Wednesday, December 12, 2012

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိ နိုင်မည်

Photo: တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိ နိုင်မည်
Wednesday, December 12, 2012 

''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံကြောင်း ယခုလ ၃ ရက်နေ့ က ကျောက်ဆည် မြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း တွေ့ဆုံပွဲ၌
ပြောကြားသည်'' လို့ အစ ချီထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ် တစ်စောင်မှာ ဖတ်လိုက် ရတယ်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့ မြို့တော်ခန်းမ မှာကျင်းပ တဲ့ တွေ့ဆုံ ပွဲမှာ ပြောခဲ့ တာပေါ့။ တိုင်းပြည် စီးပွားရေး မကောင်းဘဲနဲ့ စစ်တပ်အတွက် စစ်လက်နက် အသုံးအဆောင် ပစ္စည်းတွေကို ဘယ်လို ဝယ်မလဲ၊ တပ်မတော်ကို တိုက်ခိုက်တယ်၊ မုန်းတယ်လို့ မြင်ကြ မှာပဲ။ မဟုတ်ပါဘူး၊ မှားနေ တာတွေကို တပ်မတော် အနေနဲ့ ပြင်ကြ ရအောင်လို့ ပြောတာ ပါတဲ့။

ဒါကို ဖတ်မိတော့ သြော်ရှင်း နေတာကို ရှုပ်အောင် လုပ်ပြန်ပြီ၊ မှန်နေတာ တွေကို တလွဲဖြစ် အောင် ဖွလိုက်ပြန်ပြီ ဟဲ့လို့ ညည်းမိပါရဲ့။ မှားနေတာ တွေကို တပ်မတော် အနေနဲ့ ပြင်ကြရ အောင် ပြောတာ ပါတဲ့။ အတွေးအမြင်၊ အယူ အဆ၊ ဝါဒတွေ အရတော့ ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည်'' ဆိုတဲ့ ဆောင်ပုဒ်က မှားကောင်း မှားနေ
နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း၊ တပ်မတော် သမိုင်းနဲ့ အစဉ်အလာ အရတော့ မမှားတာ ရဲရဲကြီး အာမခံ ရဲတယ်။

ကျွန်တော်တို့ နိုင်ငံသူ့ကျွန် ဖြစ်ရတဲ့ အကြောင်းတရား အမျိုးမျိုး ထဲမှာ အဓိက အချက် အနေနဲ့ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် ခိုင်ခိုင်မာမာ မရှိခဲ့ တာလည်း အချက် တစ်ချက် အနေနဲ့ ပါတယ်။ အင်အား ဆိုတဲ့ နေရာမှာ လူအင်အား၊ လက်နက် ခဲယမ်းအင်အား စသဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူမျိုးမှာ မျိုးချစ်စိတ် ဆိုတဲ့ အင်အား တစ်ခုပဲ ခိုင်မာ တောင့်တင်း ခဲ့တာပါ။ လူ၊ စစ်လက်နက် အင်အား ဘယ်လိုမှ မယှဉ်သာလို့ ကိုယ့် အရှင် နှစ်ပါးကို ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူ ဖမ်းသွားတာကို မျိုးချစ်စိတ်နဲ့ ကြိတ်မနိုင် ခဲမရ အံကြိတ် ကျန်ရစ် ခဲ့ရတာ ပြေးမြင် ကြည့်စမ်းပါ။ ဘယ်လောက် ရင်နာစရာ
ကောင်းတဲ့ မြင်ကွင်း ဖြစ်လိုက် မလဲလို့။

တကယ်လို့သာ အဲဒီခေတ်က နယ်ချဲ့တွေနဲ့ အပြိုင် စစ်အင်အား၊ စစ်လက်နက် ပစ္စည်း အင်အားတွေ တောင့်တင်း ခိုင်မာတဲ့ ခေတ်မီ တပ်မတော် သာရှိခဲ့မယ် ဆိုရင် ကျွန်တော် တို့ နိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ လူမျိုး တွေမှာ မျိုးချစ်စိတ်ပဲ ခိုင်မာ တောင့်တင်းပါတယ် ဆိုတာလေ။ အဲဒီ စိတ်ကြောင့်ပဲ နယ်ချဲ့တွေ ကို ရရာ လက်နက် စွဲကိုင်ပြီး တော်လှန် တိုက်ခိုက်ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ တွေဟာ တောမီး ပမာ ပျံ့နှံ့ ခဲ့တယ်။ သို့သော်လည်း ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မရခဲ့ ကြဘူး။ ဘာလို့လဲ ဆိုတော့ ကျစ်လျစ် ခိုင်မာတဲ့ တစ်လုံး တစ်စည်းတည်းသော အင်အားကို မတည်ဆောက် နိုင်ခဲ့လို့ ပါပဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ စကားက သမိုင်းပေး သင်ခန်း စာ တွေ အရ ပေါ်ထွန်း လာတဲ့ စကားပါ။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်စောင့် ရှောက်မယ့် အင်အား တောင့်တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေးကြီး ဆုံးရှုံး ခဲ့ရဖူးတယ်။ အဲဒီ ဆုံးရှုံး ခဲ့ရတဲ့ လွတ်လပ်ရေးကို တပ်မတော် ကပဲ ဦးဆောင်ပြီး အရယူ ပေးခဲ့တာပါ။ ပြည်သူ လူထုရဲ့ တစ်ခဲနက် အားပေး
ထောက်ခံမှု တွေကလည်း တပ်မတော် အင် အား တစ်ရပ်ပဲ။

