Saturday, December 29, 2012

Who's who 2012-မှူးဇော် (ခ) ဦးဇော်ဌေး

အင်တာနက်နှင့် ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက်များကို ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

ဦးဇော်ဌေးသည် သမ္မတသို့မဟုတ် အစိုးရ အဖွဲ့၏ တရားဝင် ပြောရေးဆိုခွင့် ရှိသူ (Official Spokesperson) မဟုတ်သော်လည်း ၄င်း၏ Facebook စာမျက်နှာကို သတင်းမီဒီယာ များက အမြဲတစေ လေ့လာ စောင့်ကြည့်ပြီး သတင်းရယူ ခဲ့ ခြင်းဖြင့် တရားဝင် မဟုတ်သော “တရားဝင်ပြောရေး ဆိုခွင့်ရှိသူ” (Unofficial Official Spokesperson) ဖြစ်လာခဲ့သည်။

အစိုးရအတွက် ပြည်သူကို ဖြေရှင်းရန် လိုအပ်သော်လည်း တရားဝင် ဖြေရှင်းသည်အထိ မလိုသော ကိစ္စရပ်များကို ပြည်သူများ အကြား ရောက်ရှိစေရန်နှင့် ပြည်တွင်းပြည်ပ မီဒီယာ များ၏ ရေးသား ဖော်ပြမှုများအပေါ် ထိန်းညှိရန် အတွက်လည်း များစွာ အသုံးဝင်သည့် တစ်ဦးတည်း မီဒီယာရင်းမြစ် တစ်ခုဖြစ်လာသည်။ ဦးဇော်ဌေး (ဗိုလ်မှူးဟောင်း)၏ Facebook အမည် မှူးဇော်မှာ ၄င်း၏ ကလောင်အမည်လည်း ဖြစ်သည်။

Facebook ၏ သဘောသဘာဝ အရ ၄င်း၏ မှတ်ချက်များနှင့် အစိုးရ၏ ကြေညာချက်များ ရောထွေးစဉ်းစား ခံရနိုင်သော်လည်း ယခုနှစ်အတွင်း Facebook စာမျက်နှာတွင် မီဒီယာများနှင့် စာဖတ်ပရိသတ်များ ဂရုပြု စောင့်ကြည့်လာရ သည်အထိ လူသိများ ထင်ရှားလာသောကြောင့် ၂၀၁၂ခုနှစ် ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ထည့် သွင်း ရွေးချယ်ရခြင်းဖြစ်ပါသည်။

No comments:

Post a Comment