Saturday, December 29, 2012

Who's who 2012- ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း

 ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း

မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကြောင့် ပြည်သူအများ မပြောရဲ  မဆိုရဲ ဖြစ်ကာ အကြောက်တရားနှင့် ပိတ်ထားသော စိတ်၊ ဖိထားသော စိတ်နှင့် ရှင်သန်ခဲ့သည်မှာ မျိုးဆက် သုံးဆက်ခန့် ရှိခဲ့ရာက ၈၈ ဟု လူသိများသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မမီးမီးတို့ ဦးဆောင်သော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်သည် ဒီမိုကရေစီ ဆိတ်သုဉ်း ခဲ့ရသော မြန်မာနိုင်ငံ အတွက် ယခုနှစ် အတွင်း ထူးခြားသော လူထု အသွင်ဆောင် သည့် နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ကြောင့် ၂၀၁၂ အတွင်း ထူးခြား ထင်ရှားသည့် အဖွဲ့အစည်းအဖြစ် ရွေးချယ် လိုက်ပါသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ လှည့်လည်ကာ ၈၈မျိုးဆက်များ၏ ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ဒေသအာဏာပိုင် အချို့၏ တားဆီးပိတ် ပင်မှုများကို ရင်ဆိုင်ကာ နိုင်ငံ တစ်ဝန်း လှည့်လည် ဟောပြောရင်း ပြည်သူများ ပြောရဲဆိုရဲ ရှိအောင် စေ့ဆော်ပေးခဲ့ခြင်း၊ တစ်ဦးကောင်း တစ်ယောက် ကောင်း ပုံစံထက် အစုအဖွဲ့ဖြင့် စုပေါင်းခေါင်း ဆောင်မှု သဘောပါသည့် လုပ်ဟန်ဖြင့် မြန်မာနိုင်ငံ ၏ နိုင်ငံရေး လိုအပ်ချက်များဖြစ်သော ငြိမ်းချမ်း ရေး၊ အလုပ်သမား အရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအလိုက် ခေါင်းစဉ်များ ခွဲကာ သက်ဆိုင်ရာ နှင့်အတူ ဝိုင်းဝန်းဖြေရှင်း ပေးရန် အားထုတ်ထား ခြင်း၊ မတရားမှု မမှန်ကန်မှုများကို ဖွင့်ချဖော်ထုတ် လာသော ဆန္ဒပြပွဲ အချို့ကိုလည်း အလွန်အမင်း မဖြစ်ရန် ပြန်လှန်ထိန်းညှိ ပေးခဲ့ခြင်းတို့မှာ ယခုနှစ် အတွင်း ပွင့်လင်း လူ့အဖွဲ့အစည်း၏ ထူးခြားသည့် လုပ်ဆောင်မှုများ ဖြစ်ကြသည်။

ယခင်က ၈၈ ကျောင်းသားများ ဆိုလျှင် ပြည်သူများကို လမ်းပေါ်ထွက်စေရန် ဆူပူလှုံ့ဆော် သူများအဖြစ်သာ သတ်မှတ်ခဲ့သော အာဏာပိုင် များ အနေနှင့်လည်း ၈၈ မျိုးဆက်များကို ရခိုင် အရေး စုံစမ်းကော်မရှင် ကဲ့သို့ အဖွဲ့မျိုးတွင် နေရာပေး ထည့်သွင်း လာသည့်အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် ပြည်သူများ အနေနှင့် မိမိတို့ ဒေသကိုယ်စားပြု လွှတ်တော် အမတ်များကို ရွေး ကောက်ပွဲတွင် မဲပေးရွေးချယ်ရုံ လောက် သာမက နိုးကြားတက်ကြွသော၊ အမှန်တရား မြတ်နိုးသော၊ တာဝန်သိသော၊ နိုင်ငံသားကောင်း အဖြစ် မိမိကိုယ် ကိုယ်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ကာ ရေရှည်ခိုင်မာ တည်တံ့မည့် ဒီမိုကရေစီကို ဖော် ဆောင်နိုင်စေရန် နိုင်ငံတစ်ဝန်း လှည့်လည်ကာ ပြည်သူလူထု၏ အသိပညာ ရေချိန်နှင့် မိမိ ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရရှိလာစေရန် ကြိုးစား အားထုတ် နေသောကြောင့် ၂၀၁၂ ခုနှစ်၏ ထူးခြား ထင်ရှား အဖွဲ့အစည်း အဖြစ် ရွေးချယ်ရခြင်းဖြစ် ပါသည်။  

No comments:

Post a Comment