ကိုယ့်ထက် အင်အားကြီး သူကို အောင်ပွဲ ဆင်နိုင်ဖို့ ဆိုတာ ကိုယ့်မှာ အင်အား တောင့်တင်း နေမှ ဖြစ်မှာပေါ့။ နယ်ချဲ့တွေ ကို တိုက်ထုတ တွန်းလှန် နိုင်ဖို့ အတွက် ဗမာ့ လွတ် လပ်ရေး တပ်မတော် ကိုစတင် ဖွဲ့စည်း ခဲ့တာက ရဲဘော်သုံးကျိပ် တည်းရယ်ပါ။ ဒါပေမဲ့ ဘီအိုင်အေ တပ်မတော် စတင် ဖွဲ့စည်းပြီး ရက်ပိုင်းမှာပဲ အင်အားက ၁၅ဝ ကျော် ခဲ့တယ်။ မြန်မာနိုင်ငံ အတွင်းကို ရောက်တဲ့ အချိန်မှာ ဘီအိုင်အေ အင်အားက လေးထောင်နီးပါး ရှိလာ သတဲ့။ ၁၉၄၂ ခုနှစ် မေလ ရောက်တော့ တပ်မတော်ရဲ့ အင်အားက ၂၃ဝဝဝ အထိ ရှိနေပြီ။ နေ့ချင်း ညချင်း အင်အား ကြီးမားလာတဲ့ တပ်မတော်ကို ဖက်ဆစ်တွေ ကတောင် အံ့သြပြီး မျက်ကလဲ ဆန်ပျာ
ဖြစ်ရတယ်။ ဒါကြောင့် အင် အား သုံးထောင် အထိ လျှော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း ခံခဲ့ရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တပ်မတော်ဟာ မိမိရဲ့ အင်အား၊ ပြည်သူ လူထုရဲ့ အားတွေနဲ့ ပေါင်းစုပြီး လွတ်လပ် ရေးကို အရ ယူ ပေးခဲ့တယ်။ တကယ်လို့သာ တပ်မတော်မှာ သာ ခိုင် မာ တောင့်တင်းတဲ့ အင်အား မရှိခဲ့ဘူး ဆိုရင်၊ မျိုးချစ်စိတ် အင်အားတွေ မထက်သန် ခဲ့ဘူးဆိုရင် လွတ်လပ် ရေး ဟာ ရွှေပြည်တော် မျှော်လေ တိုင်း ဝေး ဆိုသ လို ဖြစ်နေ ဦးမှာပါ။

ကျွန်တော်တို့ ကြားဖူး၊ ဖတ်ဖူး ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု ကာလဆိုးကြီး အကြောင်း ကိုပေါ့။ ပြည်တွင်း ရောင်စုံ သောင်းကျန်းသူ တွေရဲ့ အင်အားက တပ်မတော် အင်အားထက် သာလွန် များပြား တယ်။ နိုင်ငံ ရဲ့ မြို့ကြီးများ အနက်က ၇၅ ရာခိုင်နှုန်း ခန့်က သောင်းကျန်းသူတွေ လက်ထဲမှာ။ ရန်ကုန် မြို့လယ် ကွက်ကွက် ကလေး လောက်ပဲ ကျန်တော့တဲ့ အထိ ဖြစ်ခဲ့လို့ ရန်ကုန် အစိုးရလို့ တောင်လှောင် ပြောင် ကဲ့ရဲ့ ခြင်းခံ ခဲ့ ရတယ် မဟုတ်လား။

လွတ်လပ်ရေး ရပြီးစ အခြေအနေဟာ ဖြေရှင်းရ ခက်ခဲတဲ့ အခြေ အနေပဲ။ သောင်းကျန်းသူ အဖွဲ့ကြီး အချို့က သူတို့ စစ်ရေးအရ အသာစီး ရပြီး အနိုင်ရ ခဲ့ရင် သူတို့ကို ကျောေ ထာက် နောက်ခံ ကူညီ ပေးခဲ့တဲ့ နိုင်ငံကြီး အချို့နဲ့ ပူးပေါင်း မယ်လို့ ကြေညာ ခဲ့တဲ့ အတွက် တိုင်းပြည် က နှစ်ခြမ်းကွဲ ရတော့မယ့် အခြေအနေ ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ တပ်မတော်က မိမိအင်အား ထက်သာလွန် များပြားတဲ့ သောင်းကျန်း သူတွေကို ကျားကုတ်ကျားခဲ တိုက် ခိုက်ချေ မှုန်းပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက် နိုင်ခဲ့ပါတယ်။ ပြည် တွင်း သောင်းကျန်းသူ တွေကို တိုက်ခိုက် ခဲ့ရာမှာ မည်သည့် နိုင်ငံရဲ့ အကူအညီ ကိုမျှ မယူဘဲ တပ်မတော် အင်အား သက် သက် ဖြင့်သာ တိုက်ခိုက် အောင်ပွဲ ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါတင် မကပါဘူး။ ပြည်ပ ကျူးကျော်သူ ကူမင်တန် တပ်တွေကိုလည်း တပ်မ တော်က ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ် အထိ နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးေ အာင် စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေး တွေနဲ့ တိုက်ခိုက် တွန်းလှန် ခဲ့တယ်။ တကယ်လို့များ အဲဒီ အချိန်က တပ်မတော်က စစ်ရေး အင်အားနဲ့ စွမ်းရည်တွေသာ မရှိခဲ့ရင် မတွေးဝံ့ စရာပါဘဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်က အာဏာ တည် ဆောက်ဖို့ မဟုတ် ဘူး၊ နိုင် ငံတော် ကာကွယ်ရေး အတွက်ပါ။ နိုင်ငံတော် တည်ငြိမ် အေး ချမ်းရေး အတွက်ပါ။ နိုင်ငံ တစ်နိုင်ငံမှာ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိရင် သူတစ်ပါးရဲ့ ကျူးကျော် စော်ကားမှု၊ ထိပါးရန်စ မှုတွေကို တစ်နည်းနည်းနဲ့ ကြုံတွေ့ခံစား ရတတ်တယ်။ အစွမ်းထက်တဲ့ စစ်လက်နက် ကိရိယာ၊ ပစ္စည်းတွေ မရှိရင် လည်း လေးစား ခံ့ညားမှုကို မရနိုင်ဘူး။

ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာ စံနှုန်းတွေ အကြောင်း နှိုင်းယှဉ် ပြောတတ် ကြတဲ့သူတွေ ပိုပြီး သိမှာပါ။ ဒီကနေ့ နိုင်ငံ တ ကာ အသီးသီးက မိမိတို့ရဲ့ တပ်မတော် တွေကို ပိုပြီးအင် အား တောင့်တင်းအောင်၊ စွမ်းရည် ထက်မြက်အောင်၊ လက်နက်အင်အား သာလွန်အောင် အပြိုင် အဆိုင် ကြိုးပမ်း နေကြတာ အသိပါ။ အခြား မကြည့်ပါနဲ့၊ ကိုယ့်ရဲ့ အိမ်နီး ချင်း နိုင်ငံ တွေရဲ့ စစ်အင်အား ကိုပဲ လေ့လာ ကြည့်စေ ချင်ပါတယ်။

ဥပမာ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုရင် (ကြည်း /ရေ /လေ) ကာကွယ်ရေး အင်အား ၂ ဒသမ ၄ သန်းရှိပြီး ကမ္ဘာ့ အဆင့်-၂ ရှိ နျူကလီးယား လက်နက် ပိုင်ဆိုင် ထားတဲ့ တပ်မတော် ရှိတယ်။ အိန္ဒိယ နိုင်ငံ ဆိုရင်လည်း နည်းပညာ အဆင့်အတန်း ခေတ်မီ မြင့်မားတဲ့ (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ၂ သန်း ရှိတယ်။ ကမ္ဘာ့အဆင့် -၄ရှိ နျူကလီးယား လက်နက် ရတဲ့ တပ်မတော် တစ်ရပ်ကို ပိုင်ဆိုင် ထားတယ်။ ရခိုင် ပြည်နယ်နှင့် ဆက်စပ် တည်ရှိ နေတဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ ၆ သိန်း၊ ထိုင်းနိုင် ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃ဒသမ ၄၅ သိန်း (ကမ္ဘာ့ အဆင့်- ၂၈)၊ လူဦးရေ ၆ ဒသမ ၆၇ သန်းသာရှိတဲ့ လာအို နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃၇၅ဝဝ စသဖြင့် ကာ ကွယ်ရေး အင်အားတွေ ရှိတယ်။ ပိုပြီး အင်အား တောင့်တင်း ခိုင်မာ အောင်လည်း ကြိုးပမ်း တည်ဆောက် နေကြ တယ်။

သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ် တွေက ၂ဝ၁၁ ခုနှစ်မှာ တရုတ်က ၉၁ ဒသမ ၇ ဘီလီယံ၊ အိန္ဒိယက အမေရိကန် ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလီယံ၊ ထိုင်း နိုင်ငံက အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ လာအို နိုင်ငံက အမေရိကန် ဒေါ်လာ ၇၁ သန်း သုံးစွဲခဲ့ သတဲ့။ သူတို့ ငွေအား၊ လူအား၊ လက်နက် ကိရိယာ အားတွေနဲ့ တပ်မတော် အင်အား ရှိအောင် ကြိုးပမ်း တည်ဆောက် နေရ ခြင်းရဲ့ ရည်မှန်း ချက်က သူတို့ နိုင်ငံကို ကောင်းစွာ ကာကွယ် စောင့်ရှောက် နိုင်ဖို့ပါ။ ဒါကို အပြစ်လို့ သွားမြင်လို့ရ ပါ့မလား။ မြင်ခဲ့ ရင်လည်း အဲဒီလူဟာ သူတို့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ သူပဲ ဖြစ်လိမ့်မယ်။

ဒီကနေ့ ကျွန်တော်တို့ နိုင်ငံကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ကြိုးပမ်း တည်ဆောက် နေတာပါ။ ကျွန်တော် တို့လည်း ဒီမို ကရေစ စနစ် ဖော်ဆောင်ရေးမှာ တစ်ဖက် တစ်လမ်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပါဝင် ဆောင်ရွက်ပေး နေကြတယ် မဟုတ်လား။ ကျွန်တော် ဘာလို့ ဒီလို လုပ်ရသလဲ ဆိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားဖို့၊ တိုးတက် စေချင်လို့ မဟုတ်လား။

ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ် ပြုလာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထား တာ တွေကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာကောင်း တွေကို ခံစား၊ စံစားရဖို့ မြင်နေ ရပါပြီ။ ဒီခြေလှမ်း အတိုင်း တက်ညီ လက်ညီ ချီတက် သွားကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ မကြာလှ တော့တဲ့ ကာလ မှာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ရောက်ရှိ လာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက် ခြင်းနဲ့အတူ စိန်ခေါ် မှု အသစ် အသစ်တွေလည်း ရင်ဆိုင်လာ ရနိုင်တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာရင် ဘယ်လိုလုပ် ကြမ လဲ။ နိုင်ငံ တော်ကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြမလဲ။

ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမို ကရေစီ နိုင်ငံတော်နဲ့ နိုင်ငံသား တွေကို ကာ ကွယ် စောင့်ရှောက် နိုင် ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ် မလိုအပ် ပေ ဘူးလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်ကို ကောင်းစွာ ကာကွယ် စောင့်ရှောက်နိုင် လိမ့်မယ်။ တည် ငြိမ် အေးချမ်း မှုတို့ အဓွန့်ရှည် ခိုင်မာနေ လိမ့်မယ်။

''ကျွန်တော်တို့ တပ်မတော် ကြီးကို အင်မတန်မှ အင်အား တောင့်တောင့် တင်းတင်းနဲ့ ဖြစ်စေ ချင်ပါတယ်'' ဆိုတဲ့ အပြော လေးလည်း ဖတ်မိလိုက် ပါသေးတယ်။ တပ်မတော် အင်အားရှိမှ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက် လာ မယ့် ဘေးအန္တရာယ် အပေါင်းကို ကာကွယ် စောင့်ရှောက် နိုင်မှန်း သိပါလျက်နဲ့ ဘာကြောင့်များ တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်ကို လက်မခံရ သလဲဆိုတာ မစဉ်းစား တတ်အောင် ပါပဲ။ မလိုသူတွေ အကြိုက်လိုက် ပြီးတော့များ ပြောမိလေ သလား။ ဒါမှမဟု တ် ပေါ်ပြူလာ နိုင်ငံရေး သမား ကြီး ဖြစ်ချင်လို့ ပြောချင်တာ ဇွတ်ပြောမိ လိုက်တာ များလားလို့ ကျွန်တော် စဉ်းစားမိတယ်။

