Saturday, November 24, 2012

နယ်စပ်စည်ပင်ဝန်ကြီးကဒီဂရီကောလိပ်ကိုမူလနေရာ၌ ပြန်ဖွင့်နိုင်ရေးအတွက်ကျောင်းသားများ ကိုယ်စား သမ္မတထံ တင်ပြပေးမည်


မန္တလေး ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီေ ကာလိပ် ကို မူလ နေရာ၌ ပြန်ဖွင့်နိုင်ရေး နိုင်ငံတော် သမ္မတကြီးထံ တင်ပြ သွားမည်ဟု နယ်စပ် ဒေသနှင့် စည်ပင် သာယာရေး ဝန်ကြီး ဋ္ဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းက နိုဝင်ဘာလ ၂၃ရက် နေ့လည်၁၂နာရီ တွင် ဆန္ဒပြ ကျောင်းသား များနှင့် တွေ့ဆုံရာ
တွင် ပြောကြားသည်။ ဆန္ဒပြ ကျောင်းသားများ အနေဖြင့် ဆုံးဖြတ်ချက် တစ်စုံတစ်ခု မရမချင်း ယခု ဒီဂရီကောတွင် ဆက်လက် နေထိုင် ခွင့် ပြုသည်ဟု ဒုဝန်ကြီး က သတင်း မီဒီယာများ ရှေ့တွင် ကတိပြု ပြောကြားသည်။

...
အဆိုပါ တက္ကသိုလ်မှ ကျောင်းသားများကို စက်တင်ဘာလ နောက်ဆုံး ပတ်ခန့်က စတင်ကာ စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်း မြို့နယ် (ရွာသစ်ကြီး) တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် သို့ ပြောင်းရွှေ့ ပေးခဲ့သောကြောင့် ၎င်း ကျောင်းသားများက နိုဝင်ဘာလ ၂၂ရက်နေ့ ညနေ ၅နာရီ က စတင်၍ မန္တလေး မူလ ကောလိပ်သို့ လမ်းလျှောက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းကျောင်းသား များက ပြောကြားသည်။

စစ်ကိုင်း ရွာသစ်ကြီးမှ ရှစ်နာရီခန့် အကြာ လမ်းလျောက် လာခဲရာ မူလ နိုဝင်ဘာလ ၂၃ရက်နေ့ နံနက် ၁နာရီတွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုရေး ဒီဂရီကောလိပ် (မန္တလေး) သို့ ရောက်ရှိ ခဲ့ကြောင်း ဆန္ဒ ဖော်ထုတ် လမ်းလျှောက် ရာတွင် ပါဝင်သူ ကျောင်းသား တစ်ဦးက ပြောကြားသည်။

“ရွာသစ်ကြီး မှာက လမ်းပန်း ဆက်သွယ်ရေး ကအစ အားလုံး အဆင် မပြေဘူး။ မန္တလေး မှာက အားလုံး ပြေတယ်။ ကျွန်တော်တို့ ဒီကျောင်းကနေ ဘယ်ကိုမှ မပြောင်းချင်ဘူး” ဟု ၄င်းကျောင်းသား များက ဆိုသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ် လမ်းလျှောက်ရာတွင် ကျောင်းသား ၅၀၀ကျော် ပါဝင်ပြီး ရွာသစ်ကြီး မှ နတ်ခရိုင် လမ်းခွဲ၊ စစ်ကိုင်း-မုံရွာ ကားလမ်း၊ စစ်ကိုင်းတံတား၊ စစ်ကိုင်း-မြစ်ငယ် ကားလမ်း (၁၂မိုင် လမ်းဆုံ)၊ ရန်ကုန် - မန္တလေး ကားလမ်း အတိုင်း မန္တလေး စွယ်တော် အနီးရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (မန္တလေး) သို့ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း အဆိုပါ ကျောင်းသားများ က ပြောကြားသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေး ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုရေး ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ထံသို့ မန္တလေး မီဒီယာများက တွေ့ခွင့် တောင်းသော်လည်း တွေ့ခွင့် မရကြောင်း အဆိုပါ သတင်းထောက် များက ပြောကြားသည်။

အထက်ပါ ဒီဂရီ ကောလိပ်ကို လာမည့် တက္ကသိုလ် ပညာသင်နှစ် တွင် မန္တလာ ကောလိပ် အမည်ဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း အထက် မြန်မာပြည် အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ကြားရေးမှုး ချုပ် ဦးစိုးဝင်း က ပြောကြားသည်။

The Voice Weekly 
 
 
https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/599995_495584727148837_1056388723_n.jpg 

No comments:

Post a Comment