Thursday, April 18, 2013

သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှား ရန်ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်




မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေ သည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါသည်။

“ဟုတ်တယ်။ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် သတင်းထောက်တွေ အားလုံး အံ့အားသင့်သွားကြမယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် တကယ်ကို မဖြစ်ချင် ပါဘူးဆိုတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်ရှိတယ်ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ကသူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီးထားသော လက်ရှိအခြေခံဥပဒေကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။

“ကျွန်မသမ္မတမဖြစ်အောင် တားဆီးထားတဲ့အချက်တွေ အခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ အခြေခံဥပဒေဆိုတာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက် ကို နေရာ မရအောင် ဒါမှမဟုတ်နေရာမြဲအောင် ရေးဆွဲရတဲ့အရာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

“သဘောတူညီမှုကတဆင့်အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ မတူကွဲပြားတဲ့ အင်အားစုတွေ အကြား သဘောတူညီမှုကတဆင့် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်”ဟု သူမက ပြော ကြားသည်။

မူဆလင်နှင့်ဗုဒ္ဓဘာသာဝင်များအကြားတင်းမာမှုအရှိန်မြင့်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် စည်းလုံးမှု ရှိစေရန် အတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးသည် အရေးကြီးကြောင်း မြန်မာအတိုက် အခံခေါင်းဆောင် က ထုတ်ဖော် ပြောဆိုသည်။

“မြန်မာနိုင်ငံဟာတိုင်းရင်းသား လူမျိုးများစွာနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်ရေးရကတည်းက အပြည့်အဝ ငြိမ်းချမ်းတဲ့ အချိန်ဆိုတာလုံးဝ မရှိခဲ့ပါဘူး။

ကျွန်မတို့တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်မှု ရရှိဖို့ ပထမဆုံးလုပ်ရမှာကတော့ တရားဥပဒေ စိုးမိုးရေးထူထောင်တာပါပဲ။ လုံခြုံမှုမရှိဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုမရနိုင်ပါဘူး။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ချရ တယ်လို့ မခံစားရဘဲနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးဖလှယ်ပြီးအဖြေရှာဖို့ မဖြစ်နိုင်ပါ ဘူး” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိနစ်၄၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်စုကြည်က သူမ၏တွေ့ဆုံပွဲများသို့ ဂျပန်ရောက်မြန်မာ ရိုဟင်ဂျာများ တက်ရောက်ခွင့်မရဟု မီဒီယာများက ဖော်ပြနေသည့်ကိစ္စကို ထည့်သွင်းပြောဆိုခြင်းမပြုခဲ့ပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ဖိတ်ကြားမှုဖြင့် ဂျပန်သို့ အလည်အပတ်ရောက် ရှိနေသော ဒေါ်အောင်ဆန်း စုကြည်သည် သောကြာနေ့အထိတစ်ပတ်ကြာနေထိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

Posted From Yangon Chronicle
Photo From Tun Wai

Thit Htoo Lwin blog

4 comments:

