Wednesday, December 12, 2012

တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်အရေး အဓိကဆွေးနွေးမည်

တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်အရေး အဓိကဆွေးနွေးမည်
Wednesday, December 12, 2012 

လာမည့် လွှတ်တော်တွင် တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်အရေး အဓိကထား ဆွေးနွေးရန်ရှိကြောင်း ပြည်သူ့ လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု
ကော်မတီအတွင်းရေးမှူး ဒေါ်ဒွဲဘူကပြောသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အပါအ၀င် ဒေသခံ ပြည်သူများကို တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဒေါ်ဒွဲဘူ ဆိုသည်။

“KIA ဘက်ခြမ်းကိုတော့ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့မှ သွားရပါမယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန်
အစည်းအဝေးများ မစတင်မီကာလ လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသား
ရေးရာ ကော်မတီများ ကချင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်နေကြောင်း အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်ကပြောသည်။

ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးရရှိစေရန်
အတွက် ပြည်ထောင်စုအစိုးရ၊ KIA/ KIO မှ တာဝန်ရှိသူများနှင့် ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ကချင်နှစ်ခြင်းအသင်းတော် KBC ဖွံ့ဖြိုးရေးတာဝန်ခံနှင့် စစ်ရှောင်စခန်းများ စောင့်ရှောက်ရး ဒုတိယတာဝန်ခံ ဦးကွမ်းရှောင်က
ပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းများကို ဆွေးနွေးမှု မပြုလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးပြီးမှသာ အပစ်အခတ်ရပ်စဲမည်ဆိုသော အချက်အား ကိုင်စွဲထားခြင်းကြောင့်ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း
ဖြစ်သည်ဟုကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်
အောင်သော်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးမေးခွန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင်
ဖြေကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင်တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စု
အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ နှင့် KIO ငြိမ်းချမ်းရေး
ဖော်ဆောင်မှုအဖွဲ့တို့သည် နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

၁၉၆၁ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ခဲ့သော ကချင်လွတ်မြောက်ရေး
တပ်မတော် (KIA) သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်
ရပ်စဲခဲ့သည်။ သို့ သော် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး အစိုးရနှင့် KIA တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ရာ တစ်နှစ်ကျော်
ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

7Day News Journalလာမည့် လွှတ်တော်တွင်တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ် အရေး အဓိကထား ဆွေးနွေးရန်ရှိကြောင်း ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနှင်  ပြည်တွင်းငြိမ်း ချမ်းရေး  ဖော်ဆောင် မှုကော် မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ ကပြော သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အပါ အ၀င် ဒေသ ခံ ပြည်သူ များကို တွေ့ဆုံ မှုများ ပြုလုပ် သွား မည်ဖြစ်ကြောင်းဒေါ်ဒွဲဘူ ဆိုသည်။
“KIA ဘက်ခြမ်းကိုတော့ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့မှ သွားရပါမယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြော သည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးများ မစတင်မီကာလ လွှတ်တော်နှစ် ရပ်၏ တိုင်းရင်းသား ရေးရာ ကော်မတီများ ကချင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်နေကြောင်း အမျိုးသား လွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန် ကပြောသည်။

ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးရရှိစေရန်အတွက် ပြည်ထောင်စုအစိုးရ၊ KIA/ KIO မှ တာဝန်ရှိသူများနှင့် ပြည်သူကို ကိုယ်စားပြုသော လွှတ်တော် ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေး မှုမျိုး လိုအပ်ကြောင်း ကချင်နှစ်ခြင်းအသင်းတော် KBC ဖွံ့ဖြိုးရေးတာဝန်ခံနှင့် စစ်ရှောင် စခန်းများ စောင့်ရှောက် ရေး ဒုတိယတာဝန်ခံ ဦးကွမ်းရှောင်ကပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းများကို ဆွေးနွေးမှု မပြု လုပ်ဘဲ နိုင်ငံရေး အရ ဆွေးနွေးပြီးမှသာ အပစ်အခတ်ရပ်စဲမည်ဆိုသော အချက်အား ကိုင်စွဲ ထားခြင်းကြောင့် ပစ်ခတ်မှု များ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟုကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးမေးခွန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တ ပုံမှန်အစည်းအဝေးတွင်ဖြေကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင်တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှုကော် မတီ နှင့် KIO ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့သည် နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

၁၉၆၁ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ သို့ သော် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး အစိုးရနှင့် KIA တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ရာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

7Day News Journal


No comments:

Post a Comment