Sunday, December 30, 2012

ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းတွင်လည်း စပါးဈေးကျဆင်းနေ၍ ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန် နိုင်ငံတော်သို့ တင်ပြထား

Photo: ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းတွင်လည်း စပါးဈေးကျဆင်းနေ၍ ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန်
နိုင်ငံတော်သို့ တင်ပြထား  
Sunday, 30 December 2012

ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းစပါးဈေး
မှာလည်း တင်းတစ်ရာလျှင် ကျပ်သုံးသိန်းအောက်သို့ ကျဆင်းလာသဖြင့် ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန် နိုင်ငံတော်သို့ တင်ပြ
ထားကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သတင်းရရှိသည်။

တောင်သူလယ်သမားများ၏ မိုးစပါးထွက်ရှိမှုမှာ ဒေသစုံလင်လာခြင်းနှင့်
စေပါးစိုက်ပျိုးရန် အရင်းအနှီးလိုအပ်ချက်ရှိခြင်းတို့ကြောင့် ပြည်တွင်း၌
ရောင်းလိုအားများပြားကာ စပါးဈေးမှာ ရိုးရိုးဧည့်မထ (၄၆) ပေါင် ကိုက်တင်းတစ်ရာလျှင် ကျပ်သုံးသိန်းအောက်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

တောင်သူများ နွေစပါးစိုက်ရန်အတွက် အရင်းနှီးလို၍ စုပြုံရောင်းချခြင်း၊ ဆန်စက်ပိုင်၊ ဆန်ကုန်သည်များ လက်ဝယ်၌ ဆန်စပါးပမာဏ များပြားပြီး ငွေအရင်းအနှီး လိုအပ်နေခြင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဆန်များစုပုံ၍ ရောင်းလိုအားများပြီး ဈေးနှုန်း
ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံမှ အဓိကတင်ပို့သော နိုင်ငံများတွင် နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်ဖြစ်သောကြောင့် ဆန်သင်္ဘောများ စောင့်ဆိုင်းနေရခြင်း၊ ဆန်တင်သွင်းရောင်းချရသည့် နိုင်ငံများတွင် ယခုနှစ် ဆန်စပါးအထွက်
ကောင်း၍ ကမ္ဘာ့ဆန်ဈေးကွက် အကျဖက်သို့ ဦးတည်လာခြင်းတို့ကြောင့်
ပြည်တွင်းစပါး ဈေးနှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကနိုင်ငံတော်
သမ္မတထံ တင်ပြသည့်စာတွင် ရေးသားထားချက်အရ သိရသည်။

နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ကော်မတီမှလည်း လက်ကျန်ငွေဖြင့် ၀ယ်ယူနိုင်မည့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တန်ချိန်တစ်သောင်းအား ၀ယ်ယူပေးရန်၊ မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ပေါ်ဆန်စပါး တင်းတစ်သိန်းနှင့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်အိတ် ၅၀၀၀ မှ ၁၀၀၀၀ နေ့စဉ် ၀ယ်ယူပေးရန်၊ ဆန်ကုန်သည်အသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးအထူးပြု ကုမ္ပဏီများမှ စပါးနှင့်ဆန်အား နေ့စဉ်ဝယ်ယူပေးရန်နှင့် စပါး၊ ဆန်ရောင်းချရန် အခက်အခဲဖြစ်နေသော တောင်သူများမှ ဒေသအလိုက် စုပေါင်း၍ စာရင်းပြုစုပြီး၊ နမူနာဆန်နှင့်အတူ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကြီးကြပ်မှု ကော်မတီနှင့် ဆန်စပါးအသင်းချုပ်ထံသို့ ဆက်သွယ်၍ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းသည် ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်များ အသင်း၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်
မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) တို့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

နိုင်ငံတော်အစိုးရထံသို့ တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်
အောက်သို့ ရောက်ရှိနေသည့် စပါးဈေးအား ထိန်းသိမ်းကာကွယ်ရန်
အတွက် ဆန်တန်ချိန် တစ်သိန်းအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ၀ယ်ယူပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

