မတ်လ
၂၈ ရက်နေ့ ဇီးကုန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး မတ်လ ၂၇
ရက်နေ့ က ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို
သက်ဆိုင် ရာမှ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဇီးကုန်းမြို့ စည်ပင်သာယာဈေး အတွင်းရှိ ဈေးဆိုင်အချို့သာ ဖွင့်လှစ်ခြင်းမရှိဘဲ အများစုမှာ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ဇီးကုန်းမြို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့်
ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဇီးကုန်းမြို့တွင်
ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ထားသည်။
Eleven Media Group
Eleven Media Group




No comments:
Post a Comment