Friday, November 23, 2012

ငြိမ်းချမ်းရေးအတွက် ကမ်းလက်များ


၂၂-၁၁-၂၀၁၂ ရက်နေ့ ၀၈၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊   ကျောက်ကြီးမြို့၊မေတ္တာရပ်ကွက်ရှိ KNU ဆက်ဆံရေးရုံးတွင် အမှတ်(၃) စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးအောင် ဦးဆောင်သည့် အဖွဲ့နှင့်ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ KNU ဗဟိုမှ စောတူး တူးလေး၊ စေားဘောပိုး၊ ဖဒိုအေ၀မ်းအောင်၊
ဗိုလ်မောင်အေးတို့ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် စောတူးတူးလေးမှ KNU ဗဟိုအကြီးအကဲများ၏ ရာထူးအပြောင်းအလဲများနှင့် ပတ်သက်၍ တည်ငြိမ်သွားပြီဖြစ်ကြောင်းကို ကရင်တိုင်းရင်းသားများ၊ မိတ်ဖက်အဖွဲ့အစည်းများ သိရှိအောင်
ဆွေးနွေးခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် KNU တပ်များ၏
သွားလာမှု၊ ရိက္ခာသယ်ယူရန် လမ်းဖောက်ခြင်း၊ ပို့ဆောင်ခြင်းများနှင့်
ပတ်သက်၍ နှစ်ဘက်တပ်များ ပူးပေါင်းဆောင်ရွက်ပါက ငြိမ်းချမ်းရေး
အတွက် ယုံကြည်မှု ရရှိမည်ဖြစ်ကြောင်း၊ (၄)နှစ်တစ်ကြိမ်ကျင်းပသည့် ၂၆-၁၁-၂၀၁၂ ရက်နေ့တွင် ပြုလုပ်မည့် KNU ကွန်ဖရင့် တွင်လည်း ငြိမ်းချမ်းရေးအတွက် အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဗိုလ်မှူးကြီး မျိုးအောင်မှ လမ်းဖောက်လုပ်မှုတွင် ကားမိုင်းကွဲခဲ့ခြင်းနှင့် ပတ်သက်၍ အထက်အကြီးအကဲများက နယ်မြေအန္တရာယ် ကင်းရှင်းရေး အတွက် KNU အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ တိုက်ပွဲဖြစ်ပွားပါက
နှစ်ဘက်မိသားစုများ ဒုက္ခရောက်၊ ပူပင်သောကရောက်ရကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် အမြန်ဆုံးဆွေးနွေး အကောင်အထည်
ဖော်ရန် အရေးကြီးကြောင်း၊ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း
ပြောကြား၍ ဆွေးနွေးပွဲ ၀၈၄၅ အချိန် ပြီးဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည် Facebook

No comments:

Post a Comment