နေပြည်တော်တွင် ပြုလုပ်သော ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး သူမအပါအ၀င် လွှတ်တော်များမှ ရေးရာကော်မတီဥက္ကဋ္ဌများ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အချို့ပါ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ကျင်းပသော တပ်မတော်နေ့ အခမ်းအနားတွင် ယခင်က ထည့်သွင်းပြသခြင်းမရှိသည့် သံချပ်ကာ ကားများ၊ လေယာဉ်ပစ်အမြောက်များကိုပါ ပထမဆုံးအကြိမ် ထည့်သွင်းပြသခဲ့ပြီး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့်ပါ ဝေဟင်မှ ပျံဝဲအလေးပြုခြင်းအစီအစဉ်များကို ထည့်သွင်းခဲ့သည်။
ဓာတ်ပုံ - EPA

No comments:
Post a Comment