Friday, April 26, 2013

“ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ”

Photo: “ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ”
Friday, April 26, 2013

တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်း အရာရှိ တစ်ဦးက ရေတပ်သည် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည် ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင် သင်္ဘောကြီးထက် ပိုကြီးရန် လိုအပ်ကြောင်း ရေတပ် တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရေတပ်၏ ဒုတိယ စစ်ဦးစီး ဆွန်ဇူးက "နောက်ထပ် တည်ဆောက်မယ့် လေယာဉ်တင် သင်္ဘောက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ တိုက်လေယာဉ်တွေ ပိုပြီး တင်ဆောင်နိုင်ရပါမယ်"ဟု ပြောကြားခဲ့သည်။

Planet.com.mm
တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှထိပ်တန်း အရာရှိတစ်ဦးကရေတပ်သည် နောက် ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည်ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင် သင်္ဘောကြီးထက်ပိုကြီးရန် လိုအပ်ကြောင်း ရေတပ်တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရေတပ်၏ ဒုတိယ စစ်ဦးစီး ဆွန်ဇူးက "နောက်ထပ် တည်ဆောက်မယ့် လေယာဉ်တင် သင်္ဘောက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ တိုက်လေယာဉ်တွေ ပိုပြီး တင်ဆောင်နိုင်ရပါမယ်"ဟု ပြောကြားခဲ့သည်။

Planet.com.mm

No comments:

Post a Comment