Saturday, January 19, 2013

ဂျပန်ကကုမ္ပဏီများမြန်မာနိုင်ငံသို့လာရောက်မြှပ်နှံချိန်တွင် ဂျပန်စကားကျွမ်းကျင်လုပ်သားရရန်ခက်ခဲ

Photo: ဂျပန်ကကုမ္ပဏီများမြန်မာနိုင်ငံသို့လာရောက်မြှပ်နှံချိန်တွင်
ဂျပန်စကားကျွမ်းကျင်လုပ်သားရရန်ခက်ခဲ
Saturday, January 19, 2013 

မြန်မာနိုင်ငံသည် နိုင်ငံရေး အပြောင်းအလဲ စီးပွားရေးအပြောင်း  အလဲများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများစွာဝင်ရောက်လာခဲ့ပြီး   ထိုအထဲတွင် ၂၀၁၂ခုနှစ် အောက်တိုဘာလစစ်တမ်းတစ်ခုအရ မြန် မာနိုင်ငံတွင်စီးပွားရေးလုပ်ရန်ဝင် ရောက်လာသော နိုင်ငံများအနက် ဂျပန်မှလုပ်ငန်းသည် ၉၁ခုရှိပြီး လွန်ခဲ့သော ၂၀၁၀ခုနှစ်ထက် ၇၅  ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။

အဆိုပါကဲ့သို့ ဂျပန်လုပ်ငန်း   ရှင်များ ၇၅ရာခိုင်နှုန်း တိုးတက် လာသော်လည်း မြန်မာနိုင်ငံတွင်  ဂျပန်စကားတတ်သော အလုပ်သမား Torisum ဂျပန်စာကျွမ်းကျင်သော လူငယ်များသည် အင်မတန်
နည်းပါးသည့်အတွက်လာ ရောက်ရင်းနှီးမြှုပ်နှံသော ဂျပန် လုပ်ငန်းရှင်များ
အခက်တွေ့နေ ကြောင်း ဂျပန်နိုင်ငံရှိ အေဂျင်စီ တစ်ခုဖြစ်သည့်  J-Sat General Services  မှ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ  Nishigaki Mitsuru  ကဇန်န၀ါရီ  ၁၆ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်  အောင်ဆန်းလမ်းရှိ Sakura Tower တွင်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

““ကျွန်တော်ကတော့ ဂျပန်  ကကုမ္ပဏီတွေနဲ့မြန်မာနိုင်ငံက ကုမ္ပဏီတွေချိတ်ဆက်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ အခုဆိုရင်ဂျပန်က ကုမ္ပဏီတွေမြန်မာနိုင်ငံ  ထဲကိုတော်တော်များများဝင်လာ ကြတယ်။ အဲလိုဝင်ရောက်လာကြ  ပေမယ့်လည်း ကျွန်တော်တို့ ပထမ ဦးဆုံးကြုံတွေ့ရတာကတော့ ဂျပန်  စကားပြောနိုင်တဲ့ဝန်ထမ်းကိုဘယ် လိုရှာရမလဲဆိုတဲ့ပြဿနာပါပဲ။ အဲဒါကြောင့်မို့လို့ လုပ်သားလိုအပ် နေတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့အလုပ်အကိုင်လိုချင်တဲ့ပြည်သူတွေကို ချိတ်ဆက်ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဂျပန်စာ သင်တန်းကျောင်းတွေ တော်တော်  များများရှိပေမယ့်လည်း ဂျပန် စကားတတ်တဲ့သူတွေကမရှိဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ဂျပန်နိုင်ငံက ကုမ္ပဏီ  တွေ တော်တော်လေးအခက်တွေ့   ပါတယ်””ဟု ပြောကြားခဲ့သည်။

