Friday, April 26, 2013

ငါးထောင်တန်အတု ပြည်တွင်းငွေကြေးကဏ္ဍ မထိခိုက်ဟုဆို

ငါးထောင်တန်အတု ပြည်တွင်းငွေကြေးကဏ္ဍ မထိခိုက်ဟုဆို 
............................................................. 
ရန်ကုန်၊ ဧပြီ ၂၅  

ငါးထောင်ကျပ်တန် ငွေစက္ကူအတု မြန်မာနိုင်ငံ အချို့ဒေသများတွင် တွေ့ရှိ နေရသော်လည်း ပုဂ္ဂလိကဘဏ်များက ငွေစက္ကူများကို လက်ခံရာတွင် လက်ဖြင့် ရေတွက်၍ သေချာစွာ စိစစ်သဖြင့် နိုင်ငံအတွင်း များစွာပျံ့နှံ့မှု မရှိသောကြောင့် ပြည်တွင်းငွေကြေးကဏ္ဍ ထိခိုက်နိုင်သည့် ပမာဏ မရှိနိုင်ကြောင်း ယင်းဘဏ်များ ထံမှသိရသည်။  

သာမန်ပြည်သူများမှာ ငါးထောင်ကျပ်တန် အစစ်နှင့်အတုကို အလွယ်တကူ မခွဲခြားနိုင်သော်လည်း ဘဏ်ဝန်ထမ်းများ မှာမူ ကိုင်တွယ်ရေတွက်သည့် အကျင့် ရှိသဖြင့် အတုအစစ်ကို ချက်ချင်းခွဲခြား နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က The Voice သို့ပြောကြားသည်။ "ငွေလာအပ်တဲ့ သူတွေဆီက တစ်ရွက် နှစ်ရွက် (၅၀၀၀ကျပ်တန်) လောက်ပါလာရင် တစ်ဝက်ကို ဘဏ်က ဖြဲယူတယ်။ တစ်ဝက်ကိုတော့ ပြန်ပေးလိုက်တယ်။ ဒါမှမဟုတ်ရင် သုံးလို့မရအောင် အပေါက်တွေ ဖောက်လိုက်တယ်။ များရင်တော့ သက်ဆိုင်ရာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြား ပါတယ်" ဟု ၄င်းကရှင်းပြသည်။ 

 ငွေအတုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ၍ အများပြည်သူ သို့ အသိပညာ ပေးထားသည့်ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့လည်း တင်ပြထားကာ မကြာခင် အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်အောင် က ပြောကြားသည်။  

ယခုလ ၁၂ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သျှင်းသျှင်း ဟိုတယ်တွင် ငါးထောင်ကျပ်တန်အတု လက်ဝယ်ကိုင်ဆောင်သူများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မြန်မာငွေကျပ် အတုဟု ယူဆရသည့် ငါးထောင်ကျပ်တန် ကျပ်သိန်း ၂၇၀ ကို ဖမ်းဆီးရခဲ့ကြောင်း ဧပြီလ ၂၀ ရက်နေ့ထုတ် မြဝတီသတင်းစာ တွင် ဖော်ပြထားသည်။  

မတ်လ ၂၈ ရက်ကလည်း မြစ်ကြီးနားမြို့ ကျွန်းသာပင်ရပ်ကွက် အမှတ် ၂၅၃ ရှိ ဒေါ်တင်ညို၏ ဆိုင်ကယ်အရောင်း ဆိုင်တွင် ငါးထောင်ကျပ်တန် ငွေအတုဖြင့် ဆိုင်ကယ်ဝယ်ယူသူများထံမှ ငါးထောင် ကျပ်တန် ၂၄၈ ရွက်ကို ဖမ်းဆီးခဲ့ပြီး ဆက်လက် စစ်ဆေးရာတွင် မြစ်ကြီးနားမြို့ နဂါး နှစ်ကောင်ဟိုတယ်တွင် တရုတ်နိုင်ငံသား သုံးဦးထံမှ ငွေစက္ကူအတု ကျပ် ၄,၈၈၅,၀၀၀ ကို ဖမ်းဆီးရမိကြောင်း ဧပြီလ ၅ ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံ အတွင်း ငါးထောင်ကျပ်တန် တန်ဖိုး ပမာဏကျပ် ၂၈၀၀ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှု အရ ငွေစက္ကူအတု လက်ခံရရှိမှု ရှိနိုင်သော် လည်း လှည့်လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် က ပြည်သူ့လွှတ်တော်အ စည်းအဝေးတွင် ပြောကြားထားသည်။  

ငါးထောင်ကျပ်တန် ငွေစက္ကူများ စတင်ထုတ်ဝေခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ငွေစက္ကူအတု ၃၇၅၈ ရွက်၊ တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးကို ပေးပို့ခဲ့ကြောင်း ဒေါက်တာလင်းအောင်က ဆက်လက်ပြော ကြားသည်။ ငါးထောင်ကျပ်တန် အတုများမှာ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များတွင် မလှည့်ပတ်နိုင် သော်လည်း စီးပွားရေးလောကတွင် လည်ပတ်နေနိုင်သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးလုပ်ငန်း စီမံခန့်ခွဲမှုဌာန၏ ငွေကြေးဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြား အရေးယူခြင်း၊ အတုအစစ်ခွဲခြားသည့် စက်များ အသုံးပြုခြင်းတို့ဖြင့် ထိန်းချုပ်ရန် ဆောင်ရွက်လျက်ရှိ သည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ငါးထောင်ကျပ်တန် ငွေစက္ကူအတု မြန်မာနိုင်ငံ အချို့ဒေသများတွင် တွေ့ရှိ နေရသော်လည်း ပုဂ္ဂလိက ဘဏ်များက ငွေစက္ကူများကို လက်ခံရာတွင် လက်ဖြင့် ရေတွက်၍ သေချာစွာ စိစစ်သဖြင့် နိုင်ငံအတွင်း များစွာပျံ့နှံ့မှု မရှိသောကြောင့် ပြည်တွင်းငွေကြေးကဏ္ဍ ထိခိုက်နိုင်သည့် ပမာဏမရှိနိုင်ကြောင်း ယင်းဘဏ်များ ထံမှသိရသည်။

