Thursday, April 18, 2013

ပြုပြင်ပြောင်းလဲရေးများမှာ စစ်တပ်အပေါ် မူတည်ဟု မြန်မာအတိုက်အခံ ခေါင်းဆောင်ပြော

Photo: ပြုပြင်ပြောင်းလဲရေးများမှာ စစ်တပ်အပေါ် မူတည်ဟု မြန်မာအတိုက်အခံ ခေါင်းဆောင်ပြော

Thursday, April 18,2013


မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း၊ အားကောင်းသောစစ်တပ် အပေါ်တွင်သာ မူတည် လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။

နိုင်ငံရေးသုံးသပ်သူများကပြောကြားရာတွင် အဆိုပါမိန့်ခွန်းသည် နိုဘယ်ဆု ရှင် အနေဖြင့် စစ်တပ်နှင့် သူ့ပါတီ၏ နိုင်ငံရေးရည်မှန်းချက်များကြားတွင် ဆက်ဆံရေးကို ချိန်ခွင်လျှာညီအောင် လုပ်ဆောင်နေကြောင်း ပြသသည့်
လက္ခဏာတရပ်ဖြစ်ကြောင်းဆိုကြပါသည်။

ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်တွင်မိန့်ခွန်းပြောကြားရာ တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ဒီမိုကရေစီ
လမ်းကြောင်းပေါ်တွင်စတင်လျှောက်လှမ်းနေပြီဖြစ်သော်လည်း ယခုအထိ ရလဒ်များသည် ခိုင်မာသည့်အဆင့်တွင် မရှိသေးကြောင်း
ဆိုခဲ့ပါသည်။

“လူတိုင်းကကျွန်မကို မေးတဲ့ မေးခွန်းရှိတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီလုပ်ငန်းစဉ် နောက်ပြန်လှည့်နိုင်သလားဆိုတာပေါ့။ ကျွန်မ
ရိုးရိုးလေးပဲ ပြောပါမယ်။ စစ်တပ်က နောက်ပြန်လှည့်ဖို့ လက်ခံရင် ပြန်လှည့်သွားနိုင်တယ်”ဟုဆိုပါသည်။

မြန်မာနိုင်ငံမှခေါင်းဆောင်များသည် နိုင်ငံခြားမှ နိုင်ငံရေးသတင်းသမားများနှင့် နိုင်ငံခေါင်းဆောင်များ၏ချီးကျူးမှုကို ခံရပါသည်။

နိုင်ငံတကာက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုဒီမိုကရေစီ တံခါးဖွင့်မှု၏ လက္ခဏာအဖြစ် လက်ကမ်းကြိုဆိုခဲ့ကြပါသည်။


သို့သော်ဒေါ်အောင်ဆန်းစုကြည်၏ ယခုအပတ်မိန့်ခွန်းသည် သူနှင့်လည်းကောင်း၊ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် လည်းကောင်း၊ တိုင်းပြည်တွင် အာဏာအရှိဆုံးစစ်တပ်ကြား ရှုပ်ထွေးသော ဆက်ဆံရေးကို အလေးပေးဖော်ပြသကဲ့သို့ရှိပါသည်။

နိုင်ငံရေးသုံးသပ်သူများကပြောကြားရာတွင် စစ်တပ်ကရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြောင်းလဲလိုသော NLD ၏ ဆန္ဒသည်အတော် ညှိယူရမည့်ကိစ္စဖြစ်သည်ဟု ဆိုပါသည်။

အခြေခံဥပဒေတွင် လွှတ်တော်၌ စစ်တပ်က ၂၅ % နေရာယူထားပြီး
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် ခွင့်မပြုထားပေ။

ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှဦးအောင်သူငြိမ်းက ပြောကြားရာတွင် အတိုက်အခံသည် အလွန်ခက်ခဲသောနေရာတွင် ရှိကြောင်း၊ အဘယ်
ကြောင့်ဆိုသော် ၎င်းအပေါ် စစ်တပ်၏ ထောက်ခံမှုလိုအပ်နေသောကြောင့်ဟု ဆိုပါသည်။ “ဒေါ်အောင်ဆန်းစုကြည်အတွက်စစ်တပ်နဲ့ ဆက်ဆံရေးဟာ သိမ်မွေ့တဲ့အခြေအနေပါ။

စစ်တပ်ဟာ လွှတ်တော်မှာ ၂၅ % နေရာယူထားပြီးအခြေခံဥပဒေ
ပြုပြင်ပြောင်းလဲရေးအပေါ် သူတို့သြဇာကြီးပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြည်ထဲရေးလိုနယ်စပ်စည်ပင်လို ဝန်ကြီးဌာနတွေကို စစ်တပ်ကပဲ ထိန်းချုပ်ထားပါတယ်”ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD သည် လွှတ်တော်တွင်းသို့ ရောက် လာပြီးကတည်းက သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအပေါ် လုံလောက်သောစိန်ခေါ်မှု မလုပ်နိုင်ခဲ့ကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရးလှုပ်ရှားသူများက ဝေဖန်ကြပါသည်။

