Tuesday, November 13, 2012

မြေငလျင်ဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတော်က ၀မ်းနည်း ကြေကွဲ ရ



ရွှေဘိုနဲ့ အနီးတ၀ိုက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မြေငလျင် ဒဏ်သင့်ဒေသ အရေးပေါ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကြိုးပမ်း ဆောင်ရွက်နေတဲ့  အစီအမံဆိုင်ရာကို သမ္မတ ရုံး က ယမန်နေ့ညက အသိပေး ကြေညာလိုက်ပါတယ်။


မြေငလျင်ဒဏ်သင့်ခဲ့လို့ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေအတွက် နိုင်ငံတော်အနေနဲ့ ၀မ်းနည်း ကြေကွဲ ရပါကြောင်းလည်း အဆိုပါ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
သမ္မတ ဦးသိန်းစိန်အနေနဲ့ မြေငလျင်သင့်ဒေသကို ကိုယ်တိုင်မသွားရောက်နိုင်တာကြောင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို စေလွှတ်ခဲ့ကြောင်းလည်း အသိပေးကြေညာမှုမှာ ပါဝင်ပါတယ်။  



ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြေငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက် အားပေး၊ ကူညီ၊ ဓာတ်ပုံ- ဧရာဝတီ 
 

No comments:

Post a Comment