Wednesday, December 12, 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး 
Wednesday, 12 December 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေး
ခဲ့သည်ဟု သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တင်ပြ ဆွေးနွေးရာတွင် ဒလဘက်ခြမ်းအား ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့ပြုလုပ်လိုသည့် ဒလအိမ်ရာစီမံကိန်း၊ ဒလအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်ဒလ ဆက်သွယ်သည့်တံတား ဆောက်လုပ်ရန် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုပါက ကုမ္ပဏီ၏ အစီအစဉ်ဖြင့် လေ့လာတိုင်းတာမှု လုပ်ငန်းများ
ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းများ အတွက်ပါ Proposal တင်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ
ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်
လည်း သဘောတူသည်ဟု ဟန်ရှင်းကုမ္ပဏီဘက်က တင်ပြခဲ့သည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ
သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့် အသုံးပြုသွားရန် ခန့်မှန်းထားသည်
ဟုလည်း သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ်သည့် ရန်ကုန်မြစ်ဖြတ် မြစ်ကူးတံတား
လေးစင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယားတို့ လေ့လာတိုင်းတာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

Eleven Media Groupကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီတွင် လာရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တင်ပြ ဆွေးနွေးရာတွင် ဒလဘက်ခြမ်းအား ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့ပြုလုပ်လိုသည့် ဒလအိမ်ရာစီမံကိန်း၊ ဒလအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်ဒလ ဆက်သွယ်သည့်တံတား ဆောက်လုပ်ရန် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီမှ ခွင့်ပြုပါက ကုမ္ပဏီ၏ အစီအစဉ်ဖြင့် လေ့လာတိုင်းတာမှု လုပ်ငန်းများပြုလုပ် သွား မည်ဖြစ်ပြီး စီမံကိန်းများ အတွက်ပါ Proposal တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ
ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်လည်း သဘောတူသည်ဟု ဟန်ရှင်းကုမ္ပဏီဘက်က တင်ပြခဲ့သည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာမှုအား ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့် အသုံးပြုသွားရန် ခန့်မှန်းထားသည်ဟုလည်း သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ် သည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ်သည့် ရန်ကုန်မြစ်ဖြတ် မြစ်ကူး တံတား လေးစင်းဆောက် လုပ်ရန် အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယား တို့ လေ့လာ တိုင်း တာ မှုများ ပြုလုပ်နေ သည်ဟု လည်း သိ ရသည်။

Eleven Media Group


No comments:

Post a Comment