Wednesday, December 12, 2012

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်ကို အတိတ်နိမိတ် ကောင်းဟု သတ်မှတ်၍ လက်ထပ်ကြမည့် ဟောင်ကောင်နှင့် စင်ကာပူမှ စုံတွဲများ


၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်ကို အတိတ်နိမိတ် ကောင်းဟု သတ်မှတ်၍ လက်ထပ်ကြမည့် ဟောင်ကောင်နှင့် စင်ကာပူမှ စုံတွဲများ

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်အား အတိတ်နိမိတ် ကောင်းသော နေ့ တစ်နေ့ အဖြစ် သတ်မှတ်ကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ချစ်သူစုံတွဲ အများအပြားသည် လက်ထပ် မင်္ဂ လာပွဲ ကျင်းပ သွားနိုင်ဖွယ် ရှိကြောင်း ၎င်း နိုင်ငံများမှ အာဏာပိုင် အဖွဲ့များက ခန့်မှန်း ပြောကြားထားသည်။

၁ဝ/၁ဝ/၁ဝ  နှင့် ၁၁/၁၁/၁၁ ရက်များတွင်လည်း ချစ်သူစုံတွဲ အများစုက ရွှေလက်တွဲ ခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကို အချစ်နေ့စွဲ သင်္ကေတအဖြစ် သတ်မှတ်ကာ မင်္ဂ လာပွဲများ ဆင်နွှဲရန် စုံတွဲ ၆၉၆ တွဲ ထံမှ လက်ထပ်ခွင့် လျှောက်လွှာများကို ရရှိထားကြောင်း ဟောင်ကောင်ရှိ လက်ထပ်ခွင့် မှတ်တမ်းတင်ရေး ဌာနမှ ပြောကြား ခဲ့သည်။

အောက်တိုဘာလ အတွင်း၌ လက်ထပ်ရန် လျှောက်လွှာတင်သူ ဦးရေမှာ ၁၇၇ ဦးသာ ရှိပြီး  ၁၂/ ၁၂/၂ဝ၁၂ တွင် လက်ထပ်မည့် စုံတွဲမှာ အောက်တို ဘာ လထက် ၄ ဆ နီးပါး ပိုများကြောင်း အဆိုပါ ပြော ရေးဆိုခွင့် ရှိသူက ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင်လည်း အဆိုပါ နေ့တွင် လက်ထပ်ရန် စုံတွဲ ၅၄ဝ က လက်ထပ်ခွင့် လျှောက်လွှာတင်ထားကြောင်း စင်ကာပူနိုင်ငံ ၏ လက်ထပ်ခွင့် မှတ်တမ်း တင်ရေးဌာန၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။ 

http://www.myawady.com.mm/allnews/global/item/1491-2012-12-12-08-36-44၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်အား အတိတ်နိမိတ် ကောင်းသော နေ့ တစ်နေ့ အဖြစ် သတ်မှတ်ကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ချစ်သူ စုံတွဲ အများအပြားသည် လက်ထပ် မင်္ဂ လာပွဲ ကျင်းပ သွားနိုင် ဖွယ် ရှိကြောင်း ၎င်း နိုင်ငံများမှ အာဏာပိုင် အဖွဲ့များက ခန့် မှန်း ပြော ကြား ထားသည်။

၁ဝ/၁ဝ/၁ဝ နှင့် ၁၁/၁၁/၁၁ ရက်များတွင်လည်း ချစ်သူစုံတွဲ အများစုက ရွှေလက်တွဲ ခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကို အချစ်နေ့စွဲ သင်္ကေတအဖြစ် သတ်မှတ်ကာ မင်္ဂ လာပွဲများ ဆင်နွှဲရန် စုံတွဲ ၆၉၆ တွဲ ထံမှ လက်ထပ်ခွင့် လျှောက်လွှာများကို ရရှိထားကြောင်း ဟောင်ကောင်ရှိ လက်ထပ်ခွင့် မှတ်တမ်း တင်ရေး ဌာနမှ ပြောကြား ခဲ့သည်။

အောက်တိုဘာလ အတွင်း၌ လက်ထပ်ရန် လျှောက်လွှာတင်သူ ဦးရေမှာ ၁၇၇ ဦးသာ ရှိပြီး ၁၂/ ၁၂/၂ဝ၁၂ တွင် လက်ထပ်မည့် စုံတွဲမှာ အောက်တို ဘာ လထက် ၄ ဆ နီးပါး ပိုများကြောင်း အဆိုပါ ပြော ရေးဆိုခွင့် ရှိသူ က ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင်လည်း အဆိုပါ နေ့တွင် လက်ထပ်ရန် စုံတွဲ ၅၄ဝ က လက်ထပ် ခွင့် လျှောက် လွှာ တင် ထားကြောင်း စင်ကာပူနိုင်ငံ ၏ လက်ထပ်ခွင့် မှတ်တမ်း တင်ရေးဌာန၏ ဝက်ဘ် ဆိုက် တွင် ဖော်ပြ ခဲ့ သည် ဟု သိရသည်။

No comments:

Post a Comment