  1. အာဏာရူးမကြီး။ ခင်ဗျားအဖေဆွဲခဲ့တဲ့ ၄၇ အခြေခံဥပဒေက ခင်ဗျားကို ရည်ရွယ်ခဲ့လို့ထင်တယ်။ အဲဒီတုန်းက ခင်ဗျား လူလိုတောင် ကောင်းကောင်းမသိသေးလောက်ဖူး။ အဲဒါကိုပဲ ၇၄ မှာပြန်ထည့်တယ်။ အဲဒါကိုပဲ ၂၀၀၈ မှာပြန်ထည့်တယ်။ နိုင်ငံအတွက် အရေးပါလို့ထည့်ကြတာပဲ။ ခင်ဗျားလိုဟာမကို သမ္မတပေးလိုက်ရင် ထင်ရာစိုင်း ၊ လုပ်ချင်ရာလုပ်တဲ့သူတိုင်းကို နိုင်ငံအကြီးအကဲပေးရတော့မှာလား။ ခင်ဗျားရဲ့ ၈၈ မတိုင်ခင်ဘ၀တွေကို ခင်ဗျားအသိဆုံးဖြစ်ပါတယ်။ ခင်ဗျားတို့သားအဖက သူရဲကောင်းကိုးကွယ်ချင်တဲ့ ကျုပ်တို့နိုင်ငံက လူတွေနဲ့တော့ အကိုက်သားလား။ အောင်ဆန်းကိုလည်း လွတ်လပ်ရေးရဲ့ဖခင်ဆိုပြီးဇွတ်ကြီးပြော၊ ဇွတ်ကြီးနေရာယူ။ ဖဆပလတို့၊ ဗမာ့ထွက်ရပ်ဂိုဏ်းတို့ နောက်ကွယ်က တကယ်လုပ်ခဲ့တဲ့အသင်းအဖွဲ့တွေ၊ လူကြီးတွေက ဘယ်ရောက်သွားလဲ။ တပ်မတော်ဖခင်ဆိုလို့ တစ်ခုမေးလိုက်ပါရစေ။ သိတဲ့သူဖြေပေးပါ။ အောင်ဆန်းဟာ ဘယ်တိုက်ပွဲတစ်ခုကို ဦးဆောင်တိုက်ခဲ့ဖူးပါသလဲလို့။ ဂျပန်တွေနဲ့အတူ BIA မြန်မာပြည်ကိုပြန်ဝင်လာတော့ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲဆိုတာ ပထမဆုံး နဖူးတွေ့ဒူးတွေ့တိုက်ပွဲကြီးပဲ။ အောင်ဆန်းခေါင်းဆောင်ပါရဲ့လား။ ရန်ကုန်မြို့သိမ်းတိုက်ပွဲဆိုတာ ကြောက်ခမန်းလိလိပဲ။ အောင်ဆန်းပါရဲ့လား။ ရွှေကျင်တိုက်ပွဲဆိုတာ အကြီးအကျယ်ပဲ။ အောင်ဆန်းပါရဲ့လား။ အခြေအနေကို မတွက်တတ်လို့ အဲဒီတုန်းက ဗိုလ်မှူးကြီးဗထူးဟာ အောင်ဆန်းကိုကျော်ခဲ့ရတာ မှတ်မိသေးရဲ့လား။ ပြောရရင်အများကြီး။ သူများသတ်လို့သေလို့သာ နာမည်ကောင်းကျန်ခဲ့တာ။ မသေလို့ကတော့ ခုလောက်ဆိုမြန်မာ့သမိုင်းမှာ အောင်ဆန်းဆိုတာ ဘု ဂလန့် ဂွ တစ်ယောက်အဖြစ်ပဲ ကျန်ရစ်ခဲ့မှာ။

    ReplyDelete
  2. ဂုဏ်ယူပါသည် လေဒီမာမာ
    ကမ္ဘာကြော်ကြား သြဇာများလျှက်
    ဆောင်ရွက်နိုင်ရာ များပါလျှက်လည်း
    အမိနိုင်ငံ ဖနိုင်ငံတွက်
    ငဲ့ကွက်သောငြား စွန့်သောအားဖြင့်
    နိုင်ငံတော်တွက် ပထမ အမျိုးသမီး
    သမ္မတကြီးဘ၀ ဤမျှအဖြစ်သာ
    နစ်နာခံ၍ ရွေးချယ်ခဲ့သည်၊
    မိခင် စိတ်ရင်း ပါတကား။
    ကမ္ဘာ့ခေါင်းဆောင် နေရာကို နောက်ထားပြီး၊
    အမိနိုင်ငံတော် အကြီးအကဲအဖြစ်ကိုပဲ
    အနစ်နာခံ ရွေးချယ်ခဲ့တာကို
    ကျေးဇူးတင်လျှက်ပါ အမေ။

    ReplyDelete
  3. မင်းတို့စစ်တပ်ကကောင် အုပ်ချုပ်တာ နှစ်၅၀သာကျော်သွားတယ် တိုင်းပြည်ဘာတိုးတက်လဲ အဆင်းရဲဆုံးနံပါတ်ပဲချိတ်တယ်
    သူ့ကိုပေးလုပ်ကြည့်လေ စောက်ဆင့်မရှိတဲ့တပ်ကကောင်တွေ

    ReplyDelete