ဂျပန်ကုမ္ပဏီများလိုအပ်လျက် ရှိသည့် အလုပ်သမားများမှာလည်း အတွင်းရေးမှူး၊ ဘာသာပြန်။ကွန် ပျူတာကျွမ်းကျင်၊အခြေခံဂျပန်စာ တတ်သော အလုပ်သမားများလို အပ်လျက်ရှိကြောင်းသိရှိရသည်။

ဖြိုးအောင်
ွှThe Hot Newsမြန်မာနိုင်ငံသည် နိုင်ငံရေး အပြောင်းအလဲ စီးပွားရေးအပြောင်း အလဲများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများစွာဝင်ရောက်လာခဲ့ပြီး ထိုအထဲတွင် ၂၀၁၂ခုနှစ် အောက်တိုဘာလစစ်တမ်းတစ်ခုအရ မြန် မာနိုင်ငံတွင်စီးပွားရေးလုပ်ရန်ဝင် ရောက်လာသော နိုင်ငံများအနက် ဂျပန်မှလုပ်ငန်းသည် ၉၁ခုရှိပြီး လွန်ခဲ့သော ၂၀၁၀ခုနှစ်ထက် ၇၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။ အဆိုပါကဲ့သို့ ဂျပန်လုပ်ငန်း ရှင်များ ၇၅ရာခိုင်နှုန်း တိုးတက် လာသော်လည်း မြန်မာနိုင်ငံတွင် ဂျပန်စကားတတ်သော အလုပ်သမား Torisum ဂျပန်စာကျွမ်းကျင်သော လူငယ်များသည် အင်မတန်နည်း ပါးသည့် အတွက်လာ ရောက်ရင်းနှီးမြှုပ်နှံသော ဂျပန် လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း ဂျပန်နိုင်ငံရှိ အေဂျင်စီ တစ်ခုဖြစ်သည့် J-Sat General Services မှ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Nishigaki Mitsuru ကဇန်န၀ါရီ ၁၆ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ Sakura Tower တွင်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

““ကျွန်တော်ကတော့ ဂျပန်ကကုမ္ပဏီတွေနဲ့မြန်မာနိုင်ငံက ကုမ္ပဏီတွေချိတ်ဆက်ပေးတဲ့ အလုပ်ကိုလုပ်ပါ တယ်။ အခုဆိုရင်ဂျပန်က ကုမ္ပဏီတွေမြန်မာနိုင်ငံ ထဲကိုတော်တော်များများဝင်လာ ကြတယ်။ အဲလို ၀င်ရောက်လာကြ ပေမယ့်လည်း ကျွန်တော်တို့ ပထမ ဦးဆုံးကြုံတွေ့ရတာကတော့ ဂျပန် စကားပြောနိုင် တဲ့ ၀န်ထမ်းကိုဘယ် လိုရှာရမလဲဆိုတဲ့ပြဿနာပါပဲ။ အဲဒါကြောင့်မို့လို့ လုပ်သားလိုအပ် နေတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ အလုပ်အကိုင်လိုချင်တဲ့ပြည်သူတွေကို ချိတ်ဆက်ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာ ဂျပန်စာ သင်တန်းကျောင်းတွေ တော်တော် များများရှိပေမယ့်လည်း ဂျပန် စကားတတ်တဲ့သူတွေက မရှိဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ဂျပန်နိုင်ငံက ကုမ္ပဏီ တွေ တော်တော်လေး အခက်တွေ့ ပါ တယ်””ဟု ပြောကြားခဲ့သည်။

ဂျပန်ကုမ္ပဏီများလိုအပ်လျက် ရှိသည့် အလုပ်သမားများမှာလည်း အတွင်းရေးမှူး၊ ဘာသာပြန်။ကွန် ပျူတာကျွမ်းကျင်၊အခြေခံဂျပန်စာ တတ်သော အလုပ်သမားများလို အပ်လျက်ရှိကြောင်းသိရှိရသည်။

ဖြိုးအောင်
ွှThe Hot News

No comments:

Post a Comment