Sunday, March 31, 2013

"တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ်လက်စားများဖြစ်ကြကြောင်း"၊ သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက် (၄)

"စတုတ္တအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ် သမား နဲ့ တောင်သူလယ်သမား ဘ၀တိုးတက်မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေး လက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ်လက်စား များဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာရေးဝတ်ရေးနဲ့ နေရေးကိုဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေး အတွက် တောင်သူလယ်သမားများအနေနဲ့ အလုပ်ကိုကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်များ ပိုမိုထွက် ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မိမိတို့ရဲလယ်မြေများ တန်ဖိုးမြင့်တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့
အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးကြဖို့ စနစ်တကျ သိပံနည်းကျ စိုက်ပျိုးကြဖို့ စက်မှု လယ်ယာကို ပြောင်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားအလုပ်သမားများ အတွက် အဓိကလိုအပ်ချက်ဟာ ငွေကြေးအရင်းအနှီးဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထားပါတယ်။ ဒါကြောင့်ငွေကြေးအရင်းအနှီးကို ဖြည့်စည်းပေးနိုင်ဖို့အတွက် အသေးစားငွေစုငွေချေးဘဏ် အသေးစားငွေ စုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေး အစုအဖွဲ့များတည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြိုး ပမ်းဆောင် ရွက်လျှက်ရှိပါတယ်။ ဒါအပြင့် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွား မှာဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။ "

No comments:

Post a Comment