယနေ့ တွင် အင်ဒီးယားနာပြည်နယ် မှ မျိုးချစ်ရခိုင်မိသားစုများမှ-
 ( ဒေါ်လာ-ရ၂၀၀ )- အားလုံးစုစုပေါင်း မြန်မာကျပ်ငွေ သန်း( ၂၀ ) နီးကပါးခန့် ကို ပေးပို့ လှူဒန်း ခဲ့ ကြခြင်းဖြစ်သည် ။

ယခုကဲ့ သို့ လှူဒန်းခဲ့ ခြင်းနှင့်ပတ်သက်၍ အင်ဒီးယာနားပြည်နယ်မှ လူငယ်များက ရခိုင်ဒုက္ခသည်များအား လှူဒန်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု ပြောဆိုပြီး နောင်ကိုလည်းဆက်တိုက် လှူဒန်းမည်ဖြစ်သလို ဆေးရုံတက်ရောက်ကုသနေသော လူနာများအားလည်း စိတ်အားမငယ်ဖို့ နှင့် လူကောင်းပကတိအထိ ဖြစ်လာအောင် ကုသစရိတ်များကို ပေးပို့  ကူညီသွားမည်ဟု ပြောဆိုသွားသည် ။

အိုင်အိုဝါးပြည်နယ် ရခိုင်အမျိုးသားရေးအသင်းမှ နာယကကြီး တဦးဖြစ်သူ ဦးဝင်းနိုင်ကလည်း စည်းစည်းရုံးရုံးနဲ့ ရခိုင်လူမျိုးများက ရှိနေသည့်အတွက်အထူးပင်အားရပါကြောင်းနှင့် ဒုက္ခကျရောက်နေသော မိဖပြည်သူများအား နောင်ကိုလည်း ဆက်လက်လှူဒန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည် ။

ရခိုင်အမျိုးသားညီညွတ်ရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုခိုင်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များဖြစ်ကြရသော မိဖပြည်သူ ရဟန်းရှင်လူများအား အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးများအနေဖြင့် မည်သည့်အချိန်မှာမှမျက်ကွယ်ပြု၍ မရပါကြောင်း ၊ ယခုကဲ့ သို့  ဖြစ်သွားရသည့် ကံကြမ္မာဆိုးကို ခါးစည်းအောင် ခံစားကြရသည့်မိဖပြည်သူများအား အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်းနှင့် အခြားသော ပြည်နယ်များမှ ရခိုင်လူမျိုး မိသားစုများကိုလည်းအတိဒုက္ခရောက်နေသော မိဖပြည်သူရှင်လူရဟန်းများအား လှူဒန်းလိုပါက မိမိတို့ ရခိုင် အမျိုးသားရေးအသင်းထံသို့  ဆက်သွယ် လှူဒန်းနိုင်ပြီး မိမိ၏ ဖုံးနံပါတ်မှာ ( ၀၀၁-၆၄၁-၃၅၁-၅၂၉၅ ) ဖြစ်ပါသည်ဟု  ပြောဆိုသွားပါသည် ။


ခိုင်အောင်ကျော် ( နယူးယောက်)

No comments:

Post a Comment