Sunday, March 24, 2013

စိုက်ပျိုးမြေ ပြောင်းရွှေ့ဖယ်ရှားခံရမည့် ပြည်သူများအရေး လွှတ်တော်တွင် တင်ပြမည်

Photo: စိုက်ပျိုးမြေ ပြောင်းရွှေ့ဖယ်ရှားခံရမည့် ပြည်သူများအရေး
လွှတ်တော်တွင် တင်ပြမည်
Sunday, March 24, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန်
အပိုင်း(၁/၂) ရပ်ကွက်ရှိ ဖယ်ရှားခံရမည့် ကိုယ်ပိုင် စိုက်ပျိုးမွေးမြူ
ထုတ်လုပ်သူများမှ ပြောင်းရွှေ့ရန် မြေနေရာ ခက်ခဲမှုကြောင့် ယခု လက်ရှိနေရာတွင်သာ ဆက်လက်လုပ်ကိုင်ခွင့်ရရန် တောင်းဆိုမှု အပေါ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ အတတ်
နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ပိုင်ဆိုင်သည့် ၃၁ဧက ကျယ်ဝန်းသည့် ယင်းမြေကွက်အတွင်း ပျိုးဥယျာဉ်၊ ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် နို့စား နွား မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ပြီး မိသားစုပေါင်း
၂၁၂ စုနေထိုင်၍ မှီတင်းနေထိုင်သူဦးရေ ၈၀၀ကျော် ရှိကြောင်း
သိရသည်။

ယင်းနေရာများတွင် ၁၉၉၂ခုနှစ်ခန့်မှ စတင်ငှားရမ်း လုပ်ကိုင်ခဲ့ကြ
ပြီး လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ခန့်တွင် ယခုလ ၃၁ရက်နေ့
နောက် ဆုံးထား၍ ပြောင်းရွှေ့ပေးရန် အကြောင်းကြားစား ပေးပို့
ခဲ့ကြောင်း ယင်းမြေကွက် အတွင်း အလုပ်လုပ်ကိုင်သူ တစ်ဦးဖြစ်သူ ဦးမိုးဟိန်းက ပြောကြားသည်။

“ဒီနေရာမှာက အတော်များများ အဆင်ပြေတယ်၊ လမ်းပန်းဆက်
သွယ်ရေးလဲ အဆင်ပြေတယ်၊ တခြားနေရာတွေမှာဆို ဝေးတယ့်
အတွက် လုပ်ကိုင်နိုင်တဲ့ စွမ်းအား မရှိတော့ဘူး။”ဟု နို့စားနွားမွေး
မြူရေး လုပ်ငန်း လုပ်ကိုင်သူ ကိုဝဏ္ဏထွန်းက ပြောကြားသည်။

ယခုလက်ရှိနေရာတွင် လုပ်ကိုင်ခြင်းဖြင့် မွေးမြူရေးသမားများနှင့် စိုက်ပျိုးရေးသမားများကြား ‘ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ’ လုပ်ကိုင်
နိုင်သဖြင့် ကုန်ကျစရိတ်နည်းပါပြီး လုပ်ကိုင်ရ အဆင်ပြေကြောင်း
ပြောကြားသည်။

ယခုနေရာတွင် ဆက်လက်လုပ်ကိုင် ရပါက နေရာပြောင်းရွှေ့
စရိတ် များ လျော့ကျသဖြင့် ပိုမို လုပ်ကိုင်လာနိုင်သလို လက်ရှိ
ပေးဆောင် နေရသည်ထက် ပိုမိုပေးဆောင်ပြီး ဆက်လက်လုပ်
ကိုင်ခွင့် ရရှိပါကလည်း ပေး၍ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အတတ်
နိုင်ဆုံး လက်ရှိနေရာတွင်ပင် လုပ်ကိုင်လိုကြောင်းလည်း ဆက်လက် ပြောကြားသည်။

