အစ္စရေး ဒုတိယဝန်ကြီးချုပ် ဆေလ်ဗန်ရှလွန်းမ်၏
Facebook, Twitter, LinkedIn နှင့် YouTube အကောင့်များ hack လုပ်ခံရပြီး
ပါလက်စတိုင်း ထောက်ခံအားပေးသည့် status updates များ တင်သွားခဲ့ကြောင်း
သိရသည်။ အစ္စရေး ဒုတိယဝန်ကြီးချုပ်၏
အကောင့်များကို မိမိတို့ hack
လုပ်ခဲ့ကြောင်း zCompanyHackingCrew (ZHC) က ထုတ်ဖော်ပြောကြားသည်။
ထို့အပြင် အစ္စရေး ဒုတိယဝန်ကြီးချုပ် ရှလွန်းမ်၏ အီးမေးလ်အကောင့်ကိုလည်း
ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၎င်း၏ ပုဂ္ဂိုလ်ရေး အီးမေးလ်များ၊ ၎င်းနှင့် အီးမေးလ်
အပြန်အလှန် ဆက်သွယ်ထားသူများနှင့် အချက်အလက်မှတ်တမ်းများကို
ရယူနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။
အစ္စရေးဒုဝန်ကြီးချုပ်
Ref: planet.com.mm
No comments:
Post a Comment