အညာဒေသယာခင်းများတွင် တောင်သူများပြုစုစောင့်ရှောက် မွေးမြူထားသော ကန္တာရ၊ ရှား၊ သန်း၊ ဒဟက်၊ ကပေါက်ပင်၊ သရက်၊ ထနောင်း၊ မန်ကျည်း စသည့်သင်တောသစ်ပင်များမှာ မီးသွေးဖုတ်နေကြ၍ အညာဒေသ သစ်တောများဘ၀ပြောင်းနေပြီဆို၏။
မိုးကခေါင်၊ နေကပူ၊ ရေက ရှား၊ အရိပ်ကမရှိအညာသင်တောများ တစတစပြုန်းတီးနေသည်ဆို ၏။ တောတွေကပြောင်၊ တောင် တွေလည်းကတုံးဖြစ်နေ၍ အညာ မှာမီးသွေးဖုတ်သူများကို မထိန်း နိုင်ဟု ဆို၏။
သင်တောဥပဒေလျှော့ချလျှင် အညာမှာယခုထက်ပြုန်းတီမည်ဟု အညာဒေသနှင့် နီးစပ်သူတို့ကဆို သည်။ ယခင်ကကြပ်မတ်ထိန်းသိမ်းခဲ့၍ စိမ်းစိုသောအညာမှာ မီးသွေးကြောင့်တောပြုန်းနေသည်။ ကန္တရလို အပေါက် များသော သစ်ပင်များပင်မခံနိုင်ပဲကန္တာရတော တွေ ရွာတွေမှာပင်ပြုန်းတီးနေပြီ။
နွားထိုးကြီးမီးသွေးမှာ မန္တလေး၊ မြင်းခြံဈေးကွက်ရှိပြီး ဖုံသာ၊ ပြင်စည်၊ အနွင်းဘိုး၊ လျှော်ဖြူ၊ ၀က်လူး၊ ပဲချက်၊ မြ၀တီ၊ ကျွန်းဒေါင့်စသည့်ရွာများမှာမီးသွေး အတွက်နာမည်ကြီးနေသည်။
HotNewsWeekly
No comments:
Post a Comment