ယင်းမြေနေရာများအား ငှားရမ်း အသုံးပြုစဉ်မှ စ၍ လစဉ်းကြေး
ပေးချေခဲ့ရပြီး၊ ဆက်လက်လုပ်ကိုင်ရပါလည်း ယင်းမြေနေရာအတွက် အာမခံ ပေး၍ လုပ်ကိုင်ရမည် ဆိုလည်း လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအား အခြားနေရာတွင် လုပ်ကိုင်ရန် မလွယ်ကူသလို မဖြစ်မနေ ပြောင်းရွှေ့ရမည် ဆိုပါကလည်း မြေ
နေရာ အစားထိုး ပေးစေလိုကြောင်းလည်း ပြောကြားသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း “အများကြီး မရည်ရွယ်ပါဘူး၊ လုပ်နိုင်
သလောက် လုပ်ပေး သွားမှာပါ၊ လူထုနစ်နာချက် မှန်သမျှ လုပ်ပေးမယ်”ဟုပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ၎င်းကိုယ်တိုင်
ပင်လျှင် စစ်အစိုးရလက်ထက်တွင် လယ်ယာမြေအချို့ မတရား 
သိမ်းဆည်းခံ ခဲ့ရသောကြောင့် ကိုယ်ချင်းစာမိကြောင်း၊ သို့သော် လည်း ဖြေရှင်းရာ၌ နည်းလမ်းမှန်ရန် လိုအပ်ပြီး ဆင်းရဲနွမ်းပါးသူ
များထံမှ မတရား သိမ်း ဆည်းထားသည့် ကိစ္စများအား အကောင်း ဆုံးဖြစ်အောင် လုပ်ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ဆက် လက်ပြောကြားသည်။

ယင်းသို့သော အောက်ခြေလူတန်းစားများအား မတရား ဖိနှိပ် ချုပ်ချယ်မှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် တင်ပြသွားမည်
ဖြစ်သလို တရား ရေးနည်းလမ်းဖြင့် အကောင်းဆုံး ပြေလည်အောင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူထု၏ ဆန္ဒကို အတတ်နိုင်ဆုံး
ဖြည့်ဆည်းပေးရန် ပြော ဆိုသွားမည် ဖြစ်ကြောင်းနှင့် လူထုနစ်နာ ချက်ကို အောက်ခြေအထိ ဆောင်ရွက်မည်ဖြစ်ပြီး စင်ပေါ်တွင် မိန့်ခွန်းခြွေသည့် အလုပ်မျိုးကို လုပ်ကိုင်မည် မဟုတ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားသွားခဲ့သည်။

ဝေယံ
The Myanma Ageရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန် အပိုင်း (၁/၂) ရပ်ကွက်ရှိ ဖယ်ရှားခံရမည့် ကိုယ်ပိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ် သူများမှ ပြောင်းရွှေ့ရန် မြေနေရာ ခက်ခဲမှုကြောင့် ယခု လက်ရှိနေရာ တွင်သာ ဆက်လက်လုပ်ကိုင်ခွင့်ရရန် တောင်းဆိုမှု အပေါ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ပိုင်ဆိုင်သည့် ၃၁ ဧက ကျယ်ဝန်းသည့် ယင်းမြေကွက်အတွင်း ပျိုးဥယျာဉ်၊ ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် နို့စား နွား မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ပြီး မိသားစုပေါင်း ၂၁၂ စုနေထိုင်၍ မှီတင်းနေထိုင် သူဦးရေ ၈၀၀ကျော် ရှိကြောင်း သိရသည်။

ယင်းနေရာများတွင် ၁၉၉၂ခုနှစ်ခန့်မှ စတင်ငှားရမ်း လုပ်ကိုင်ခဲ့ကြပြီး လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ခန့်တွင် ယခုလ ၃၁ရက်နေ့ နောက် ဆုံးထား၍ ပြောင်းရွှေ့ပေးရန် အကြောင်းကြားစား ပေးပို့ခဲ့ကြောင်း ယင်းမြေကွက် အတွင်း အလုပ်လုပ်ကိုင်သူ တစ်ဦးဖြစ်သူ ဦးမိုးဟိန်းက ပြောကြားသည်။

