Thursday, November 22, 2012

လှိုင်သာယာ လယ်သမားတွေ ဆက်လက်တိုက်ပွဲဝင်



ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာ ၄ ရွာက လယ်သမားတွေဟာ လသာမြို့နယ်က ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြနေတာ ၃ ပတ်ကျော်ကြာအပြီး ဒီကနေ့မနက်ပိုင်းမှာ
လသာမြို့နယ်တ၀ိုက် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဝါ၀ါဝင်းကုမ္ပဏီရှေ့ သပိတ်စခန်းဖွင့်နေတဲ့ ရက်တွေအတွင်းမှာ လယ်သမားတွေရဲ့တောင်းဆိုချက်တွေကို အကောင်အထည် မဖော်ပေးတဲ့အတွက် အခုလို လမ်းလျှောက်ဆန္ဒပြရတာဖြစ်ပြီး နောက်နေ့တွေမှာလည်း အခုလို ဆက်ပြသွားမယ်လို့ ဆန္ဒပြလယ်သမား ကိုကြည်ရွင်က ပြောပါတယ်။
လယ်သမား အယောက် (၂၀)ကျော်ဟာ လသာရဲစခန်းရှေ့ကနေ လမ်း (၂၀)၊ ကမ်းနားလမ်းနဲ့ (၁၇)လမ်းတွေကို ချီတတ်ဆန္ဒပြခဲ့ကြပြီး အဲဒီကနေ သပိတ်စခန်းတည်ရှိတဲ့ ၀ါဝါ၀င်းကုမ္ပဏီရှေ့ကို လမ်းလျှောက်ကြတာ ဖြစ်ပါတယ်။

သပိတ်စခန်းဖွင့်တာ (၂၁)ရက် ကျော်လာခဲ့ပေမယ့် အာဏာပိုင်တွေနဲ့ ကုမ္ပဏီဘက်က ညှိနှိုင်းဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။  လယ်သမားတွေဟာ မနက်ဖြန် မနက်ပိုင်းမှာလည်း ဆူးလေမြို့တော်ခန်းမရှေ့မှာ သွားရောက်ဆန္ဒပြမယ်လို့ သိရပါတယ်။

Ref: RFA

No comments:

Post a Comment