Wednesday, December 12, 2012

၁၂ ရက် ၁၂ လ ၂၀၁၂ခုနှစ် (မနက်ဖြန်) နေ့လည် နှစ်နာရီတွင် မြို့ကြီး ၉မြို့ရှိ သံဃာထု လက်ပံတောင်းတောင် အရေး ဆက်လက် ဆန္ဒ ထုတ်ဖော်မည်


ဒီဇင်ဘာ(၁၂)ရက်နေ့ နေ့လည်နှစ်နာရီမှစတင်ကာ မြန်မာနိုင်ငံရှိ မြို့ကြီးကိုးမြို့ သံဃာထုက လက်ပံတောင်း တောင် သပိတ် စခန်းများ မှသံဃာတော် များအားဖြိုခွင်း ခဲ့မှုနှင့်ပတ်သက်၍ အစိုးရ ၏ဆောင်ရွက် ချက်များ အပေါ်ကျေနပ်မှု မရှိသဖြင့် ဆန္ဒ ထုတ်ဖော်မှု များပြုလုပ်သွား မည်ဖြစ်ကြောင်း အဆိုပါ သံဃာထုငြိမ်း ချမ်းစွာဆန္ဒထုတ်ဖော်ပွဲ ကိုဦးဆောင်မည့် ဗုဒ္ဓသာဝက ရဟန်းပျို အဖွဲ့မှအ ရှင်အဂ္ဂသီရိ က ဆိုသည်။

အဆိုပါသံဃာထုသည် ရန်ကုန်မြို့၊မုံရွာမြို့၊မန္တလေးမြို့၊တောင်ကြီးမြို့ ၊ပြည်မြို့၊မြင်းခြံမြို့၊ ပဲခူးမြို့၊  ချောက် နှင့် ပခုက္ကူမြို့များ တွင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ပြီး အ ခြားမြို့များ မှသံဃာထုများ မှလည်း မိမိတို့ ၏ဆန္ဒ သဘော အလျောက် ဆန္ဒဖော်ထုတ် မှုရှိမရှိကို မသိရသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းဆန္ဒထုတ် ဖော်ကြမည့် သံဃာထုအတွက်လည်း အ ကြမ်းဖက်မခံရရေး၊ ဆန္ဒ ထုတ် ဖော် သည့် ရည်ရွယ်ချက်များ လွှဲချော် မသွားနိုင်စေရေး နှင့်မီဒီယာများနှင့် မေးမြန်းဖြေကြား မှုများ နှင့် ပတ် သက် ၍ ဖြေကြားနိုင်ရေး တို့အ တွက် ၂၀၀၇ ကုန်ဈေးနှုန်း ကျ ဆင်းရေးအ ဖွဲ့နှင့်ပြည်သူ လူထုတို့က ဝန် ရံပေးသွား မည် ဖြစ်ကြောင်း အဆိုပါ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှကို ထင်ကျော်(ခ) ကျော် ထင်ကဆိုသည်။

''ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ့် သံဃာတွေ ကို အခြား ရည်ရွယ်ချက်တွေဝင်မလာဖို့နဲ့ အကြမ်း ဖက်မခံရဖို့၊ မီဒီ ယာတွေဖြေကြားတဲ့ အခါ မှာလည်း ဒီငြိမ်းချမ်းစွာဆန္ဒပြတဲ့အထဲမှာ မပါ ဘဲ ဘေး ပရော ဂတွေ ဝင်မလာနိုင်ရေး နဲ့ ဆန္ဒပြ ရတဲ့ ရည်ရွယ် ချက်တွေ လွှဲချော်မ သွားရေးအတွက် ဝန်းရံသွား မှာပါ။ကျွန်တော်တို့ သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နိုင်ဖို့ ကျွန်တော်တို့အဖွဲ့နဲ့ အတူ ပြည်သူ လူထု တွေပါဝင်ပြီး ဝန်းရံ သွားမှာပါ''ဟု၂၀၀ရကုန်ဈေးနှုန်းကျ ဆင်း ရေးအဖွဲ့မှ ကိုထင်ကျော် (ခ) ကိုကျော်ထင် က ဆိုသည်။

အရှင်အဂ္ဂသီရိက ''ဘုန်းကြီး တို့ မနက်ဖြန် နေ့လည် နှစ်နာရီမှ ရွှေတိဂုံ အရှေ့မုခ် ကြေးသွန်း ဘုရားကြီး ကစပြီး ဆိုင်းဘုတ် ကိုင်ပြီး ငြိမ်းချမ်း စွာဆန္ဒထုတ် ဖော်သွားမှာပါ။ဘုန်းဘုန်းတို့ အောက်မြန်မာပြည် သံဃာ ထုကတောင်း ဆိုထားတဲ့ အ ချက် ငါး ချက် ကို အစိုးရကလုပ်ကိုင်ဆောင် ရွက်ချက်တွေမှာ အားနည်းတဲ့ အတွက် ဘုန်းဘုန်းတို့ သံဃာထုက တစ်နိုင်ငံလုံးအ တိုင်း အတာနဲ့ ဆန္ဒပြသွားမှာပါ။အဓိက ရည်ရွယ်က လက် ပံတောင်းတောင်သပိတ် စခန်းကသံဃာတော်တွေကို အစိုးရ ကဖြို ခွင်းခဲ့တဲ့ အပေါ်မကျေ နပ်လို့ပါ။ ကျန်တဲ့ စီမံကိန်းလုပ်တာ မလုပ်တာဆိုတာ ကိုဘုန်း ဘုန်းတို့ပြတာ မဟုတ် ဘူး။ ဘုန်းဘုန်းတို့ ငြိမ်းချမ်း စွာပဲ ဆန္ဒ ထုတ်ဖော် မယ်။   မနက် ဖြန်ကျရင် မီဒီယာတွေကိုလည်း ဘုန်း ဘုန်းတို့က ဘာတွေ မကျေနပ်လို့ဆိုတာကို စာရွက်တွေဝေ သွားမှာပါ''ဟုမိန့်တော်မူ သည်။

No comments:

Post a Comment