Saturday, November 24, 2012

အီဂျစ်နိုင်ငံတွင် သမ္မတမော်စီနှင့် Muslim Brotherhood အဖွဲ့အား ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိ


အီဂျစ်နိုင်ငံတွင် သမ္မတမော်စီနှင့် Muslim Brotherhood အဖွဲ့အား ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။ သမ္မတမော်စီက အစိုးအဖွဲ့ အခွင့် အာဏာကို၎င်းအနေဖြင့်ပိုမိုချုပ်ကိုင်ရန်ဒီမိုကရေစီမ ဆန်ေ သာ ဆောင် ရွက်မှုများအပေါ် ဆန္ဒပြသူများက ဒေါသတကြီး ကန့် ကွက်
ဆန္ဒပြခဲ့ကြသည်။

သမ္မတမော်စီအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူများနှင့် ၎င်းအား ထောက်ခံသူများကြား ထိပ်တိုက်တွေ့ကာ အဓိကရုဏ်းများလည်း ဖြစ်ပွားခဲ့သည်။ ယခုဖြစ်ပေါ်နေသည့် အီဂျစ်ဆန္ဒပြပွဲများ အတွင်း လူတစ်ဦးသေဆုံးကာ အခြား လူ ၈၀ ကျော် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
Planet Myanmar Network
Photo: အီဂျစ်သမ္မတ မော်စီ လုပ်ပိုင်ခွင့် တိုးယူမှုအပေါ် ကန့်ကွက်ဆန္ဒပြ
Saturday, November 24, 2012

အီဂျစ်သမ္မတ မိုဟာမက်မော်စီရဲ့ ပိုင်ခွင့်အာဏာ အသစ် ရယူပြိး တရက်အကြာ မှာ ဘဲ၊ နိုင်ငံရဲ့ မြို့တော်တော်များများမှာရှိတဲ့    မူဆလင်ညီအကိုတော်များအဖွဲ့ ရဲ့ ရုံးခန်း တွေကို အတိုက်အခံ အဖွဲ့ထောက်ခံသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

ဒီအမိန့် decree အသစ်အရ သမ္မတမော်စီရဲ့ အစ္စလာမ်မစ် မဟာမိတ်
အဖွဲ့တွေလွှမ်းမိုးထားတဲ့ ပါလီမာန်လွှတ်တော်ထဲမှာအထက်လွတ်တော်
ကို တရားဥပဒေအရဖျက်သိမ်းခွင့်နဲ့ အခြေခံဥပဒေမူကြမ်းအသစ်ရေးဆွဲ
ခွင့်တွေကို တားမြစ်နိုင်တဲ့ အာဏာကို သမ္မတကပိုင်ဆိုင်မှာဖြစ်ပါတယ်။ ဒီအမိန့်ထွက်အပြီး Ismailia , Port Said နှဲှ့Suez စတဲ့ Suez တူးမြောင်း မြို့တော် တွေမှာရှိတဲ့ မူစလင် ညီအကိုတော်များအဖွဲ့ ရုံးခန်းတွေကို မီးရှို့ခံခဲ့ရတာဖြစ်တယ် လို့ နိုင်ငံပိုင်သတင်းတွေက
ဖော်ပြကြပါတယ်။ 

တော်လှန်ပုန်ကန်မှု ကာကွယ် ရေး အတွက်အကြောင်းပြချက်နဲ့ သမ္မတ မော်စီရဲ့ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့်လိုက်တဲ သတင်း ထွက်ပေါ်လာအပြီး သောကြာနေ့ ကိုင်ရိုမြို့ Tahrir ရင်ပြင် မှာဆန္ဒပြသူတွေ စုရုံးခဲ့ကြတာဖြစ်ပါတယ်။  ဒီကျေညာချက်ဟာ တရားမ၀င်ဘူးလို့ အတိုက်အခံအဖွဲ့ဝင်တွေကပြောဆိုလိုက်ပါတယ်။

Mr. Morsi အနေနဲ့ အီဂျစ်ဖာရိုဘုရင် အသစ်တဦးလို ကိုယ်ကိုကိုယ်
 ကျေညာလိုက်တာဖြစ်တယ်လို့ သောကြာနေ့ဆန္ဒပြပွဲတက်ရောက်ဖို့ ရှိတဲ့ အတိုက်အခံခေါင်းဆောင် နိုဘဲငြိမ်းချမ်းရေးဆုရှင် Mohamed Elbaradai က ပြောဆိုလိုက်ပါတယ်။ 

ကုလ Nuclear စွမ်းအင်အေဂျင်စီအကြီးအကဲဟောင်းနဲ့ သဘောထား
ပျော့ပြောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးကလဲ သမ္မတမော်စီဟာ နိုင်ငံရဲ့ အာဏာကို ထိမ်းချုပ်ဖို့ ဆောင်ရွက်လိုက်တာဖြစ်ပြီး နောက်ဆက်တွဲ
ပြသာနာတွေရင်ဆိုင်ရနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
 လောလောဆယ်မှာ တော့ မူစလင်ညီအကို တော်များအဖွဲ့ ကို ထောက်ခံ
သူဟာ သမ္မတကိုထောက်ခံဖို့ ကိုင်ရိုမြို့တော်က သမ္မတနန်းတော်အပ်ြင်
ဖက်မှာ စုရုံးဆန္ဒပြနေကြပါတယ်။သောကြာနေ့နှောင်းပိုင်းမှာ သမ္မတ
မော်စီကပြည်သူတွေကို မိန့်ခွန်းပြောဖို့ရှိပါတယ်။ မနှစ်ကသမ္မတမူဘာရက်
ကို ဆန့်ကျင်ခဲ့တဲ့ လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းမှုမှာ တာဝန်ရှိခဲ့တဲ့
အရင်အစိုးရအရာရှိဟောင်းတွေကို ပြန်ပြီးတရားစစ်ဆေးဖို့ ကိုသမ္မတမော်စီ
က အမိန့်ထုတ်ခဲ့ပါတယ်။

VOA

No comments:

Post a Comment