Thursday, March 28, 2013

မြန်မာကျောက်မျက်တင်သွင်းမှုအပေါ် တရုတ်ကအခွန်လျှော့ပေးရန် ဆွေးနွေး

မြန်မာနိုင်ငံဘက်မှ ၀ယ်ယူခဲ့သော ကျောက်မျက်တန်ဖိုး၏ ၃၃ ဒသမ ၉ ရာခိုင်နှုန်းကို တရုတ်အစိုးရက သွင်းကုန်အခွန်အဖြစ် ကောက်ခံနေခြင်းအပေါ် အခွန်လျှော့ ကောက်ခံရန် ၀န်ကြီးဌာန ချင်း ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ စီပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ပြီးခဲသည့် နှစ်ကုန်ပိုင်းကတည်းက အခွန်လျှော့ကောက်ရန် ဆွေးနွေးနေ ခြင်းဖြစ်ပြီး ကျောက်မျက်အပြင် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်နှင့်တိရစ္ဆာန် ထွက်ပစ္စည်းစသည်များ လွယ်ကူသက်သာစွာ ကုန်သွယ်နိုင် ရန်အတွက်လည်းပါဝင်ပြီး မကြာမီသဘောတူလက် မှတ်ရေးထိုးမည်ဖြစ်ကြောင်း စီးပွား ကူးသန်းပြည်ထောင်စုဝန်ကြီးက မတ်လ ၁၈ ရက်တွင် ပြောကြား သည်။
“ကျောက်စိမ်းကို အခွန်ကောက်တာ များနေတဲ့အတွက် ပို့ရတာအခက်အခဲရှိတယ်။ ၀န်ကြီးဌာန ချင်းဆွေးနွေးနေတယ်” ဟု စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
တရုတ်အစိုးရက အခွန်လျှော့ကောက်ပါက တရုတ်ကျောက်မျက်ကုန် သည်များသည် မြန်မာကျောက် မျက်ကို ဈေးပိုပေးဝယ်ယူ ဖွယ်ရှိပြီး ပြည် တွင်းကျောက်မျက် အရောင်းအ၀ယ် ပိုကောင်းလာနိုင်ကြောင်း မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်များက သုံးသပ်သည်။
တရုတ်အစိုးရက တင်းကျပ်စွာ အခွန်ကောက်သဖြင့် မြန်မာကျောက် မျက်ပြပွဲ များတွင် လေလံအောင် ထားသည့် ကျောက်များအား တရုတ်များက ငွေသွင်းထုတ်ယူမှု လျော့နည်းသွားကြောင်း ကျောက် မျက်လုပ်ငန်းအ သိုင်းအ၀ိုင်းမှ သိရသည်။
“တရုတ်ကအခွန်လျှော့ကောက်ရင် နေပြည်တော် ကျောက်မျက်ပြပွဲမှာလေလံဆွဲဝယ်တဲ့သူ ပိုများမယ်။ အပြင်အရောင်းအ၀ယ်လုပ်ရာမှာလည်း အခွန်ဆောင်ရတာ နည်းတဲ့အတွက် ဈေးပိုပေးလာမယ် ထင်တယ်” ဟု မန္တလေး မဟာအောင်မြေကျောက်ဝိုင်း မှ ကျောက် ကုန်သည်တစ်ဦးက သုံးသပ်သည်။
ကျောက်စိမ်းအကြမ်းထည် ပြင်ပတင်ပို့ရောင်းချခြင်းထက် ပြည်တွင်းတွင် အချောထည်ထုတ်နိုင်ရန် ကြိုးစားနေကြောင်း၊ အီးယူနှင့် ဥရောပနိုင်ငံများနှင့်လည်း ကျောက်မျက်ရောင်းဝယ်ခွင့် ပိတ်ပင် ထားမှုဖြေ လျှော့ပေးရန် တစ်ဆင့်ချင်းကြိုးစားနေကြောင်း ဦးဝင်းမြင့် က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ပြည်တွင်းကျပ်ငွေဖြင့် ရောင်းချသည့် အဆင့်နိမ့်ကျောက် မျက်ပြပွဲတစ်ခုသာ ပြု လုပ်နိုင် ခဲ့ပြီး တစ်နှစ်ကျော်ကြာပြုလုပ်နိုင်ခဲ့ခြင်းမရှိ သည့် နိုင်ငံတကာအဆင့် ကျောက်မျက်ပြပွဲကို လာမည့် မေလတွင် နေပြည် တော်၌ပြုလုပ်ဖွယ်ရှိကြောင်း မန္တလေးမြို့ခံ ကျောက်မျက် လုပ်ငန်းရှင် များ က ခန့်မှန်းပြောကြားသည်။
7Day News Journal

No comments:

Post a Comment