Saturday, January 5, 2013

အိန္ဒိယ နိုင်ငံ၌ ၄၄ နှစ် အတွင်း အပူချိန် စံချိန်တင် ကျဆင်းခဲ့

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသများတွင် အအေးဒဏ် လွန်ကဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် ယခင်နေ့ များနှင့် မတူဘဲ အအေးဒဏ်ကို အလွန်အကျွံ ခံစား ခဲ့ရကြောင်း၊ ၄၄ နှစ်တာ ကာလ အတွင်းတွင် အဆိုး ရွား ဆုံးနေ့ ဖြစ်ကြောင်း ဒေသတွင်း မိုးလေဝသ ဌာနက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် အပူချိန်သည် ၉ ဒသမ ၈ ဒီဂရီထိ ကျဆင်းသွားပြီး ၁၉၆၉ ခုနှစ်မှ ယခုနှစ် အထိ ၄၄ နှစ်တာ ကာလ အတွင်းတွင် ပထမဆုံး အကြိမ် အဖြစ် စံချိန်တင် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း မိုးလေဝသ ဌာန က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။
အအေးဒဏ် အလွန်အကျွံ ခံစားရသော ဒေသများတွင် မြူနှင်းများ ဖုံးလွှမ်းနေပြီး နေရောင်ခြည်ကို မမြင်ရ သောကြောင့် လေကြောင်း ခရီးစဉ် များနှင့် မီးရထား ပြေးဆွဲမည့် ခရီးစဉ်များ ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3621-2013-01-05-09-44-07

No comments:

Post a Comment