Sunday, March 31, 2013

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက် (၅)


"ပဉ္စမ အချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဟန်း ရှင်လူ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည် တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန် လိုလားကြားပါတယ် တည်ငြိမ်းအေးချမ်းမှုမရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ရတာ ကိုအားလုံး ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်း မှုရှိအောင် နိုင်ငံ သားတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခွင့်ရှိအောင် ဖန်တီးပုံဖေါ်ပေး ခဲ့ပြီးဖြစ် ပါတယ်။ အကျဉ်း သားပေါင်းများစွာကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသား ခွင့်ပေးပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ဖို့ အကျဉ်းသား စိစစ်ရေးကော်မတီတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျှက်ရှိပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အတွက် အောင်မြင်မှုရလဒ်များ လည်းရရှိနေပြီးဖြစ်ပါမတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ပြည်သူ အချို့ဟာ ပြဿနာတစ်ရပ်ကြုံတွေ့လာရင် တရားဥပဒေနည်းလမ်းနဲ့ ဖြေရှင်းကြရမယ့် အစား ဒေါသအလျောက် တရားဥပဒေကို မျက်ကွယ်ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက်သတ်ဖြတ်မှုများ မီးရှို့မှုများကျူးလွန်နေကြတဲ့ အတွက် နိုင်ငံတကာမျက်နာစာမှာ မျက်နာပျက်ဖွယ်ရာများrမကြာခဏ ကြုံတွေ့နေရပါ တယ်။ ပြဿနာ တစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်း မှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့ မပြီးပဲ ဒေသတွင်း မှာရော နိုင်ငံတကာ နယ်ပယ်မှာ ရင်ဆိုင် ဖြေရှင်းရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆူံရှုံးစေခဲ့ပါတယ်။ တစ်ချို့ကလည်း ပြဿနာတစ်ခုခုဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ကြရမယ့်အစား ပြဿနာ ကိုပိုမိုကြီးထွားအောင် နောက် ကွယ်က သွေးထိုးလှုံဆော်မှုများ ကိုယ်တိုင်ပါဝင်လှုံဆော်မှုများ ရှိနေကြပါတယ်။ ဒီမိုကရေစီက နုနု မုန်းတိုင်း ကထန်ထန် ဖြစ်နေရင် ပြည်သူအများလိုလားနေတဲ့ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက် အယှက် အဟန့်အတားတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူ များဟာ တိုင်းပြည်တည်ငြိမ်အေး ချမ်းရေး တရားဥပဒေစိုးမိုရေးနဲ့ စည်းကမ်းရှိသော ဒီမိုကရေစီရှင်သန်ရေးအတွက် ၀ိုင်းဝန်း ကူညီကြပါ ရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအား အပ်နှင်း ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ အညီ ပြည်သူများရဲ့ အသက်အိုးစည်းစိမ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွား မှာ ဖြစ် ပါတယ်။ ဆဌမ အချက်ကတော့ မတ်လ ၂၇ ရက်နေ့ဟာ ၆၈ နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ရဲဘော်သုံးချိပ်နဲ့ စတင်ထူထောင်ခဲ့တဲ့ မြန့်မာတပ်တော်ဟာ လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်းမှာ ဖက်စစ်တော်လှန်ရေးကို ပြည်သူများနဲ့အတူ အောင်မြင်ဆောင်ရွက်နိုင် ခဲ့တဲ့အပြင် လွတ်လပ်ရေးကို ကာကွယ်ထိမ်းသိမ်း ရာမှာလည်း ပြည်ပအန္တရယ်တွေကို တွန်းလှန်တားဆီးနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ပါတယ် ယခုတွင်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို ပြည်သူများနဲ့ အတူပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင်ဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အားတွေ အဖြစ် အသုံးချသွားရမှာ ဖြစ်ပါတယ်။ "

ref:DVB

No comments:

Post a Comment