တလွဲ အတွေးနဲ့ ဘေးမထွက် လိုက်ပါနဲ့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည် ဆိုတဲ့ ဆောင်ပုဒ်က နိုင်ငံတော်ကာကွယ်ရေးအတွက် ရည်ရွယ်ချက် ချပြထား တဲ့ ဆောင်ပုဒ် ပါ။ စစ်တပ်က အာဏာ တည်ဆောက်ဖို့ သုံးစွဲတဲ့ ဆောင်ပုဒ် မဟုတ်ဘူး ဆိုတာကို သိစေချင် လို့ ရေးသားခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါးရှင်- မောင်ညိုချော (ကျေးလက်)
မြ၀တီ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံကြောင်း ယခုလ ၃ ရက်နေ့ က ကျောက်ဆည် မြို့တွင် ကျင်း ပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း တွေ့ဆုံပွဲ၌ပြော ကြားသည်'' လို့ အစ ချီထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ် တစ်စောင်မှာ ဖတ်လိုက် ရတယ်။
၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့ မြို့တော်ခန်းမ မှာကျင်းပ တဲ့ တွေ့ဆုံ ပွဲမှာ ပြောခဲ့ တာပေါ့။ တိုင်းပြည် စီးပွားရေး မကောင်းဘဲနဲ့ စစ်တပ်အတွက် စစ်လက်နက် အသုံး အဆောင် ပစ္စည်းတွေကို ဘယ်လို ဝယ်မလဲ၊ တပ်မတော်ကို တိုက်ခိုက် တယ်၊ မုန်းတယ်လို့ မြင်ကြ မှာပဲ။ မဟုတ်ပါဘူး၊ မှားနေ တာတွေကို တပ်မတော် အနေနဲ့ ပြင်ကြ ရအောင် လို့ ပြော တာ ပါတဲ့။

ဒါကို ဖတ်မိတော့ သြော်ရှင်း နေတာကို ရှုပ်အောင် လုပ်ပြန်ပြီ၊ မှန်နေတာ တွေကို တလွဲဖြစ် အောင် ဖွလိုက်ပြန်ပြီ ဟဲ့လို့ ညည်းမိပါရဲ့။ မှားနေတာ တွေကို တပ်မတော် အနေနဲ့ ပြင်ကြရ အောင် ပြောတာ ပါတဲ့။ အတွေးအမြင်၊ အယူ အဆ၊ ဝါဒတွေ အရတော့ ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည်'' ဆိုတဲ့ ဆောင်ပုဒ်က မှားကောင်း မှားနေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း၊ တပ်မတော် သမိုင်းနဲ့ အစဉ်အလာ အရတော့ မမှားတာ ရဲရဲကြီး အာမခံ ရဲတယ်။

ကျွန်တော်တို့ နိုင်ငံသူ့ကျွန် ဖြစ်ရတဲ့ အကြောင်းတရား အမျိုးမျိုး ထဲမှာ အဓိက အချက် အနေနဲ့ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် ခိုင်ခိုင်မာမာ မရှိခဲ့ တာလည်း အချက် တစ်ချက် အနေနဲ့ ပါတယ်။ အင်အား ဆိုတဲ့ နေရာမှာ လူအင်အား၊ လက်နက် ခဲယမ်းအင်အား စသဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူမျိုးမှာ မျိုးချစ်စိတ် ဆိုတဲ့ အင်အား တစ်ခုပဲ ခိုင်မာ တောင့်တင်း ခဲ့တာပါ။ လူ၊ စစ်လက်နက် အင်အား ဘယ်လိုမှ မယှဉ်သာလို့ ကိုယ့် အရှင် နှစ်ပါးကို ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူ ဖမ်းသွားတာကို မျိုးချစ်စိတ်နဲ့ ကြိတ်မနိုင် ခဲမရ အံကြိတ် ကျန်ရစ် ခဲ့ရတာ ပြေးမြင် ကြည့်စမ်းပါ။ ဘယ်လောက် ရင်နာစရာကောင်းတဲ့ မြင်ကွင်း ဖြစ်လိုက် မလဲလို့။

တကယ်လို့သာ အဲဒီခေတ်က နယ်ချဲ့တွေနဲ့ အပြိုင် စစ်အင်အား၊ စစ်လက်နက် ပစ္စည်း အင်အားတွေ တောင့်တင်း ခိုင်မာတဲ့ ခေတ်မီ တပ်မတော် သာရှိခဲ့မယ် ဆိုရင် ကျွန်တော် တို့ နိုင်ငံ သူ့ ကျွန်ဘဝ ကျရောက်ခဲ့စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ လူမျိုး တွေမှာမျိုးချစ်စိတ်ပဲ ခိုင်မာ တောင့် တင်းပါတယ် ဆိုတာလေ။ အဲဒီစိတ်ကြောင့်ပဲ နယ်ချဲ့တွေကို ရရာလက်နက် စွဲကိုင်ပြီး တော်လှန်တိုက်ခိုက် ခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ တွေဟာ တောမီးပမာ ပျံ့နှံ့ခဲ့တယ်။ သို့သော်လည်း ပြီးပြည့် စုံတဲ့ အောင်မြင်မှုတွေ မရခဲ့ ကြဘူး။ ဘာလို့လဲဆိုတော့ ကျစ်လျစ်ခိုင်မာတဲ့ တစ်လုံး တစ်စည်းတည်းသော အင်အားကို မတည်ဆောက် နိုင်ခဲ့လို့ ပါပဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုတဲ့စကားက သမိုင်းပေးသင်ခန်း စာ တွေ အရ ပေါ်ထွန်း လာတဲ့ စကားပါ။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်စောင့် ရှောက်မယ့် အင်အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ်မရှိခဲ့လို့ လွတ်လပ်ရေးကြီး ဆုံးရှုံးခဲ့ရဖူးတယ်။ အဲဒီဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို တပ်မတော် ကပဲ ဦးဆောင်ပြီး အရယူ ပေးခဲ့တာပါ။ ပြည်သူ လူထုရဲ့ တစ်ခဲနက် အားပေး
ထောက်ခံမှု တွေကလည်း တပ်မတော် အင် အား တစ်ရပ်ပဲ။

