Saturday, January 19, 2013

သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေ

Photo: သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် 
ထုတ်လုပ်နေ
Saturday, January 19, 2013 

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်းလုပ်ကွက်များနှင့် ကမ်းလွန် လုပ်ကွက်များမှ သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေကြောင်း ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း အငြိမ်းစားအရာရှိဟောင်း ဦးကျော်သူရ က ပြောသည်။

“စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်း လုပ်ကွက်ကနေ သဘာဝဓါတ်ငွေ့ တရက်ကို ၆၈ ကုဗပေသန်းခန့်နဲ့ ကမ်းလွန် လုပ်ကွက်ကနေသဘာဝဓါတ်ငွေ့ 
တရက်ကို ၁,၂၀၀ ကုဗပေသန်းခန့် စုစုပေါင်း တရက်ကို ၁,၂၆၈ ကုဗပေ
သန်းခန့် ထုတ်လုပ်နေပါတယ်” ဟု ဆိုသည်။

ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို
မြန်မာပြည် အလယ်ပိုင်း၊ ပြည်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြှောင်ဒေသ၊ မုတ္တမကမ်းလွန်ဒေသများနှင့် တနင်္သာရီ ကမ်းလွန်ဒေသတို့တွင်သာ ထုတ်လုပ်လျက်ရှိသည်။

“ပြည်တွင်း သုံးစွဲရန်အတွက် လိုအပ်နေတဲ့ သဘာဝဓါတ်ငွေ့က တရက်ကို ၅၇၀ ကုဗပေသန်းခန့် ရှိနေပြီး ၂၇၈ ကုဗပေသန်းခန့်သာ ဖြည့်ဆည်း
ပေးနိုင်ပါသေးတယ်။ ပြည်တွင်းလိုအပ်ချက်ရဲ့ ၄၈% သာ ဖြည့်ဆည်း
နိုင်တာ တွေ့ရပါတယ်” ဟု ဦးကျော်သူရ က ဆက်ပြောသည်။

နှစ်အလိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ ၂၀၀၇-၀၈ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၁၉,၁၂၄၊ ၂၀၀၈-၀၉ တွင် ကုဗပေ သန်းပေါင်း ၃၈၆,၂၆၄၊ ၂၀၀၉-၁၀ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၀၅,၂၆၄၊ ၂၀၁၀-၁၁ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၃၄,၉၈၄ ထုတ်လုပ်နိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမမြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်းလုပ်ကွက်များနှင့် ကမ်းလွန် လုပ်ကွက်များမှ သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေကြောင်း ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း အငြိမ်းစားအရာရှိဟောင်း ဦးကျော်သူရ က ပြောသည်။ “စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်း လုပ်ကွက်ကနေ သဘာဝဓါတ်ငွေ့ တရက်ကို ၆၈ ကုဗပေသန်းခန့်နဲ့ ကမ်းလွန် လုပ်ကွက်ကနေသဘာဝဓါတ်ငွေ့  တရက်ကို ၁,၂၀၀ ကုဗပေသန်းခန့် စုစုပေါင်း တရက်ကို ၁,၂၆၈ ကုဗပေ
သန်းခန့် ထုတ်လုပ်နေပါတယ်” ဟု ဆိုသည်။

ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို မြန်မာပြည် အလယ်ပိုင်း၊ ပြည်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြှောင်ဒေသ၊ မုတ္တမကမ်းလွန်ဒေသများနှင့် တနင်္သာရီ ကမ်းလွန်ဒေသတို့တွင်သာ ထုတ်လုပ်လျက်ရှိသည်။

“ပြည်တွင်း သုံးစွဲရန်အတွက် လိုအပ်နေတဲ့ သဘာဝဓါတ်ငွေ့က တရက်ကို ၅၇၀ ကုဗပေသန်းခန့် ရှိနေပြီး ၂၇၈ ကုဗပေသန်းခန့်သာ ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။ ပြည်တွင်းလိုအပ်ချက်ရဲ့ ၄၈% သာ ဖြည့်ဆည်း
နိုင်တာ တွေ့ရပါတယ်” ဟု ဦးကျော်သူရ က ဆက်ပြောသည်။

နှစ်အလိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ ၂၀၀၇-၀၈ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၁၉,၁၂၄၊ ၂၀၀၈-၀၉ တွင် ကုဗပေ သန်းပေါင်း ၃၈၆,၂၆၄၊ ၂၀၀၉-၁၀ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၀၅,၂၆၄၊ ၂၀၁၀-၁၁ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၃၄,၉၈၄ ထုတ်လုပ်နိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ

No comments:

Post a Comment