“ပြောင်းပြန်ဖြစ်သွားတယ်။သူနေအိမ်အကျယ်ချုပ်ကျတုန်းက အသံပိုကျယ်တယ်။ လွတ်လာပြီးတဲ့နောက် ငြိမ်သွားတယ်။ကျွန်တော်
တို့ကကိစ္စရပ်တွေ ဖော်ထုတ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ကိစ္စရပ်တွေ ဖော်ထုတ်လာရင် စစ်တပ်နဲ့ပဋိပက္ခရှိနိုင်ပေမယ့်
ပြောလာလိမ့်မယ် ထင်ထားတာ”ဟု ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဗဟိုမှတွဲဖက်ပါမောက္ခ Pavin Chachavalpongpun က ပြောပါသည်။

တိုင်းရင်းသားကိစ္စနှင့်ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များကိစ္စတွင် ထုတ်ဖော်ပြောကြားခြင်းမရှိမှုအတွက် ဒေါ်အောင်ဆန်းစုကြည် မှာဝေဖန်ခံခဲ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အသိုင်းအဝိုင်းများကို ကာကွယ်ပြောကြား ရန်နှင့်ဗုဒ္ဓ္ဓဘာသာဘုန်းကြီးများတိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုနေခြင်းများအတွက် ပြောကြားရန် ငြင်းဆန်ခဲ့ပါသည်။

ဂျပန်နိုင်ငံသို့တစ်ပတ်ကြာခရီးစဉ်အပြီး တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်ကတရားဥပဒေ
စိုးမိုးရေးကို ထူထောင်ခြင်းမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်ကြောင်းဆိုပါသည်။

“မြန်မာနိုင်ငံမှာနှစ်ပေါင်းငါးဆယ်လောက် တရားဥပဒေစိုးမိုးမှုမရှိခဲ့ပါဘူး။ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်လာ ပါတယ်။ အခုမှ ပြန်ထူထောင်ဖို့ ကြိုးစားနေရပါတယ်”ဟု၎င်း က ပြောကြားသည်။

နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မူဆလင်ကိစ္စပြောကြားပါက ၎င်းအားထောက်ခံ
သည့်မြန်မာအများစု ၏ တစိမ်းတရံစာအဖြစ် သတ်မှတ်ခြင်းကို ခံရနိုင်သည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုအများက ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု မျှော်လင့်နေပါသည်။

(17April 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Burma oppositionleader says Reforms depend on Military ကို ဘာသာပြန်ပါသည်)

Posted From Yangon Chronicle
 
Thit Htoo Lwin blog မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း ၊ အားကောင်းသောစစ်တပ် အပေါ်တွင်သာ မူတည် လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။

နိုင်ငံရေးသုံးသပ်သူများကပြောကြားရာတွင်အဆိုပါမိန့်ခွန်းသည် နိုဘယ်ဆုရှင်အနေဖြင့် စစ်တပ်နှင့် သူ့ပါတီ၏ နိုင်ငံရေးရည်မှန်းချက်များကြားတွင် ဆက်ဆံရေးကို ချိန်ခွင်လျှာညီအောင် လုပ်ဆောင်နေကြောင်း ပြသသည့်လက္ခဏာတရပ်ဖြစ်ကြောင်းဆိုကြပါသည်။

ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်တွင်မိန့်ခွန်းပြောကြားရာ တွင် ဒေါ်အောင်ဆန်း စုကြည် က မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်စတင်လျှောက်လှမ်းနေပြီဖြစ်သော်လည်း ယခုအထိ ရလဒ်များသည် ခိုင်မာသည့်အဆင့်တွင် မရှိသေးကြောင်းဆိုခဲ့ပါသည်။

“လူတိုင်းကကျွန်မကို မေးတဲ့ မေးခွန်းရှိတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ လုပ်ငန်းစဉ် နောက်ပြန် လှည့်နိုင် သလားဆိုတာပေါ့။ ကျွန်မရိုးရိုးလေးပဲ ပြောပါမယ်။ စစ်တပ်က နောက်ပြန်လှည့်ဖို့ လက်ခံရင် ပြန်လှည့် သွားနိုင်တယ်”ဟုဆိုပါသည်။

မြန်မာနိုင်ငံမှခေါင်းဆောင်များသည် နိုင်ငံခြားမှ နိုင်ငံရေးသတင်းသမားများနှင့် နိုင်ငံခေါင်းဆောင်များ၏ချီးကျူးမှုကို ခံရပါသည်။

နိုင်ငံတကာက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုဒီမိုကရေစီ တံခါးဖွင့်မှု၏ လက္ခဏာအဖြစ် လက်ကမ်းကြိုဆိုခဲ့ကြပါသည်။