Eleven Media Group ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းစပါးဈေး မှာလည်း တင်းတစ်ရာလျှင် ကျပ်သုံးသိန်းအောက်သို့ ကျဆင်းလာ သဖြင့် ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန် နိုင်ငံတော်သို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သတင်းရရှိသည်။

တောင်သူလယ်သမားများ၏ မိုးစပါးထွက်ရှိမှုမှာ ဒေသစုံလင်လာခြင်း   နှင့် စေပါးစိုက်ပျိုးရန် အရင်းအနှီးလိုအပ်ချက်ရှိခြင်း တို့ ကြောင့် ပြည်တွင်း၌ ရောင်းလိုအားများပြားကာ စပါးဈေးမှာ ရိုးရိုးဧည့်မထ (၄၆) ပေါင် ကိုက်တင်းတစ်ရာ လျှင် ကျပ်သုံးသိန်းအောက်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

တောင်သူများ နွေစပါးစိုက်ရန်အတွက် အရင်းနှီးလို၍ စုပြုံရောင်းချခြင်း၊ ဆန်စက်ပိုင်၊ ဆန်ကုန်သည်များ လက်ဝယ်၌ ဆန်စပါးပမာဏ များပြားပြီး ငွေအရင်းအနှီး လိုအပ်နေခြင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဆန်များစုပုံ၍ ရောင်းလိုအားများပြီး ဈေးနှုန်းကျဆင်းနေခြင်း၊ မြန်မာနိုင်ငံမှ အဓိကတင်ပို့သော နိုင်ငံများတွင် နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်ဖြစ်သောကြောင့် ဆန်သင်္ဘော များ စောင့်ဆိုင်းနေရခြင်း၊ ဆန်တင်သွင်းရောင်းချရသည့် နိုင်ငံများတွင် ယခုနှစ် ဆန်စပါးအထွက် ကောင်း ၍ ကမ္ဘာ့ဆန်ဈေးကွက် အကျဖက်သို့ ဦးတည်လာခြင်းတို့ကြောင့် ပြည်တွင်းစပါး ဈေးနှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း ကနိုင်ငံတော် သမ္မတထံ တင်ပြသည့်စာတွင် ရေးသားထားချက်အရ သိရသည်။

နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ကော်မတီမှလည်း လက်ကျန်ငွေဖြင့် ၀ယ်ယူနိုင်မည့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တန်ချိန်တစ်သောင်းအား ၀ယ်ယူပေးရန်၊ မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ လီမိ တက် (MAPCO) ပေါ်ဆန်စပါး တင်းတစ်သိန်းနှင့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်အိတ် ၅၀၀၀ မှ ၁၀၀၀၀ နေ့စဉ် ၀ယ်ယူပေးရန်၊ ဆန်ကုန်သည်အသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးအထူးပြု ကုမ္ပဏီများမှ စပါးနှင့်ဆန်အား နေ့စဉ်ဝယ်ယူပေးရန်နှင့် စပါး၊ ဆန်ရောင်းချရန် အခက်အခဲဖြစ်နေသော တောင်သူများမှ ဒေသအလိုက် စုပေါင်း၍ စာရင်းပြုစုပြီး၊ နမူနာဆန်နှင့်အတူ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကြီးကြပ်မှု ကော်မတီနှင့် ဆန်စပါးအသင်းချုပ်ထံသို့ ဆက်သွယ်၍ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းသည် ညီနောင်အသင်း များဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်များ အသင်း၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်
မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) တို့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း လည်း သိရှိရသည်။

နိုင်ငံတော်အစိုးရထံသို့ တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ် အောက်သို့ ရောက်ရှိနေသည့် စပါးဈေး အား ထိန်းသိမ်းကာကွယ်ရန် အတွက် ဆန်တန်ချိန် တစ်သိန်းအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ၀ယ်ယူပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

From : Eleven Media Group

No comments:

Post a Comment