Thursday, January 24, 2013

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ


အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆိုပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။

ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။

ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။

ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေ သနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟုဆိုသည်။

ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်

အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည် ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း နေရာတစ်ခုက ရှာဖွေ တူးဖေါ်ရရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာ အား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

သုတေသနဌာနကိုကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆို ပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်း တစ် ခုထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။

ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုး ကွယ်ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။

ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။

ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေသနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟု ဆို သည်

ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

No comments:

Post a Comment