သို့သော်ဒေါ်အောင်ဆန်းစုကြည်၏ ယခုအပတ်မိန့်ခွန်းသည် သူနှင့်လည်းကောင်း၊ သူ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် လည်းကောင်း၊ တိုင်းပြည်တွင် အာဏာအရှိဆုံးစစ်တပ်ကြား ရှုပ်ထွေးသော ဆက်ဆံရေးကို အလေးပေးဖော်ပြသကဲ့သို့ရှိပါသည်။

နိုင်ငံရေးသုံးသပ်သူများကပြောကြားရာတွင် စစ်တပ်ကရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေ ကို ပြောင်းလဲ လိုသော NLD ၏ ဆန္ဒသည်အတော် ညှိယူရမည့်ကိစ္စဖြစ်သည်ဟု ဆိုပါသည်။

အခြေခံဥပဒေတွင် လွှတ်တော်၌ စစ်တပ်က ၂၅ % နေရာယူထားပြီးဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် ခွင့်မပြုထားပေ။
ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှဦးအောင်သူငြိမ်းက ပြောကြားရာတွင် အတိုက်အခံသည် အလွန်ခက်ခဲသောနေရာတွင် ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းအပေါ် စစ်တပ်၏ ထောက်ခံမှုလိုအပ်နေသောကြောင့်ဟု ဆိုပါသည်။ “ဒေါ်အောင်ဆန်းစုကြည်အတွက်စစ်တပ်နဲ့ ဆက်ဆံရေးဟာ သိမ်မွေ့တဲ့အခြေအနေပါ။

စစ်တပ်ဟာ လွှတ်တော်မှာ ၂၅ % နေရာယူထားပြီးအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအပေါ် သူတို့သြဇာကြီး ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြည်ထဲရေးလိုနယ်စပ်စည်ပင်လို ဝန်ကြီးဌာနတွေကို စစ်တပ်ကပဲ ထိန်းချုပ်ထားပါတယ်”ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD သည် လွှတ်တော်တွင်းသို့ ရောက် လာပြီးကတည်းက သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအပေါ် လုံလောက်သောစိန်ခေါ်မှု မလုပ်နိုင်ခဲ့ကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရးလှုပ်ရှား သူများက ဝေဖန်ကြပါသည်။

“ပြောင်းပြန်ဖြစ်သွားတယ်။သူနေအိမ်အကျယ်ချုပ်ကျတုန်းက အသံပိုကျယ်တယ်။ လွတ်လာပြီး တဲ့နောက် ငြိမ်သွားတယ်။ကျွန်တော်တို့ကကိစ္စရပ်တွေ ဖော်ထုတ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ကိစ္စရပ်တွေ ဖော်ထုတ်လာရင် စစ်တပ်နဲ့ပဋိပက္ခရှိနိုင်ပေမယ့်ပြောလာလိမ့်မယ် ထင်ထားတာ”ဟု ကျိုတို တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဗဟိုမှတွဲဖက်ပါမောက္ခ Pavin Chachavalpongpun က ပြောပါသည်။

တိုင်းရင်းသားကိစ္စနှင့်ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များကိစ္စတွင် ထုတ်ဖော်ပြောကြားခြင်း မရှိမှု အတွက် ဒေါ်အောင်ဆန်းစုကြည် မှာဝေဖန်ခံခဲ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အသိုင်းအဝိုင်းများကို ကာကွယ်ပြောကြား ရန်နှင့်ဗုဒ္ဓ္ဓဘာသာ ဘုန်းကြီးများတိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုနေခြင်းများအတွက် ပြောကြားရန် ငြင်းဆန်ခဲ့ပါသည်။

ဂျပန်နိုင်ငံသို့တစ်ပတ်ကြာခရီးစဉ်အပြီး တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ရာ၌ ဒေါ်အောင်ဆန်း စုကြည်က တရားဥပဒေစိုးမိုးရေးကို ထူထောင်ခြင်းမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေ ဆဲဖြစ်ကြောင်းဆိုပါသည်။

“မြန်မာနိုင်ငံမှာနှစ်ပေါင်းငါးဆယ်လောက် တရားဥပဒေစိုးမိုးမှုမရှိခဲ့ပါဘူး။ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်လာပါတယ်။ အခုမှ ပြန်ထူထောင်ဖို့ ကြိုးစားနေရပါတယ်”ဟု၎င်း က ပြော ကြားသည်။

နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မူဆလင်ကိစ္စပြောကြားပါက ၎င်းအားထောက်ခံသည့်မြန်မာအများစု ၏ တစိမ်းတရံစာအဖြစ် သတ်မှတ်ခြင်းကို ခံရနိုင်သည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုအများက ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင် သည်ဟု မျှော်လင့်နေ ပါသည်။

(17April 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Burma oppositionleader says Reforms depend on Military ကို ဘာသာပြန်ပါသည်)

Posted From Yangon Chronicle

Thit Htoo Lwin blog

No comments:

Post a Comment