ကိုယ့်ထက် အင်အားကြီး သူကို အောင်ပွဲ ဆင်နိုင်ဖို့ ဆိုတာ ကိုယ့်မှာ အင်အား တောင့် တင်း နေမှ ဖြစ် မှာပေါ့။ နယ်ချဲ့တွေ ကို တိုက်ထုတ တွန်းလှန် နိုင်ဖို့ အတွက် ဗမာ့ လွတ် လပ်ရေး တပ်မတော် ကိုစတင် ဖွဲ့စည်း ခဲ့တာက ရဲဘော်သုံးကျိပ် တည်းရယ်ပါ။ ဒါပေမဲ့ ဘီအိုင်အေ တပ်မတော် စတင် ဖွဲ့စည်းပြီး ရက်ပိုင်းမှာပဲ အင်အားက ၁၅ဝ ကျော် ခဲ့တယ်။ မြန်မာနိုင်ငံ အတွင်းကို ရောက်တဲ့ အချိန်မှာ ဘီအိုင်အေ အင်အားက လေးထောင်နီးပါး ရှိလာ သတဲ့။ ၁၉၄၂ ခုနှစ် မေလ ရောက်တော့ တပ်မတော်ရဲ့ အင်အားက ၂၃ဝဝဝ အထိ ရှိနေပြီ။ နေ့ချင်း ညချင်း အင်အား ကြီးမားလာတဲ့ တပ်မတော်ကို ဖက်ဆစ်တွေ ကတောင် အံ့သြပြီး မျက်ကလဲဆန်ပျာဖြစ်ရတယ်။ ဒါကြောင့် အင်အားသုံးထောင်အထိ လျှော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း ခံခဲ့ရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်တပ်မတော်ဟာ မိမိရဲ့အင်အား၊ ပြည်သူလူထုရဲ့အားတွေနဲ့ ပေါင်းစုပြီး လွတ်လပ် ရေးကို အရ ယူ ပေးခဲ့တယ်။ တကယ်လို့သာ တပ်မတော်မှာ သာ ခိုင် မာ တောင့်တင်းတဲ့ အင်အား မရှိခဲ့ဘူး ဆိုရင်၊ မျိုးချစ်စိတ် အင်အားတွေ မထက်သန် ခဲ့ဘူးဆိုရင် လွတ်လပ် ရေး ဟာ ရွှေပြည်တော် မျှော်လေ တိုင်း ဝေး ဆိုသ လို ဖြစ်နေ ဦးမှာပါ။

ကျွန်တော်တို့ ကြားဖူး၊ ဖတ်ဖူး ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု ကာလဆိုးကြီး အကြောင်း ကိုပေါ့။ ပြည်တွင်း ရောင်စုံ သောင်းကျန်းသူ တွေရဲ့ အင်အားက တပ်မတော် အင်အားထက် သာလွန် များပြား တယ်။ နိုင်ငံ ရဲ့ မြို့ကြီးများ အနက်က ၇၅ ရာခိုင်နှုန်း ခန့်က သောင်းကျန်းသူတွေ လက် ထဲမှာ။ ရန်ကုန် မြို့လယ် ကွက်ကွက် ကလေး လောက်ပဲ ကျန်တော့တဲ့ အထိ ဖြစ်ခဲ့လို့ ရန်ကုန် အစိုး ရလို့ တောင်လှောင် ပြောင် ကဲ့ရဲ့ ခြင်းခံ ခဲ့ ရတယ် မဟုတ်လား။

