Saturday, April 27, 2013

မန်ယူကစားသမားဟောင်း နှစ်ဦးဖြစ်သည့် ဒင်းနစ်အာဝင်နှင့် ဘလက်မိုးတို့ ရန်ကုန်မြို့သို့ ၁ ရက်ကြာ လာရောက်

4.26.7
မြန်မာနိုင်ငံတွင် ရန်ပုံငွေပွဲ လာရောက်ကစားမည့် ကမ္ဘာကျော် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ယူ အသင်း၏ ကစားသမားဟောင်း ၄ ဦးထဲမှ ဒင်းနစ်အာဝင်နှင့် ကလေလန်ဘလက်မိုးတို့သည် ပြီးခဲ့သည့် ဧပြီ လ ၂၆ ရက်က ရန်ကုန်မြို့သို့ ၁ ရက်ကြာ လာရောက်ခဲ့ကြောင်း သိရသည်။
4.26.7

ဒင်းနစ်အာဝင်နှင့် ကလေတန်ဘလက်မိုးတို့ နှစ်ဦးသည် ယင်းနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သို့ ရောက်ရှိ လာခဲ့ပြီး နေ့လယ်ပိုင်းတွင် သာကေတမြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ သွားရောက်၍ လှူဖွယ် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။
4.26.7
ထို့ပြင် မိဘမဲ့ကလေးငယ်များအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး ဘောလုံးစွမ်းရည်များ ပြသခဲ့သည်။ ယင်းနောက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ရှိ သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် ကာ HIV ဝေဒနာ ခံစားနေရသည့် လူငယ်များအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
4.26.7
ယင်းမှတစ်ဆင့် သုဝဏ္ဏကွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် Park Royal Hotel ၌ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာနယ်ဇင်း ရှင်းလင်းပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ခဲ့ပြီး လက်ရှိ မန်ယူကစားသမားများ လက်မှတ်ရေးထိုးထားသည့် အင်္ကျီအား ဒင်းနစ်အာဝင်နှင့် ဘလက်မိုးတို့က အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
From...Eleven

No comments:

Post a Comment