အခု အသစ်ထုတ်လုပ်လိုက်နိုင်တဲ့ ဘက်ထရီအသစ်ဟာ ယာဉ်တွေနဲ့ လျှပ်စစ်သုံး ပစ္စည်းတွေကို အားဖြည့်ရာမှာ အပြောင်းအလဲကြီးတရပ် ဖြစ်နိုင်တယ်လို့ ဒီဘက်ထရီကို ထုတ်သူတွေ က ပြောကြား လိုက်ပါတယ်။
3D လျှပ်ခေါင်းကို အသုံးပြုထားတဲ့ ဒီ ဘက်ထရီ အသေးစားဟာ ဈေးကွက်မှာ ရောင်းနေတဲ့ ဘက်ထရီ ထက် အဆပေါင်းများစွာ သေးငယ်မှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အီလီနွိုက်စ် တက္ကသိုလ် က သိပ္ပံအဖွဲ့တခု ကနေ ပြောပါတယ်။
ဒါမှမဟုတ် ဈေးကွက်က ဘက်ထရီ အရွယ် ထုတ်မယ်ဆိုရင်တော့ စွမ်းအား အများကြီး ပိုရှိမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
အားပြန်ဖြည့်ရာမှာလည်း အခုနည်းပညာတွေထက်ကို အဆ ၁၀၀၀ ပိုမြန်မယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီဘက်ထရီတွေ နဲ့ ပတ်သက်ပြီး အန္တရာယ် ရှိမရှိဆိုတာကိုတော့ မသိရသေးပါ။
BBC
No comments:
Post a Comment