“ဒီနေရာမှာက အတော်များများ အဆင်ပြေတယ်၊ လမ်းပန်းဆက်သွယ်ရေးလဲ အဆင်ပြေတယ်၊ တခြားနေရာတွေမှာဆို ဝေးတယ့်အတွက် လုပ်ကိုင်နိုင်တဲ့စွမ်းအားမရှိတော့ဘူး။”ဟု နို့စားနွားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ကိုဝဏ္ဏထွန်းက ပြောကြားသည်။

ယခုလက်ရှိနေရာတွင် လုပ်ကိုင်ခြင်းဖြင့် မွေးမြူရေးသမားများနှင့် စိုက်ပျိုးရေးသမားများကြား ‘ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီ’ လုပ်ကိုင်နိုင်သဖြင့် ကုန်ကျစရိတ်နည်းပါပြီး လုပ်ကိုင်ရ အဆင်ပြေကြောင်း ပြော ကြားသည်။

ယခုနေရာတွင် ဆက်လက်လုပ်ကိုင်ရပါက နေရာပြောင်းရွှေ့စရိတ်များ လျော့ကျသဖြင့် ပိုမိုလုပ်ကိုင် လာနိုင်သလို လက်ရှိပေးဆောင် နေရသည်ထက် ပိုမိုပေးဆောင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ရရှိပါက လည်း ပေး၍ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အတတ်နိုင်ဆုံး လက်ရှိနေရာတွင်ပင် လုပ်ကိုင်လိုကြောင်းလည်း ဆက်လက် ပြောကြားသည်။

ယင်းမြေနေရာများအား ငှားရမ်း အသုံးပြုစဉ်မှ စ၍ လစဉ်းကြေး ပေးချေခဲ့ရပြီး၊ ဆက်လက်လုပ်ကိုင်ရ ပါလည်း ယင်းမြေနေရာအတွက် အာမခံပေး၍ လုပ်ကိုင်ရမည်ဆိုလည်း လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအား အခြားနေရာတွင် လုပ်ကိုင်ရန် မလွယ်ကူသလို မဖြစ်မနေ ပြောင်းရွှေ့ ရမည် ဆိုပါကလည်း မြေနေရာ အစားထိုး ပေးစေလိုကြောင်းလည်း ပြောကြားသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း “အများကြီး မရည်ရွယ် ပါဘူး၊ လုပ်နိုင်သလောက် လုပ်ပေးသွားမှာပါ၊ လူထုနစ်နာချက် မှန်သမျှ လုပ်ပေးမယ်” ဟုပြောကြားခဲ့ သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ၎င်းကိုယ်တိုင်ပင်လျှင် စစ်အစိုးရလက်ထက်တွင် လယ်ယာမြေအချို့ မတရားသိမ်းဆည်းခံခဲ့ရသောကြောင့် ကိုယ်ချင်းစာမိကြောင်း၊ သို့သော်လည်း ဖြေ ရှင်းရာ၌ နည်းလမ်းမှန်ရန်လိုအပ်ပြီး ဆင်းရဲနွမ်းပါးသူများထံမှ မတရားသိမ်းဆည်းထားသည့်ကိစ္စ များအား အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ရန်လည်းစီစဉ်လျက်ရှိကြောင်း ဆက်လက်ပြောကြား သည်။

ယင်းသို့သော အောက်ခြေလူတန်းစားများအား မတရားဖိနှိပ်ချုပ်ချယ်မှုများနှင့် ပတ်သက်၍ လွှတ်တော် တွင် တင်ပြသွားမည်ဖြစ်သလို တရား ရေးနည်းလမ်းဖြင့် အကောင်းဆုံး ပြေလည်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လူထု၏ဆန္ဒကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရန် ပြောဆိုသွားမည် ဖြစ်ကြောင်း   နှင့် လူထု နစ်နာ ချက်ကို အောက်ခြေအထိ ဆောင်ရွက်မည်ဖြစ်ပြီး စင်ပေါ်တွင် မိန့်ခွန်းခြွေသည့် အလုပ်မျိုးကို လုပ်ကိုင်မည် မဟုတ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားသွားခဲ့သည်။

ဝေယံ
The Myanma Age

No comments:

Post a Comment