Friday, November 23, 2012

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ China ခရီးစဉ် မှတ်တမ်း

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-snc6/259825_495554287151881_339092562_n.jpg

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Zhuhai မြို့တွင် ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း သည် နိုဝင်ဘာလ ၁၄ ရက်နံနက်၈နာရီတွင်Zhuhai လေဆိပ်မှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ်ဖြင့် Chengdu မြို့သို့ ထွက်ခွာခဲ့ရာ ဒေသ
စံတော်ချိန် ၁ဝ နာရီ ၅ဝ မိနစ်တွင် Chengdu လေဆိပ်သို့ ရောက်ရှိသည်။လေဆိပ်၌ ချန်ဒူး စစ်ဒေသကြီး၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Wang Qiusheng နှင့် ချန်ဒူး စစ်ဒေသကြီး ရုံးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး Sr. Col Du Junglong တို့မှ ကြိုဆိုခဲ့ပါသည်။ ဆက်လက်၍ ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်အဖွဲ့သည် Chengdu မြို့ လေယာဉ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း အုပ်စု Chengdu Aircraft Industrial Group - AVIC သို့ ရောက်ရှိခဲ့ပြီး စက်ရုံ၏ လေယာဉ် ထုတ်လုပ်မှုပိုင်း ဆိုင်ရာများအား လေ့လာခဲ့ပါသည်။ ယင်းနောက် ဆက်လက် ထွက်ခွာခဲ့ရာ Chengdu စစ်ဒေသကြီး လက်အောက်ခံ၊ အထူး စစ်ဆင်ရေး တပ်မဟာ တပ်စခန်း Special Combating Brigade သို့ ညနေ ၃ နာရီ ၃ဝ မိနစ်တွင် ရောက်ရှိရာ အထူးစစ်ဆင်ရေး တပ်မဟာမှူး Col: Su Jie နှင့် တပ်မဟာ နိုင်ငံရေးမှူး Col: Ye Zhenghua တို့မှ ကြိုဆိုခဲ့ ပါသည်။ ညနေ ၆ နာရီတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချန်ဒူး စစ်ဒေသကြီး၊ ဒုတိယ စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး Li Zuocheng နှင့် ဟိုတယ်၏ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့်အတူ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိကြီးများ တက်ရောက်ကြပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ပါသည်။
 မြ၀တီ
https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-snc6/259825_495554287151881_339092562_n.jpg 
 

No comments:

Post a Comment