Sunday, March 31, 2013

တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးအောင်၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်းမှာ မေတ္တာရပ်ခံ


"တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ပေးကြဖို့ ဖြစ်ပါ တယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သလောက် ပြည်သူများရဲ့ လူမှု စီးပွားဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေရအလုပ်အကိုင် အခွင့်အလမ်းများ ရရှိဖို့ အတွက်အလုပ်ရုံစက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာအရင်းအနှီး နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်များလိုအပ်နေပါတယ်။ ဒီအချက်တွေမပြည့်စုံသေးခင်မှာ ပြည်ပမှအရင်း အနှီးတွေ ခေါ် ရမှာ ဖြစ်ပါ တယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့ အကျိုး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို
ရှိစေမယ့် မူဝါများလည်းချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်ရောညီထွေရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါ တယ်။ ပြင်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့တာဆီးမှုတွေ ဖြေလျော့ နိုင်ဖို့အတွက်လည်း ကြိုး ပမ်းဆောင် ရွက်ခဲ့ရာမှာ အောင်မြင်မှုတစ်ချို့ရရှိနေပြီဖြစ်ပါတယ်။ ယခင်ခေတ်ဆက်ဆက်ကတင်ရှိနေ တဲ့ နိုင်ငံခြား ကြွေးမြေများအနက် အမေရိကန်ဒေါ်လာသန်းပေါင်း ခြောက်ထောင်ကျော်ကို လျော်ပစ် ပယ်ဖျက် ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အရှဖွံ့ဖြိုးရေးဘဏ် တို့မှ နှုန်း ထားသက်သာတဲ့ နှစ်ရှည် ချေးငွေများကို လည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက လိုအပ်ချက်က တိုင်းပြည် တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည်တည်ငြိမ်းအေးချမ်းမှုမရှိပဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘ ပြည်သူများအားလုံးကို တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။"
From...DVB TV News

No comments:

Post a Comment