သာမန်ပြည်သူများမှာ ငါးထောင်ကျပ်တန် အစစ်နှင့်အတုကို အလွယ်တကူ မခွဲခြားနိုင်သော်လည်း ဘဏ် ဝန်ထမ်းများ မှာမူ ကိုင်တွယ်ရေတွက်သည့် အကျင့် ရှိသဖြင့် အတုအစစ်ကို ချက်ချင်း ခွဲခြား နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က The Voice သို့ပြောကြားသည်။ "ငွေလာအပ်တဲ့ သူတွေဆီက တစ်ရွက် နှစ်ရွက် (၅၀၀၀ကျပ်တန်) လောက်ပါလာရင် တစ်ဝက်ကို ဘဏ်က ဖြဲယူတယ်။ တစ်ဝက်ကိုတော့ ပြန်ပေးလိုက်တယ်။ ဒါမှမဟုတ်ရင် သုံးလို့မရအောင် အပေါက်တွေ ဖောက် လိုက်တယ်။ များရင်တော့ သက်ဆိုင်ရာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြား ပါတယ်" ဟု ၄င်းက ရှင်းပြသည်။

ငွေအတုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ၍ အများပြည်သူ သို့ အသိ ပညာ ပေးထား သည့်ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့လည်း တင်ပြထားကာ မကြာခင် အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွန်ကြားရေး မှူးချုပ် ဦးအောင်အောင် က ပြောကြားသည်။

ယခုလ ၁၂ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သျှင်းသျှင်း ဟိုတယ်တွင် ငါးထောင်ကျပ်တန်အတု လက်ဝယ်ကိုင်ဆောင်သူများကို ရှောင်တခင် ဝင်ရောက် စစ်ဆေး ရာ မြန်မာငွေ ကျပ် အတုဟု ယူဆရသည့် ငါးထောင်ကျပ်တန် ကျပ်သိန်း ၂၇၀ ကို ဖမ်းဆီးရ ခဲ့ကြောင်း ဧပြီလ ၂၀ ရက်နေ့ထုတ် မြဝတီသတင်းစာ တွင် ဖော်ပြထားသည်။

မတ်လ ၂၈ ရက်ကလည်း မြစ်ကြီးနားမြို့ ကျွန်းသာပင်ရပ်ကွက် အမှတ် ၂၅၃ ရှိ ဒေါ်တင်ညို၏ ဆိုင်ကယ်အရောင်း ဆိုင်တွင် ငါးထောင်ကျပ်တန် ငွေအတုဖြင့် ဆိုင်ကယ်ဝယ်ယူသူများထံမှ ငါးထောင် ကျပ်တန် ၂၄၈ ရွက်ကို ဖမ်းဆီးခဲ့ပြီး ဆက်လက် စစ်ဆေးရာတွင် မြစ်ကြီးနားမြို့ နဂါး နှစ်ကောင် ဟိုတယ်တွင် တရုတ်နိုင်ငံသား သုံးဦးထံမှ ငွေစက္ကူအတု ကျပ် ၄,၈၈၅,၀၀၀ ကို ဖမ်းဆီးရမိကြောင်း ဧပြီလ ၅ ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံ အတွင်း ငါးထောင်ကျပ်တန် တန်ဖိုး ပမာဏကျပ် ၂၈၀၀ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှု အရ ငွေ စက္ကူအတု လက်ခံရရှိမှု ရှိနိုင်သော် လည်း လှည့်လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် က ပြည်သူ့လွှတ်တော်အစည်း အဝေး တွင် ပြောကြားထားသည်။

ငါးထောင်ကျပ်တန် ငွေစက္ကူများ စတင်ထုတ်ဝေခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ငွေစက္ကူအတု ၃၇၅၈ ရွက်၊ တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးကို ပေးပို့ခဲ့ကြောင်း ဒေါက်တာလင်းအောင်က ဆက်လက်ပြော ကြားသည်။ ငါးထောင် ကျပ်တန် အတုများမှာ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များတွင် မလှည့် ပတ်နိုင် သော်လည်း စီးပွားရေးလောကတွင် လည်ပတ်နေနိုင်သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးလုပ်ငန်း စီမံခန့်ခွဲမှုဌာန၏ ငွေကြေးဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြား အရေးယူခြင်း၊ အတုအစစ်ခွဲခြားသည့် စက်များ အသုံးပြုခြင်းတို့ဖြင့် ထိန်းချုပ်ရန် ဆောင်ရွက်လျက်ရှိ သည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။
From....The Voice Weekly

No comments:

Post a Comment