လွတ်လပ်ရေး ရပြီးစ အခြေအနေဟာ ဖြေရှင်းရ ခက်ခဲတဲ့ အခြေ အနေပဲ။ သောင်းကျန်းသူ အဖွဲ့ကြီး အချို့က သူတို့ စစ်ရေးအရ အသာစီး ရပြီး အနိုင်ရ ခဲ့ရင် သူတို့ကို ကျောေ ထာက် နောက်ခံ ကူညီ ပေး ခဲ့တဲ့ နိုင်ငံ ကြီး အချို့နဲ့ ပူးပေါင်း မယ်လို့ ကြေညာ ခဲ့တဲ့ အတွက် တိုင်းပြည် က နှစ်ခြမ်းကွဲ ရတော့မယ့် အခြေအနေ ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ တပ်မတော်က မိမိအင်အား ထက်သာလွန် များပြားတဲ့ သောင်းကျန်း သူတွေကို ကျားကုတ်ကျားခဲ တိုက်ခိုက်ချေမှုန်းပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက် နိုင် ခဲ့ပါ တယ်။ ပြည် တွင်း သောင်းကျန်းသူတွေကိုတိုက်ခိုက်ခဲ့ရာမှာ မည်သည့် နိုင်ငံရဲ့ အကူအညီကိုမျှ မယူဘဲ တပ်မတော် အင်အား သက်သက် ဖြင့်သာ တိုက်ခိုက် အောင်ပွဲ ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါတင် မကပါဘူး။ ပြည်ပ ကျူးကျော်သူ ကူမင်တန် တပ်တွေကိုလည်း တပ်မ တော်က ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ် အထိ နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးေ အာင် စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေး တွေနဲ့ တိုက်ခိုက် တွန်းလှန် ခဲ့တယ်။ တကယ်လို့များ အဲဒီ အချိန်က တပ်မတော်က စစ်ရေး အင်အားနဲ့ စွမ်းရည်တွေသာ မရှိခဲ့ရင် မတွေးဝံ့ စရာပါဘဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်က အာဏာ တည် ဆောက်ဖို့ မဟုတ် ဘူး၊ နိုင် ငံတော် ကာကွယ်ရေး အတွက်ပါ။ နိုင်ငံတော် တည်ငြိမ် အေး ချမ်းရေး အတွက်ပါ။ နိုင်ငံ တစ်နိုင် ငံမှာ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိရင် သူတစ်ပါးရဲ့ ကျူးကျော် စော်ကားမှု၊ ထိပါးရန်စ မှုတွေကို တစ်နည်းနည်းနဲ့ ကြုံတွေ့ခံစား ရတတ်တယ်။ အစွမ်းထက်တဲ့ စစ်လက်နက် ကိရိယာ၊ ပစ္စည်းတွေ မရှိရင် လည်း လေးစား ခံ့ညားမှုကို မရနိုင်ဘူး။

ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာ စံနှုန်းတွေ အကြောင်း နှိုင်းယှဉ် ပြောတတ် ကြတဲ့သူတွေ ပိုပြီး သိမှာပါ။ ဒီကနေ့ နိုင်ငံ တ ကာ အသီးသီးက မိမိတို့ရဲ့ တပ်မတော် တွေကို ပိုပြီးအင် အား တောင့်တင်းအောင်၊ စွမ်းရည်ထက်မြက်အောင်၊ လက်နက်အင်အား သာလွန်အောင် အပြိုင် အဆိုင် ကြိုးပမ်း နေကြတာ အသိပါ။ အခြား မကြည့်ပါနဲ့၊ ကိုယ့်ရဲ့ အိမ်နီး ချင်း နိုင်ငံ တွေရဲ့ စစ်အင်အား ကိုပဲ လေ့လာ ကြည့်စေ ချင်ပါတယ်။

ဥပမာ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုရင် (ကြည်း /ရေ /လေ) ကာကွယ်ရေး အင်အား ၂ ဒသမ ၄ သန်းရှိပြီး ကမ္ဘာ့ အဆင့်-၂ ရှိ နျူကလီးယား လက်နက် ပိုင်ဆိုင် ထားတဲ့ တပ်မတော် ရှိတယ်။ အိန္ဒိယ နိုင်ငံ ဆိုရင်လည်း နည်းပညာ အဆင့်အတန်း ခေတ်မီ မြင့်မားတဲ့ (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ၂ သန်း ရှိတယ်။ ကမ္ဘာ့အဆင့် -၄ရှိ နျူကလီးယား လက်နက် ရတဲ့ တပ်မတော် တစ်ရပ်ကို ပိုင်ဆိုင် ထားတယ်။ ရခိုင် ပြည်နယ်နှင့် ဆက်စပ် တည်ရှိ နေတဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ ၆ သိန်း၊ ထိုင်းနိုင် ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃ဒသမ ၄၅ သိန်း (ကမ္ဘာ့ အဆင့်- ၂၈)၊ လူဦးရေ ၆ ဒသမ ၆၇ သန်းသာရှိတဲ့ လာအို နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃၇၅ဝဝ စသဖြင့် ကာ ကွယ်ရေး အင်အားတွေ ရှိတယ်။ ပိုပြီး အင်အား တောင့်တင်း ခိုင်မာ အောင်လည်း ကြိုးပမ်း တည်ဆောက် နေကြ တယ်။

သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ် တွေက ၂ဝ၁၁ ခုနှစ်မှာ တရုတ်က ၉၁ ဒသမ ၇ ဘီလီယံ၊ အိန္ဒိယက အမေရိကန် ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလီယံ၊ ထိုင်း နိုင်ငံက အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ လာအို နိုင်ငံက အမေရိကန် ဒေါ်လာ ၇၁ သန်း သုံးစွဲခဲ့ သတဲ့။ သူတို့ ငွေအား၊ လူအား၊ လက်နက် ကိရိယာ အားတွေနဲ့ တပ်မတော် အင်အား ရှိအောင် ကြိုးပမ်း တည်ဆောက် နေရ ခြင်းရဲ့ ရည်မှန်း ချက်က သူတို့ နိုင်ငံကို ကောင်းစွာ ကာကွယ် စောင့်ရှောက် နိုင်ဖို့ပါ။ ဒါကို အပြစ်လို့ သွားမြင်လို့ရ ပါ့မလား။ မြင်ခဲ့ ရင်လည်း အဲဒီလူဟာ သူတို့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ သူပဲ ဖြစ်လိမ့်မယ်။

ဒီကနေ့ ကျွန်တော်တို့ နိုင်ငံကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ကြိုးပမ်း တည်ဆောက် နေတာပါ။ ကျွန်တော် တို့လည်း ဒီမို ကရေစ စနစ် ဖော်ဆောင်ရေးမှာ တစ်ဖက် တစ်လမ်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပါဝင် ဆောင်ရွက်ပေး နေကြတယ် မဟုတ်လား။ ကျွန်တော် ဘာလို့ ဒီလို လုပ်ရသလဲ ဆိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားဖို့၊ တိုးတက် စေချင်လို့ မဟုတ်လား။

ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ် ပြုလာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထား တာ တွေကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာကောင်း တွေကို ခံစား၊ စံစား ရဖို့ မြင်နေ ရ ပါပြီ။ ဒီခြေလှမ်း အတိုင်း တက်ညီ လက်ညီ ချီတက် သွားကြမယ် ဆိုရင် ကျွန်တော် တို့ နိုင်ငံဟာ မကြာလှ တော့တဲ့ ကာလ မှာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံ အဖြစ် ရောက်ရှိ လာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက် ခြင်းနဲ့အတူ စိန်ခေါ် မှု အသစ် အသစ်တွေလည်း ရင်ဆိုင်လာ ရနိုင်တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာရင် ဘယ်လိုလုပ် ကြမ လဲ။ နိုင်ငံ တော်ကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြ မလဲ။

ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမို ကရေစီ နိုင်ငံတော်နဲ့ နိုင်ငံသား တွေကို ကာ ကွယ် စောင့်ရှောက် နိုင် ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ် မလိုအပ် ပေ ဘူးလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်ကို ကောင်းစွာ ကာ ကွယ် စောင့်ရှောက်နိုင် လိမ့် မယ်။ တည် ငြိမ် အေးချမ်း မှုတို့ အဓွန့်ရှည် ခိုင်မာနေ လိမ့်မယ်။

''ကျွန်တော်တို့ တပ်မတော် ကြီးကို အင်မတန်မှ အင်အား တောင့်တောင့် တင်းတင်းနဲ့ ဖြစ်စေ ချင်ပါတယ်'' ဆိုတဲ့ အပြော လေးလည်း ဖတ်မိလိုက် ပါသေးတယ်။ တပ်မတော် အင်အားရှိမှ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက် လာ မယ့် ဘေးအန္တရာယ် အပေါင်းကို ကာကွယ် စောင့်ရှောက် နိုင်မှန်း သိပါလျက်နဲ့ ဘာကြောင့်များ တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်ကို လက်မခံရ သလဲဆိုတာ မစဉ်းစား တတ်အောင် ပါပဲ။ မလိုသူတွေ အကြိုက်လိုက် ပြီးတော့များ ပြောမိလေ သလား။ ဒါမှမဟု တ် ပေါ်ပြူလာ နိုင်ငံရေး သမား ကြီး ဖြစ်ချင်လို့ ပြောချင်တာ ဇွတ်ပြောမိ လိုက်တာ များလားလို့ ကျွန်တော် စဉ်းစားမိတယ်။

တလွဲ အတွေးနဲ့ ဘေးမထွက် လိုက်ပါနဲ့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည် ဆိုတဲ့ ဆောင်ပုဒ်က နိုင်ငံတော်ကာကွယ်ရေးအတွက် ရည်ရွယ်ချက် ချပြထား တဲ့ ဆောင်ပုဒ် ပါ။ စစ်တပ်က အာဏာ တည်ဆောက်ဖို့ သုံးစွဲတဲ့ ဆောင်ပုဒ် မဟုတ်ဘူး ဆိုတာကို သိစေချင် လို့ ရေး သားခြင်း ပဲ ဖြစ် ပါတယ်။

မြ၀တီ

No comments:

Post a Comment