၂၆-၃-၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင၊် ကွတ်ခိုင်မြို့နယ်၊ ဟိုမောမန်နိမ့်ကျေးရွာ အုပ်စု စာရေး ဦးညီလော့မှ ၀၁၀၀ အချိန်ခန့်တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ရာက အိမ်ခြေ ၄ လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သတင်းပေးပို့ခဲ့သဖြင့် နမ့်ဖက်ကာရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စာရေး ဦးညီလော့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၀၁၀၀ အချိန် လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းခဲ့ရာ ဦးအိုက်လိန် (ခ) ဦးလှအေး၏ ထရံကာ၊ သွပ်မိုး၊ ၁၀ ပေ ၂ ခန်းတွဲနေအိမ်အား မိုးကြိုး ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ၄င်းအိမ်မှ စတင်မီးလောင်ကျွမ်းပြီး အနီးပတ်ဝန်းကျင်ရှိ ဦးအိုက်ဒဲ့(၂၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ၁၀ ပေ ၁ ခန်း၊
ဦးဆမ်ပေ(၃၀)နှစ်၏ သွပ်မိုးထရံကာ ၁၀ ပေ၊ ၂ ခန်းတွဲနှင့် ဦးငိုတိမ်း (၄၀)နှစ်၏ သွပ်မိုး ထရံကာ ၁၀ ပေ ၁ ခန်းတို့၏ နေအိမ် ၃ လုံးအား မီးကူးဆက်လောင်ကျွမ်းခဲ့ကာ နေအိမ် ၄ လုံး စုစုပေါင်း တန်ဘိုးးငွေ ကျပ်(၁၅၀၀၀၀ိ/-) ဆုံးရှုံးခဲ့ကြောင်း၊ လူ/တိရစ္ဆာန် သေဆုံးမှုမရှိဘဲ ဦးအိုက်လိန် (ခ)ဦးလှအေးတွင် မီးငြှိမ်း သတ်စဉ် ဦးခေါင်းမီးဟတ်ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် နမ့်ဖက်ကာ တိုက်နယ်ဆေး ရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment